ရှမ်းမြောက် ပန်ဆိုင်းတိုက်ပွဲတွင် မြန်မာအစိုးရ တပ် ဗိုလ်ကြီး အပါအဝင် ၄ ဦးကျ

ရှမ်းမြောက် ပန်ဆိုင်းတိုက်ပွဲတွင် မြန်မာအစိုးရ တပ် ဗိုလ်ကြီး အပါအဝင် ၄ ဦးကျ
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)မှ ၁ မိုင်အကွာရှိသည့် ဖိုင်ကောင်း (Hpai Kawng) ရွာဦးပိုင်းတွင် မြန်မာအစိုးရ လားရှိုးတပ် ခလရ (၆၉) တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အရပ်သားကာကွယ်ရေး တပ်ဖွဲ့ (MHH) တပ်ခွဲ(၅)တို့ ယမန်နေ့ စက်တင်ဘာ ၂၄ ရက်နေ့တွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားရာတွင် အစိုးရတပ်ဖက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာရှိသွားခဲ့ကြောင်း သိရသည်။

kia-army-kyukok
နှစ်ဖက်တပ်မှ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ကြစဉ် KIA ဖက်မှ တိုက်ပွဲတွင် သယ်ယူပို့ဆောင်ပေးနေသော တပ်သား ၁ ဦး သတ်ခံရပြီး အစိုးရတပ်ဖက်မှ ၄ ဦးနှင့် ၁၀ ဦးကျော်ဒဏ်ရာ ရရှိသွားခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းမှ KIA အရာရှိများပြောသည်။

ကပ်နာ (Kapna) ရွာဟောင်းဖြစ်ပွားသော တိုက်ပွဲတွင် ထိုအစိုးရတပ်မျာသည် KIA ကို ပစ္စည်းများသယ်ပေးနေ သော အသက် ၁၅ နှစ်အရွယ် အမျိုးသားအား ဖမ်းဆီးလိုက်ပြီး မျက်စိ၊ နှာခေါင်း၊ ခေါင်း၊ ဂုတ်တွင် ဓါးဖြင့်ထိုးနှက် နှိပ်စက်၍ ပစ်သတ်ကာ အိမ်တအိမ်ရှေ့တွင် ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၄င်း၏ရုပ်အလောင်းကို ယနေ့ နံနက်သွားယူချိန် ၎င်း၏ ဦးခေါင်းပိုင်းတွင် သွေးများယိုနေပြီး သေဆုံး နေကြောင်း ယနေ့ ညနေဘက်မှာ မြုပ်ခဲ့ကြောင်း ထိုအရာရှိ ဆက်ဆိုသည်။ အဆိုပါ ဒေသခံသည် အစိုးရနှင့်တိုက်ခိုက်မှုတွင် မပါ၀င်သော်လည်း ပြည်သူ အရပ်သားကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅) များအား ဆိုင်ကယ်ဖြင့် လိုရာပစ္စည်းများ ဓာတ်ခဲ၊ အစားအစာများကိုသယ်ပို့ပေးနေသူဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများသည် နံနက်မှစ၍ ဂျန်းချန် (Jeng Shang)နှင့် တောင်ဝမ် (Dawng Waw) တွင်ဖြစ်ပြီး ညနေဘက် ကပ်နာ (Kapna) တွင်အပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းမှ KIA စစ်သားတစ်ဦးပြောသည်။

“မနက် ၁၀ ခွဲမှာ ၁ ကြိမ်၊ ၁ ခွဲမှာ ၁ ကြိမ်၊ ညနေ ၄ခွဲမှာ ၁ ကြိမ် ညမိုးချုပ်တဲ့အထိ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်ကြတယ်။”

မြန်မာအစိုးရတပ်များသည် ဒဏ်ရာရသူများကို ပန်ဆိုင်းနှင့် မူဆယ်ပြည်သူ့ဆေးရုံတွင် ပို့ထားပြီး သေဆုံးသူ ဗိုလ်ကြီးနှင့် တပ်သားများ၏ရုပ်အလောင်းများကို ကားဖြင့် ၎င်းသို့၏တပ်သို့သယ်သွားကြောင်းသိရသည်။

တိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ အရပ်သားကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ(၅) မှ သေဆုံးမှုမရှိသော်လည်း ၂ ဦး ဒဏ်ရာရရှိကြောင်းသိရသည်။ ထိုသူ ၂ ဦးကို တရုတ်ပြည်ဆေးရုံသို့ ပို့ထားကြောင်း အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

Most read this week