ရသေ့တောင် ရခိုင်ဒေသ လူထု အစည်းအဝေးမှ ဆုံးဖြတ်ချက် ၁၈ ခု၊ ကန့်ကွက်ချက် ၆ ခုနှင့် အဆိုပြုချက် ၃ ခု ချမှတ်

ရသေ့တောင် ရခိုင်ဒေသ လူထု အစည်းအဝေးမှ ဆုံးဖြတ်ချက် ၁၈ ခု၊ ကန့်ကွက်ချက် ၆ ခုနှင့် အဆိုပြုချက် ၃ ခု ချမှတ်
by -
နိရဥ္စရာ

စက်တင်္ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ထိ ၂ ရက်တိုင်တိုင်  ကျင်းပပြုလုပ်ခဲ့သော ရခိုင်ဒေသ လူထု အစည်းအဝေးမှ နိုင်ငံတော် အစိုးရသို့ တင်ပြမည့်  ဆုံးဖြတ်ချက်၊ ကန့်ကွက်ချက်နှင့် အဆိုပြုချက်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။

IMG_20120925_075239-1
(၂၅/၂၆-၉-၂၀၁၂) နေ့များတွင် ရခ်ိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် ကျင်းပသောရခိုင်ဒေသလူထုအစည်း အဝေး က နိုင်ငံတော် အစိုးရသို့ တင်ပြတောင်းဆိုချက်များ

