KIO ဗဟိုဌာနချုပ် လိုင်ဇာအနီး မိုင်းပေါက်ကွဲမှုတွင် အစိုးရစစ်သား ၄ ဦး ကျ

KIO ဗဟိုဌာနချုပ် လိုင်ဇာအနီး မိုင်းပေါက်ကွဲမှုတွင် အစိုးရစစ်သား ၄ ဦး ကျ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန် သွားလမ်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဌာနချုပ် တပ်မဟာ (၅) နယ်မြေ တိန်လုံ (Ting Lung) တွင်တပ်ချထားသော မြန်အစိုးရတပ်သည် လုံဂျာကောင် (Lung Ja Kawng) တွင် လှုပ်ရှားနေစဉ် ယနေ့ နံနက် ၁၀ နာရီချိန်တွင် KIA ထောင်ထားသောမိုင်းပေါက်ကွဲ၍ အစိုးရတပ်မှ ၄ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

kachin-army-27012_600_400
ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန် သွားလမ်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဌာနချုပ် တပ်မဟာ (၅) နယ်မြေ တိန်လုံ (Ting Lung) တွင်တပ်ချထားသော မြန်အစိုးရတပ်သည် လုံဂျာကောင် (Lung Ja Kawng) တွင် လှုပ်ရှားနေစဉ် ယနေ့ နံနက် ၁၀ နာရီချိန်တွင် KIA ထောင်ထားသောမိုင်းပေါက်ကွဲ၍ အစိုးရတပ်မှ ၄ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

နှစ်ဖက်တပ်များလှုပ်ရှားနယ်မြေ လုံဂျာကောင် (Lung Ja Kawng) တွင် အင်အား ၂၀ ကျော်ရှိသည့် မြန်မာအစိုးရခြေလျင်တပ် ခလရ (၁၄၂) သည် ၎င်းတို့နေရာယူထားသည့် တိန်လုံ (Ting Lung) စခန်းတို့ပြန်လာချိန် KIA တပ်ရင်း (၂၄)  ထောင်းထားသည့် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း ရှေ့တန်းမှ KIA  အရာရှိတဦး KNG ကချင်သတင်းဌာနသို့ အတည်ပြုပြောဆိုလာသည်။

“သူတို့လာမယ်ဆိုတာ အတိအကျရလို့ Remote မိုင်း ၄ လုံးထောင်းထားပြီး အသင့်စောင့်နေတာ။ ခုဖြစ်တဲ့ နေရာတွေမှာ ကျနော်တို့ဘက်က လူအများကြီးရှိတယ်။ ပြည်သူလူထုလည်း KIO ဆိုတော့ အစိုးရတပ်ဖက်က နည်းနည်း လှုပ်ရှားလာပြီဆိုရင် ကျနော်တို့သိတယ်။” ဟုပြောသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်နေသောကြောင့် ယနေ့နံနက် တင်းမာမှုတွင် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း အရာရှိဆိုသည်။

အစိုးရတပ်မှ ထိခိုက်ဒဏ်ရာ ရသူရှိသော်လည်း အတိအကျမသိပေ။

လုံဂျာကောင် (Lung Ja Kawng) မှ တိန်လုံ (Ting Lung) သည် ၃ မိုင်အကွာတွင် ရှိပြီး မြန်အစိုးရတပ် တပ်ချထားသည့် တိန်လုံ (Ting Lung) စခန်းတွင် စစ်အင်အား ရ၀ ကျော်ရှိကြောင်း သိရသည်။

ယခုအချိန် ဌာနချုပ်နယ်မြေ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ(၅) နယ်မြေအတွင်း မြန်မာအစိုးရတပ် ခမရ (၃၈၇၊ ၃၂၀၊ ၄၃၈၊ ၆၀၁) တပ်ပေါင်းစုများသည် နေ့စဉ် အင်အား ၂၀၀ ဝန်းကျင်လှုပ်ရှားနေကြောင်း သိရသည်။

အဆိုပါနယ်မြေအတွင်း အစိုးရတပ်နှင့် KIA တပ်ဖွဲ့များသည် လတ်တလောကာလအတွင်း နေ့စဉ်တိုက်ပွဲများပြင်း ထန်နေပြီး အစိုးရတပ်ဖက်မှ အထိနာနေကြောင်းလည်း သိရသည်။

သို့သော်လတ်တလောတိုက်ပွဲအတွင်း ခံစစ်ဖြစ်သော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIO ဖက်မှ ကျဆုံးထိခိုက် မှုနည်းကြောင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေသော မြန်မာအစိုးရတပ်ဖက်မှ ကျဆုံးမှုများနေကြောင်းပြောဆိုနေ ပေမယ့် နှစ်ဖက်သက်ဆိုင်ရာတပ်များမှ အတိအကျအတည်ပြု ပြောဆိုခြင်းကို မရရှိသေးပေ။

တိုက်ပွဲများဖြစ်ပွားနေချိန်အတွင်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ခေါင်းဆောင်များနှင့်ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးမှုဆက်လက်ပြုလုပ်ရန်ကိစ္စ ညှိနှိုင်းမှုအခြေအနေများလည်း အေးခဲနေသည်။

Most read this week