မောင်တော ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ် သင်တန်းပေးပြီ

မောင်တော ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ် သင်တန်းပေးပြီ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ပိုင်း လူနည်းစုများ ဖြစ်ကြသည့် ရခိုင်၊ မြို၊ ဒိုင်းနက်၊ သက် စသည့် လူမျိုးများကို ပြည်သူ့ စစ်သင်တန်း  စတင်ပေးနေပြီ ဖြစ်ကြောင်း  သတင်း ရရှိသည်။

border-fence-in-burma
မိမိတို့၏ ကျေးရွာများကို မိမိတို့မှ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သက်ဆိုင်ရာမှ ဒေသခံ တိုင်းရင်းသား များကို  ပြည်သူ့စစ်သင်တန်းပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့စစ် သင်တန်းကို  မောင်တောမြို့နယ် မြောက်ပိုင်း နစက နယ်မြေ(၄) ကြိမ်ချောင်းတွင် ပြုလုပ်နေခြင်း ဖြစ်ပြီး ရွာပေါင်း ၃၀ က လူပေါင်း ၃၀၀ ခန့် ပါ၀င်သည်ဟု ပြောသည်။

ကြိမ်ချောင်းအနီး တည်ရှိသော နံ့သာတောင် ဆရာတော်က ပြည်သူ့စစ် သင်တန်းနှင့် ပတ်သက်ပြီး သူသိသ လောက်ကို ယခုလို နိရဥ္စရာသို့ မိန့်ကြားသည်။

“သင်တန်းက စက်တင်ဘာ ၈ရက်နေ့က စပါတယ်။ တရွာက ၁၀ယောက်ကျော် သွားပြီး ပြည်သူ့စစ် တက်နေ ကြပါတယ်။ နယ်မြေ(၄) နစက စခန်းမှာ သင်တန်းတက်နေတာ ဖြစ်ပါတယ်။  စုစုပေါင်းလူ ၃၀၀ရာကျော်ရှိမယ် ထင်ပါတယ်။ သင်တန်းကာ လတော့ အတိအကျ မသိသေးဘူး” ဟု ဆရာတော်က မိန့်ကြားသည်။

ပြည်သူ့ စစ်သင်တန်းကို နစက နှင့် စစ်တပ်မှ အရာရှိများက ပေးနေခြင်း ဖြစ်ပြီး သင်တန်းအခြေအနေ ကို ကျေးရွာသား တစ်ဦးက ယခုလို ဆက်ပြောပြသည်။

“မနက် ၉နာရီမှာ သင်တန်းစပါတယ်။ ထမင်းစားချိန် ၁နာရီ အနားယူရတယ်။ ပြီးရင်သင်တန်း ပြန်စပြီးတော့ ည နေ ၄နာရီမှ ပြီး ပါတယ်။ သင်တန်းပြီးရင် ကိုယ့်ရွာကို ပြန်ကြရတယ်။ ရွာလုံခြံုရေး ဆက်ယူကြရပါတယ်” ဟု သင်တန်းသွားတက်သူ ရွာသားတစ်ဦးက ပြောပြသည်။

သင်တန်း ပြုလုပ်နေသော နစကစခန်းနှင့် နံ့သာတောင်ရွာမှာ ၃မိုင်ခွဲခန့်သာ ဝေးသောကြောင့်  နံသာတောင်ကျေးရွာ သားများ အနေဖြင့်  ခြေလျှင် လျှောက်ပြီး သင်တန်းသွားတက်ကာ သင်တန်း အပြီး ညနေဘက်မှ အိမ်ပြန်ကြရပြီး အိမ်သို့ ညနေ ၆နာရီတွင် ပြန်ရောက်ကြသည်ဟု သူက ဆိုသည်။

ပြည်သူ့ စစ်သတင်တန်း ပြီးလျှင် အစိုးရမှ ရွာတစ်ရွာလျှင် ပျမ်းမျှ လက်နက် ၁၀ လက်စီ တပ်ဆင် ပေးမည်ဟု အထက်အရာရှိများ ပြောကြားချက်ကို ကိုးကားပြီး ရွာသားများက  ဆိုသည်။

မောင်တော တောင်ပိုင်းရှိ ကျေးရွာများမှာလည်း ပြည်သူ့စစ်သတင်တန်း ပေးနေပြီဖြစ်ကြောင်း မောရဝတီကျေး ရွာသား တဦးက နိရဥ္စရာသို့ ယခုလိုပြောသည်။

“ကျွန်တော်တို့ ရွာမှာတော့ ဒီလ ၁၇ရက်နေ့က စစ်ရေး သင်တန်း စပြပါတယ်။ တရွာက ၁၀ဦးစီတက်ရတယ်။ မနက် ရနာရီကနေ ၁၁ နာရီ၊ ၁နာရီခွဲကနေ ည ၄နာရီအထိ တက်ကြရပါတယ်။ သင်တန်းဆရာက ခလရ (၃၅၂)တပ်ရင်းက သင် တန်းမှူးတွေနဲ့ ရဲဘက်က သင်တန်းမှူးတွေ ပြနေပါတယ်။ သင်တန်းကာလတော့ တလ ဖြစ်ပါတယ်” ဟု ပြည် သူ့  စစ်သင််တန်း တက်နေသူ မောရဝတီကျေး ရွာသား တဦးကပြောသည်။

မောင်တော တောင်ပိုင်းရှိ တခြားလူနည်းစု ကျေးရွာများတွင်လည်း ပြည်သူ့စစ်သင်တန်း ပို့ချပေးနေသည်ဟု သူက ဆိုသည်။

Most read this week