၁။ မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်နယ်စပ်ဒေသနှင့် တရားမဝင်ခိုးဝင်သူ များရှိနေပါ၍ပင်လယ်ပြင်နှင့် နယ်စပ်အား လုံခြံုရေးကို အခိုင်အမာတည်ဆောက်ပေးပါရန်။
၂။ ရခိုင်ပြည်နယ်တွင် နည်းပါးနေသည့်ရခိုင်လူဦးရေကို ပြန်လည်ဖြည့်တင်းနိုင်ရန် ရခိုင်ဒေသတွင် စီးပွါးရေးဇုံများကို  ရခိုင်တိုင်းရင်းသားများက ဦးဆောင်အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်မှအပြည့်အဝ ကူညီပေးရန်။
၃။ ရခိုင်ပြည်နယ်မှ ထွက်ရှိသော သယံဇာတများအား ဒေသခံပြည်သူများသို့ ရသင့်ရထိုက်သော အခွင့်အရေးများ  ကို နိုင်ငံတကာ၏ စံချိန်စံနှုန်းများအတိုင်း ပြည်ထောင်စုအစိုးရမှ ခံစားခွင့်ပေးပါရန်။
၄။ မြန်မာနိုင်ငံရှိ ဘင်္ဂလီများ၏ လူဦးရေပေါက်ပွားနှုန်းကို ထိန်းချုပ်နိုင်သည့် ဥပဒေတစ်ရပ် ပြဌာန်းပေးပါရန်။
၅။ နိုင်ငံသားမဟုတ်သူများ၏ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများပိုင်ဆိုင်မှုကို ဥပဒေအရကန့်သတ်ပေးပါရန်။
၆။ တိုင်းရင်းသားကျေးရွာတိုင်းတွင် ပြည်သူ့စစ်များဖွဲ့စည်းပြီး ခေတ်မီလက်နက်များတပ်ဆင်ပေးပါရန်။
၇။ ၁၉၈၂-ခုနှစ်၊ နိုင်ငံသားဖြစ်မှု ဥပဒေအတိုင်း တိကျစွာအကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန်။
၈။ UN နှင့် INGOs အဖွဲ့အစည်းများ၏ ဆော င်ရွက်ချက်များကို သက်ဆိုင်ရာအစိုးရမှ အနီးကပ်ကြီးကြပ်
ဆောင်ရွက်ပေးပါရန်။
၉။ မြန်မာနိုင်ငံအတွင်းရှိ အစွန်းရောက် အစ္စလမ်များ၏ အရင်းအမြစ်များကို ရှာဖွေဖော်ထုတ်၍  တိတိကျကျ အရေးယူ ဆောင်ရွက်ပေးပါရန်။
၁၀။၁၉၄၂-ခုနှစ်၊ ကုလား-ရခိုင်အဓိကရုဏ်းနှင့် ၁၉၄၈နောက်ပိုင်း မူဂျာဟစ်ရန်ကြောင့် ထွက်ပြေး တိန်းရှောင် ခဲ့ကြရသည့်  ရခိုင်ဒုက္ခသည်များ၏ ပိုင်ဆိုင် ခဲ့သော လယ်ယာ၊ ဥယျာဉ်၊ခြံမြေများကို ယင်းတို့၏ မျိုးဆက်များအား ပြန်လည်ပေး အပ်၍ ရပ်ရွာတည်ထောင် နေရာချ ထားပေးပါရန်။ ဤသို့နေရာချထားမှုကို ကုလားနှင့် ရခိုင်လူဦးရေ အချိုး  အစားညီမျှ သည့်အဆင့်အထိ ထိန်းညှိ ပေးရန်။
၁၁။ ရခိုင်ပြည်နယ်အတွင်း အများပြည်သူသွားလာနေကြသော အဓိကဆက်သွယ်ရေး လမ်းကြောင်းများရှိ ဘင်္ဂလီ ကျေးရွာ/ရပ်ကွက်များနှင့် စစ်တွေ တက္ကသိုလ်တွင် ကျောင်းသား/သူများ လုံခြံုအေးချမ်းစွာ ပညာသင်ကြား နိုင်ရန် တက္ကသိုလ် အနီးတစ်ဝိုက်ရှိ ဘင်္ဂလီကျေးရွာများအား ဖယ်ရှားပေးရန်။
၁၂။ ဒေသခံပြည်သူများအတွက် စိုင်းဒင်ရေတံခွန်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အမြန်ဆုံးအကောင်အထည်  ဖော် ဆောင်ရွက်ပေးပါရန်။
၁၃။ နယ်စပ်ဒေသများရှိ အစိုးရဝန်ထမ်းအားလုံး၏ လုံခြံုရေးကို အပြည့်အဝတာဝန်ယူပေးပါရန်။
၁၄။ မဒရ်ဆာ(Madressar) စာသင်ကျောင်းများ၏ သင်ရိုးညွန်းတမ်းများအား သက်ဆိုင်ရာဌာနများမှ စိစစ်ခွင့်ပြုပြီး  ၄င်းအတိုင်း သင်ကြားမှုရှိ/မရှိ အချိန်ပြည့်စောင့်ကြပ်စီစစ်မှု ပြုလုပ်ပေးပါရန်။
၁၅။ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီးမှ ( ၁၁ – ရ -၂၀၁၂ ) နေ့တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီးအား ပြောကြားခဲ့သည့် ဘင်္ဂလီနှင့်ပတ်သက်သော စကားရပ်များကို ရခိုင်ပြည်သူ၊ ရဟန်းရှင်လူ
တစ်ရပ်လုံးမှ အလေးအနက်မှတ်တမ်းတင် ထောက်ခံပြီး ၄င်းစကား အရပ်ရပ်အတိုင်း ဆက်လက်အကောင်
အထည်ဖော်ဆောင်ရွက်ပေးပါရန် အလေးအနက် တောင်းဆို အပ်ပါသည်။
၁၆။ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများမှ သိမ်းယူထားသော လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်  ခြံမြေ၊ ချောင်းမြောင်းအင်းအိုင်များကို သက်ဆိုင်သူ ပြည်သူများထံသို့ ပြန်လည်ပေးအပ်ရန်။
၁၇။ အများပြည်သူ မှီခိုအားထား အသက်မွေးဝမ်းကျောင်းပြုနေရသော မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်များကို
လေလံကွက်များ အဖြစ် ဖန်တီး၍ လေလံတင်ရောင်းချခြင်းကို ရပ်ဆိုင်းပေးရန်။
၁၈။ ရခိုင်ပြည်နယ်အတွင်း မြို့ချင်းဆက် ၊ ရွာချင်းဆက် ရထားလမ်း၊ ကားလမ်းများကို မြန်မြန်ဆန်ဆန်ပြီးစီးအောင်  ဆောင်ရွက်ပေးပါရန်။
(၂၅/၂၆-၉-၂၀၁၂) နေ့များတွင် ရခ်ိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် ကျင်းပသော ရခိုင်ဒေသလူထုအစည်းအဝေး က ကန့်ကွက်ချက်များ
၁။ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခအခြေအနေများအရသော်လည်းကောင်း၊ ဘင်္ဂလီများ၏ အတွင်းစိတ်သန္တာန်
မမှန်ကန်မှုအရသော်လည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ယဉ်ကျေးမှုနှင့် ကျေးဇူးသစ္စာကို
မစောင့်သိ မရိုသေ၍သော်လည်းကောင်း ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီများ
အတူယှဉ်တွဲ နေထိုင်ရန် မဖြစ်နိုင်ပါသောကြောင့် ရခိုင်၊ ဘင်္ဂလီ အတူယှဉ်တွဲနေထိုင်ရေးကို လုံးဝ ကန့်
ကွက်သည်။

