ဒေါ့ဖုန်းယန်အနီး အစိုးရတပ်များ ဖြတ်သန်း သွားလာသော ဒေသခံများကို ဖမ်းဆီးနှိပ်စက်

ဒေါ့ဖုန်းယန်အနီး အစိုးရတပ်များ ဖြတ်သန်း သွားလာသော ဒေသခံများကို ဖမ်းဆီးနှိပ်စက်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန် သွားလမ်းတွင် လတ်တလော အစိုးရတပ်များနှင့် ကချင်လွတ် မြောက်ရေးတပ်ဖွဲ့ (KIA) ကြားတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် အစိုးရတပ်များသည် ဖြတ်သန်းသွားလာသော ပြည်သူလူထုများကို ဖမ်းဆီးနှိပ်စက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။

burma-army-2612
ဒေါ့ဖုန်းယန်မှ ၄ မိုင်အကွာရှိ ဖာဂီ (Hpagyi) နှင့် နမ့်ဝိုင်း (Namwai) ကြား စက်တင်ဘာ၂၄ ရက် မနက်က မြန်မာအစိုးရတပ် ခြေလျင်တပ်ရင်း ခလရ (၁၄၂) နှင့် KIA တပ်မဟာ (၅)လက်အောက်ခံ တပ်ရင်း (၂၄) တို့ တိုက်ပွဲဖြစ်ပွားခဲ့စဉ် မြေမြုပ်မှိုင်းကြောင့် အစိုးရတပ်ဖက်မှ ၃ ဦးကျဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း KIA အရာရှိများ ပြောသည်။

မြေမြုပ်မှိုင်းပေါက်ကွဲပြီး ၁ နာရီကျော် ခန့်တွင် ထိုလမ်းမှဖြတ်လာသော ပြည်သူများကို စစ်ဆေးပြီး အမျိုးသမီး များနှင့် ရှမ်းအမျိုးသားများကို လွတ်ပေးခဲ့သော်လည်း ကချင်အမျိုးသားများကိုမူ ဖမ်းဆီးနေကြောင်းသိရ သည်။

မြန်မာအစိုးရတပ် ခလရ (၁၄၂)၏ ဖမ်းဆီးနှိပ်စက်ခံထားရသော ဒေသခံများအမျိုးသားများသည် ဒေါ့ဖုန်း ယန်မှ မောင်ဖောန်လန် နော်ဂျာ (Hpau Lang Naw Ja)၊ မောင် မာဂရောင်လ (Ma Grawng La)၊ မနမ် လဂျာ(Manam La Ja)၊ ဗန်းမော်မှ မနမ်ဆိုင်းအောင် (Manam Seng Awng) တို့ ၄ ဦးဖြစ်ပြီး  အမျိုးမျိုးနှိက်စက်ခဲ့ ပြီးမှ ပြန်လွှတ်ပေးလိုက်ကြောင်းသိရသည်။

အဆိုပါ ၄ ဦးကို အစိုးရတပ်များမှ ကြိုးတုတ်ပြီး ၎င်းတို့၏ တပ်သို့ခေါ်သွားကာ စစ်ဆေးမေးမြန်းနှိပ်စက်၍ ကြိုးတုတ်ထားသည့် လက်များကို အတင်းဆွဲ၊ မျက်နှာများနှင့် တကိုယ်လုံးထိုးနှက်နှိပ်စက်ခဲ့ပြီးနောက် ယနေ့နံနက် ရ နာရီခွဲချိန်တွင် တကိုယ်လုံးရောင်ကိုင်းပြီးမှ ပြန်လွတ်လာခဲ့ကြောင်း လိုင်ဇာမှ အရာရှိတဦး ဆိုသည်။

“လမ်းမှာစောင့်နေပြီး ဖြတ်လာတွေကိုု စစ်ဆေးမေးမြန်းတယ်တဲ့။ အဲဒီလူတွေက ကချင်နာမည်ဖြစ်နေတော့ တခါတည်း လက်မှာကြိုးတုတ်ဖမ်းလိုက်တာတဲ့။”

၎င်းတို့ကို မှိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအနီးရှိ လယ်ယာများကို သွားရောက်ကြည့်ရှုစဉ် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

Most read this week