ရခိုင်ပြည်နယ် ၀န်ကြီးဌာနများ ၀န်ထမ်းလစာပေးရန် ဘတ်ဂျက် မရှိဖြစ်နေ

ရခိုင်ပြည်နယ် ၀န်ကြီးဌာနများ ၀န်ထမ်းလစာပေးရန် ဘတ်ဂျက် မရှိဖြစ်နေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တွင် ၀န်ကြီးဌာနများရှိ ၀န်ထမ်းများကို လစာပေးရန် ဘတ်ဂျက်ငွေ မရှိဖြစ်နေ ကြောင်း သတင်းရရှိသည်။

“ ရခိုင်အစိုးရက ခုလို ၀န်ထမ်းတွေ လစာအတွက် ဘတ်ဂျက် မရှိ ဖြစ်နေတာကို  မနေ့က ပြုလုပ်တဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ တင်ပြပါတယ်” ဟု စစ်တွေ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော်ကို မနေ့က ပြန်လည် စတင်ခဲ့ရာ ရခိုင်ပြည်နယ် ဘတ်ဂျက် အစီအစဉ်တွင် ရခိုင် အစိုးရက ထိုသိုု့ တင်ပြသွားခြင်း ဖြစ်သည်။

“ ဒါကြောင့် ရခိုင် ပြည်နယ် ၀န်ကြီးဌာန  (၁၀) ခုအတွက် သူတို့က ဘတ်ဂျက်ငွေ ဖြည့်စွက်ပေးဖို့ တောင်းခံပါတယ်။ လွန်ခဲ့တဲ့ ဧပြီလက ကျွန်တော်တို့ အ တည်ပြုခဲ့တဲ့ ဘတ်ဂျပ်နဲ့ မလုံလောက်ဆိုပြီး ထပ်တောင်းခံတာပါ” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်ရှိ ၀န်ကြီးဌာ ၁၀ ခု ထဲတွင် လုံခြံုရေးနှင့် နယ်စပ်ရေးရာ၊ အခွန် နှင့် ဘဏ္ဍာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူးရေး၊ သစ်တောနှင့် သတ္တု၊ စီမံကိန်းနှင့် စီးပွားရေး၊သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်နှင့် စက်မူ၊ ဖွံ့ဖြိုးရေးနှင့် လူမူရေး ၀န်ကြီးဌာနတို့ ပါ၀င်သည်။

ယခု ပြုလုပ်နေသည့် ရခိုင်ပြည်နယ် လွတ်တော်အစည်းအဝေးမှာ ပထမအကြိမ် စတုတ္ထပုံ မှန်အစည်း အဝေးဖြစ်သည်။

အစည်းအဝေးကို နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး ပြည်နယ်လွတ်တော် ဥက္ကဌမှ မိန်းခွန်းစကားပြောကြား ပြီးနောက် ရခိုင် ၀န်ကြီးချုပ် ဦးလှမောင်တင်မှ တနှစ်တာလုပ်ငန်း အစီရင် ခံစာကို ဖတ်ပြခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်ရှိ ၀န်ကြီးဌာများတွင် ဘတ်ဂျက် လိုငွေပြခြင်းမှာ ၀န်ကြီးဌာနများ အနေဖြင့် မိမိ ၀န်ကြီးဌာနများ၏ လုပ်ငန်းများ အပေါ် အာရုံ စူးစိုက်မူ နည်းပြီး တချို့ ၀န်ကြီးဌာနများသည် မိမိ၀န်ကြီးဌာနတွင် ၀န်ထမ်းမည်မျှ ရှိသည်ကိုပင် မသိရှိကြောင်း အတွင်းက လာသော သတင်းများ အရသိရသည်။

ယမန်နေ့က ကျင်းပသည့် လွတ်တော် အစည်းအဝေးတွင် မေးခွန်းလေးခုကို အဆို တင်သွင်းခဲ့ကာ ပုံမှန်အတိုင်း ပြီးဆုံးခဲ့သော်လည်း ယနေ့တွင် ပြုလုပ်မည့် လွှတ်တော်တွင် အနည်းငယ် ရှုပ်ထွေးမူများ ရှိနိုင်သည့် ကဏ္ဍ များပါ၀င်နိုင်ကြောင်း သိရသည်။

Most read this week