၂။ မြန်မာပြည်၏ ပြည်တွင်းရေးတွင် O.I.C ၏ နိုင်ငံရေးအရ မတရားဝင်ရောက်စွက်ဖက်မှုကို လုံးဝ ဆန့်
ကျင် ကန့်ကွက်သည်။၄င်းအပြင် ရခိုင်ပြည်နယ်ရှိ မည်သည့်နေရာတွင်မဆို O.I.C ရုံးစိုက်ခြင်းကိုလည်း
လုံးဝကန့်ကွက်သည်။
၃။ သာဘဝပတ်ဝန်းကျင်နှင့် ဒေသခံရခိုင်တိုင်းရင်းသားများ၏ လူမှုစီးပွါးရေးကို ထိခိုက်ပျက်စီးစေနိုင်သော
“လေးမြို့’’ ရေအားလျှပ်စစ်ဓာတ်အားစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို လုံးဝကန့်
ကွက်သည်။
၄။ မြန်မာနိုင်ငံတွင် လုံးဝမရှိသော လူမျိုးဖြစ်သည့် “ရိုဟင်ဂျာ” ဟူသောဝေါဟာရကို ပြည်တွင်း/ပ
မီဒီယာများက သုံးစွဲနေမှုအပေါ် ရခိုင်ပြည်သူ၊ ရဟန်းရှင်လူ တစ်ရပ်လုံးက လုံးဝကန့်ကွက်သည်။
၅။ နိုင်ငံသားစီစစ်ရေးကဒ်ကို မသမာသောနည်းဖြင့်ရယူ၍ လွတ်တော်အရပ်ရပ်တွင် တက်ရောက်နေကြ
သည့် ဘင်္ဂလီကိုယ်စားလှယ်(အမတ်)များကို ရခိုင်ပြည်နယ် လူထုတစ်ရပ်လုံးမှ လုံးဝကန့်ကွက် သည်။
၆။ ရခိုင်တစ်မျိုးသားလုံး၏ အထွဋ်အမြတ်ထားသော ဘာသာရေး၊ယဉ်ကျေးမှုဆိုင်ရာသင်္ကေတ၊ လက္ခဏာ
အမှတ်အသားများအား ဘင်္ဂလီလူမျိုးခြားများက ပုံတူကူးယူအသုံးပြုခြင်းကို ပြင်းပြင်း ထန်ထန် ကန့်
ကွက်သည်။

သို့
ဥက္ကဌ
ရခိုင်ဒေသလူထုအစည်းအဝေးကျင်းပရေးကော်မတီ
ရသေ့တောင်မြို့
ရက်စွဲ။ ၁၆၊ ၉၊၂၀၁၂
အကြောင်းအရာ။ လူထုအစည်းအဝေးကြီး၏ တောင်းဆိုချက်/ကန့်ကွက်ချက်/မှတ်တမ်းတင်ရန်
အချက်များကို တင်ပြခြင်း
ရည် ညွန်းချက် ။ အစည်းအဝေးကျင်းပရေးကော်မတီ၏ (၂၄-၉-၂၀၁၂) ရက်စွဲပါတာဝန်ပေးအပ်ချက်
၁။ အထက်ပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ဒေသလူထုအစည်းအဝေးကြီးမှ တောင်းဆိုချက်/ကန့်ကွက် ချက်/ အကြံပြုချက်များကို တက်ရောက်ဆွေးနွေးတင်ပြကြသော ကို်ယ်စားလှယ်တော်ကြီးများ၏ ဆန္ဒသဘောထား အပေါ်မူတည်၍ တခဲနက်ဆုံးဖြတ်အတည်ပြုနိုင်ရေးအတွက် ပြင်ဆင်စုစည်းသတ်မှတ် ပေးရန် အဖွဲ့ဝင်(၉)ဦး ပါ၀င်သော ပြုစုရေးကော်မတီကို တာဝန်ပေးအပ်ခဲ့ပါသည်။
၂။ ဤအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ တက်ရောက်လာကြသော ကိုယ်စားလှယ်များ နှင့် ပြည်တွင်း/ပမှ အကြံပြုတင်ပြချက်များကို စီစစ်ခွဲခြမ်းစိပ်ဖြာ၍ ဤလူထုအစည်းအဝေးကြီးမှ တောင်းဆို ချက် ၊ ကန့်ကွက်ချက် ၊ အကြံပြုချက်များကို ပြုစုခဲ့ပြီးဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ ရခိုင်ဒေသလူထုအစည်းအဝေးကြီးမှ တခဲနက်ထောက်ခံ အတည်ပြုချက်ရယူနိုင်ရန် ပူးတွဲတင့်ပြအပ်ပါသည်။

