ကချင်ပြည်နယ်အတွက် ဥပဒေသစ်နှစ်ရပ် အတည်ပြု

ကချင်ပြည်နယ်အတွက် ဥပဒေသစ်နှစ်ရပ် အတည်ပြု
by -
ကချင်သတင်းဌာန

စက်တင်ဘာလ (၂၆) ရက်နေ့ ကျင်းပသည့် ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဥပဒေနှစ်ရပ် အတည်ပြုလိုက်ပြီး မကြာခင် ဥပဒေသစ် ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်း သိရသည်။

kachin-state-government-office

အဆိုပါဥပဒေသစ် နှစ်ရပ်သည် ကျောက်သွေးကျောက်ဖြတ် ဥပဒေကြမ်း၊ မော်တော်ယာဉ် စနစ်တကျပြေး ဆွဲရေး ဥပဒေကြမ်းဖြစ်ပြီး ပြည်နယ်လွှတ်တော်မှ အတည်ပြုလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ မနေ့က ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်တာပါ။ ဥပဒေ သစ်တော့ ထွက်လာတော့မယ်။” ဟု ပြည်နယ်လွှတ်တော် ပူးပေါင်းရေးကော်မတီ အတွင်းရေးမှူး ဦးထောလွမ်းက ပြောသည်။

ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ကျောက်သွေးကျောက်ဖြတ် ဥပဒေကြမ်း၊ ကျေးရွာ ထင်းစိုက်ခင်းရေး ဥပဒေကြမ်း၊ ပုဂ္ဂလိကမော်တော်ယာဉ် စနစ်တကျပြေးဆွဲရေး ဥပဒေကြမ်း၊ မီးဘေးအန္တရာယ်ကာကွယ်ရေး ဥပဒေကြမ်း တို့ကို စက်တင်ဘာလ (၁၈) ရက်- (၁၉)ရက် နေ့ လွှတ်တော်များနှင့် အစိုးရက တင်ပြပြီး လွှတ်တော် ဥက္ကဋ္ဌက အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဥက္ကဋ္ဌမှ အတည်ပြုကာ ဥပေဒေ ရေးဆွဲဌာနသို့ လွှဲအပ်ကာ ဥပဒေပြင်ဆင်ရေးဆွဲပြီး ဖြစ်သည်။ နောက်ထပ် ဥပဒေမူကြမ်း နှစ်ရပ်ကိုလည်း ဆွေးနွေးနေဆဲဖြစ်သည်။

မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်က ကချင်ပြည်နယ်  မြစ်ကြီးနားမြို့ ကျောက် မျက်ရတနာ လုပ်ငန်းရှင်အသင်းအား အသင်းဝင် လက်မှတ်နှင့် အသင်းဝင်ကဒ်ကို ၁၁၁ ဦးအားချပေးခဲ့ သော်လည်း လုပ်ကိုင်ခွင့်လိုင်စင်မရသေးပေ။

ကျောက်ဖြတ် ကျောက်သွေး ဥပဒေ ထွက်လာပြီးနောက်ပိုင်း အသင်းဝင်များအနေဖြင့်လည်း သတ္တုတွင်း ၀န်ကြီးဌာန ကျောက်စိမ်းတူဖော်ရေးလုပ်ငန်းရုံးက လိုင်စင်ထုတ်ပေးမည်ဟု မျှော်လင့်နေကြသည်။

Most read this week