ရတပ ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင် တောင်ကုတ်တွင် ပထမဆုံး အကြိမ် လူထု တွေ့ဆုံပွဲလုပ်

ရတပ ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင် တောင်ကုတ်တွင် ပထမဆုံး အကြိမ် လူထု တွေ့ဆုံပွဲလုပ်
by -
နိရဥ္စရာ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ) ဥက္ကဌ ဒေါက်အေးမောင်သည် ယနေ့တွင်  တောင်ကုတ်မြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံပြီး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ဒေါက်တာ အေးမောင် တောင်ကုတ် လူထု တွေ့ဆုံပွဲတွင် စကား ပြောကြားနေစဉ်။ ( ဓါတ်ပုံ- နိရဥ္စရာ)
တွေ့ဆုံဆွေးနွေးပွဲကို တောင်ကုတ်မြို့ ရပတပါတီရုံးတွင် နံနက် ၁၀  နာရီ ၄၅ မိနစ်မှာ စတင်ပြီး နေ့လည် ၁ နာရီခွဲထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။

“ အဓိကတော့ လွတ်တော်တွင်း လွှတ်တော်ပြင် နိုင်ငံရေး အခြေအနေတွေ၊ လက်ရှိ ပါတီရဲ့ အခြေအနေ၊ လက်ရှိ ရခိုင် ပဋိပက္ခ အပေါ်မှာ သုံးသပ်ချက်နဲ့  ပြည်ပ နိုင်ငံရေး အခြေအနေတွေကို သုံးသပ်  တင်ပြ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်” ဟု တောင်ကုတ်ကနေ သံတွဲသို့ အသွား ကားလမ်းပေါ်တွင် ရောက်နေသော ဒေါက်တာ အေးမောင်က နိရဥ္စရာသို့ ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ဖိတ်ကြားထားသော မြို့မိ မြို့ဖများ၊ လူထု လူတန်းစားအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များနှင့် ပါတီဝင်များ အပါအဝင် လူပေါင်း ရ၀ ကျော်တက်ရောက်ခဲ့သည်ဟု သိရသည်။

“ ကျွန်တော်နဲ့ အတူ ပါတီက စီအီးစီ ဦးအောင်ကျော်ဇံလည်း ပါ၀င်ပါတယ်။ သူလည်း ဆွေးနွေးပါတယ်။  ဆွေးနွေးပွဲမှာ အဓိက အခုနက ပြောခဲ့တဲ့ အချက်တွေကို ဆွေးနွေးတာပါ။ တက်ရောက်လာတဲ့ လူတွေက လည်း မေးကြပါတယ်။ မေးခွန်းတွေကိုလည်း ဖြေဆိုခဲ့ရပါတယ်” ဟု ဥက္ကဌ ဒေါက်တာ အေးမောင်က ဆိုသည်။

ယခုအခါ ဒေါက်တာ အေးမောင်နှင့် အဖွဲ့သည် သံတွဲမြို့သို့ သွားရောက်နေပြီး သံတွဲတွင်လည်း ဒေသခံများနှင့် တွေ့ဆုံသွားမည်ဟု သိရသည်။

၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ ၃၄ နေရာထိ အနိုင်ရရှိခဲ့သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ  ဥက္ကဌ ဒေါက်တာ အေးမောင်၏ တောင်ကုတ်၊ သံတွဲ  ခရီးစဉ်သည် ပထမဆုံး ဖြစ်ကြောင်း သိရသည်။

Most read this week