( အရှင်ကုသလ )
အဖွဲ့ခေါင်းဆောင်
(၉)ဦးကော်မတီ

အကြံပြုတိုက်တွန်းချက်

၁။ ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများဖြစ်သော
(က) RNDP (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ)
(ခ) ALD ( ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)
(ဂ) ALP (ရခိုင်ပြည် လွတ်မြောက်ရေးပါတီ)
(ဃ) USDP (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)
(င)တစည (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တို့မှလည်း ရခိုင်ဒေသလူထုအစည်း အဝေးမှ နိုင်ငံတော်သို့ တင်ပြတောင်းဆိုချက်များ / ကန့်ကွက်ချက်များ/ အကြံပြုချက်များကို အင်တိုက် အားတိုက် ထောက်ခံကူညီပေးပါရန် အကြံပြုတိုက်တွန်းအပ်ပါသည်။
၂။ ရခိုင်လူမျိုးအတွက် ရခိုင်အကျိုးအတွက် ကိုယ်စားပြုပါတီများသည် အကွဲကွဲအပြားပြားမဆောင် ရွက်ကြဘဲ ပူးပေါင်းဆောင်ရွက်ကြရန် ရခိုင်ဒေသလူထုအစည်းအဝေးမှ အလေးအနက်အကြံပြုတိုက်တွန်း အပ်ပါသည်။
၃။ ရခိုင်ပြည်နယ်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့ အစည်းများ၊ အသင်းအဖွဲ့များနှင့် ပြည်ပတွင်ရောက်ရှိနေကြသည့် ရခိုင်လူမျိုးအသင်းအဖွဲ့ အစည်း တို့သည် ကွန်ယက်သဖွယ် အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ကြပါရန် ဤရခိုင်ဒေသလူထုအစည်းအဝေး ကြီးမှ အလေးအနက်ထား၍ တိုက်တွန်းအကြံပြုအပ်ပါသည်။

မှတ်တမ်းတင်ခြင်း
IMG_20120925_130151-1
ဤရခိုင်ဒေသလူထုအစည်းအဝေးကြီးသို့ အဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်များမှ ပေးပို့သည့် အောက်ဖော် ပြပါ စာတမ်းများကို မှတ်တမ်းတင်ပါကြောင်း ဖော်ပြအပ်ပါသည်။
(၁) ရခိုင်အမျိုးသမီးသားအစည်းအရုံးမှ ပေးပို့သောသဝင်လွှာ
(၂) ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ တင်သွင်းသည့်သဝင်လွှာ
(၃) ခိုင်အောင်ကျော် (နယူးယောက်)မှ တင်သွင်းသည့် “ရခိုင်အနာဂတ်စီမံကိန်းများနှင့် ကာကွယ်ရေး ဆောင်ရွက် ချက်များကို ဆန်းစစ်ကြည့်ခြင်း”စာတမ်း
(၄) ရန်ကုန်မြို့ရှိ ရခိုင်တိုင်းရင်းသားများ၏ သဘောထားစာတမ်း
(၅) ကျောက်နီမော်ဒေသနေ ရခိုင်တိုင်းရင်းသားများမှ တင်သွင်းသည့်စာတမ်း
အထူးအနေဖြင့် အင်ဒိုနိးရှားနိုင်ငံ အထက်လွှတ်တော်ဥက္ကဌ ( အာဆီယံအမတ်များညီလာ A.I.P.A ဥက္ကဌ Dr MARZUKI ALIE ABDUL MADJID) အား (1st August 2012) နေ့တွင် မြန်မာနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်အား ပြန်ကြားလွှာတွင်ပါရှိသော “ ရိုဟင်ဂျာ ဆိုသူများသည် ဤနိုင်ငံတွင်မရှိပါ။ ၄င်းအပြင် ရိုဟင်ဂျာ လူမျိုးသည် မြန်မာလူမျိုးပေါင်းစုံ စာရင်းတွင်လည်း ပါ၀င်ခြင်းမရှိပါ။ ——- The so called Rohingyas does not exit in this country and that race does not even exit in the race of Myanmar.) စာပိုဒ်အား ရခိုင်ပြည်သူ ရဟန်း၊ရှင်လူ တစ်ရပ်လုံးမှ အသိအမှတ်ပြု မှတ်တမ်းတင်ပါသည်။
၄င်းအပြင် အရှင်ဝီရသူ( အရှင်ဝိစိတ္တဘိ၀ံသ၊ မစိုးရိမ်ကျောင်းတိုက် ၊ မန္တလေးမြို့) ၏ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ထုတ်ပြန်သည့် စာတမ်းကိုလည်း ရခိုင်လူထုအစည်းအဝေးမှ မှတ်တမ်းတင်အပ်ပါသည်။
အချက်အလက်များပြုစုရေး (၉)ဦးကော်မတီမှ ရခိုင်ဒေသလူထုအစည်းအဝေးသို့ တက်ရောက်လာကြသော ရခိုင်ပြည်နယ်ရှိ မြို့နယ်များနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှ တက်ရောက်လာကြသော ကိုယ်စားလှယ်များသို့ တင်ပြချက်
ရခိုင်ဒေသလူထုအစည်းအဝေးကြီး ကျင်းပရေးကော်မတီသည် ဤအစည်းအဝေးကြီးမှ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်နှင့် မှတ်တမ်းများကို မှတ်တမ်းတင်နိုင်ရန်နှင့် (၂၄-၉-၂၀၁၂)ရက်စွဲဖြင့် အဖွဲ့ဝင်(၉)ဦးပါ၀င်သော အချက်အလက်များ ပြုစုရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
ဤကော်မတီ်အနေဖြင့် ရပ်ဝေးရပ်နီးမှ ရောက်ရှိလာကြသော အကြံုပြုချက်စာတမ်းများ မြို့နယ်အသီးသီး လူပုဂ္ဂိုလ် အသီးသီးတို့၏ အကြံပြုတင်ပြချက်များကို အသေးစိတ်ဖတ်ရှု့စီစစ်ပြီး အစည်းအဝေးကြီးမှ အတည်ပြုဆုံး ဖြတ်ချက်ချမှတ်နိုင်အောင်
(၁) နိုင်ငံတော်အစိုးရသို့ တင်ပြတောင်းဆိုချက် (၁၈)ချက်
(၂) ကန့်ကွက်ချက် (၆)ချက်
(၃) အကြံပြုချက် (၃)ချက်
(၄) မှတ်တမ်းတင်ခြင်းများကို စုစည်းရရှိခဲ့ပြီးဖြစ်ပါ၍ တာဝန်ပေးအပ်သည့် ရခိုင်ဒေသလူထုအစည်းအဝေး ကျင်းပရေးကော်မတီသို့ အစည်းအဝေးကြိးမှ အတည်ပြုချက်ရယူနိုင်ရန် တင်ပြထားပြီးဖြစ်ပါသည်။
ဤကော်မတီမှ ပြုစုတင်ပြထားသောအချက်များမှာ ကိုယ်စားလှယ်တော်ကြီးများ၏ ဆန္ဒသဘောထားနှင့် အနီးစပ်ဆုံး ကိုက်ညီိလိမ့်မည်ဟုလည်း မျှော်လင့်ပါသည်။
တိုတောင်းသောအချိန်အတွင်း ပြုစုခဲ့ရသောကြောင့် ချွတ်ယွင်းချက်များရှိပါက ကျွန်တော်တို့အား နားလည်ပေး ကြပါရန် ဤကော်မတီမှ ကိုယ်စားလှယ်တော်ကြီးများအား အနူးအညွတ်တောင်းပန်အပ်ပါသည်။

(၉)ဦးကော်မတီ
နေ့စွဲ။ ၂၆၊၉၊၂၀၁၂

Most read this week