KIA တပ်နှင့် တိုက်ပွဲများ ဆက်တို က်ဖြစ်ပွားနေပြီး အစိုးရတပ်ဖက်မှ အနည်းဆုံး ၅ ဦးကျ

KIA တပ်နှင့် တိုက်ပွဲများ ဆက်တို က်ဖြစ်ပွားနေပြီး အစိုးရတပ်ဖက်မှ အနည်းဆုံး ၅ ဦးကျ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန်မှ ၄ မိုင်အကွာရှိ ဖာဂီ (Hpagyi) နှင့် နမ့်ဝိုင်း (Namwai) ကြားတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA မှ အစိုးရတပ်များအား ပြောက်ကျားစနစ်ဖြင့် ယနေ့နံနက်တွင် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၃ ဦးသေဆုံးသွားခဲ့ကြောင်း KIA ရှေ့တန်းမှသိရသည်။

ဲမြန်မာအစိုးရတပ်မှ ကေအိုင်အေ သိမ်းယူခဲ့သော လက်နက်များ။ ဓါတ်ပုံ-ကေအိုင်အေ

KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၄)မှ နံနက် ၈ နာရီခန့်တွင် မြန်မာအစိုးရတပ် အင်အား ၄၀ကျော်ရှိ သည့်  ခြေလျင်တပ်ရင်း ခလရ (၁၄၂) များလှုပ်ရှားနေစဉ် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အစိုးရတပ်သားများ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းမှ အရာရှိတဦး ကချင်သတင်းဌာနသို့ပြောသည်။

“အဲဒီနေရာရောက်တော့ ကျနော်တို့ဘက်မှ တစ်ခါတည်း မိုင်းနဲ့ ပစ်လိုက်တာ ချက်ချင်း ၃ ယောက်လဲသွား တယ်။ ဒဏ်ရာရတဲ့သူလည်းပါမယ်။ ဘယ်နှစ်ယောက်ဆိုတာတော့ အတိကျမသိလိုက်ဘူး” ဟုဆိုသည်။

အဆိုပါ KIA တပ်နှင့် ဘွမ်ဆောန်ဘွမ်အနီး လွယ်မောက်ရွာ (Loi Mawk mare) တွင်လည်း အင်အား ၉၀ ကျော်ရှိ ခြေလျင်တပ်ရင်း ခလရ (၁၄၂) မှ တပ်သား ရ ယောက်ကို ယမန်နေ့ ညနေတွင် ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၂ ဦး သေဆုံးခဲ့ကြောင်း ရှေ့တန်းမှဆိုသည်။

ထိုတပ်သား ရ ဦးသည် မုန်လိုင်ခ (Mung Lai Hka) ရှိ ၎င်းတို့တပ်သို့ ပြန်လာချိန်တွင် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ တပ်မဟာ (၅) တပ်ရင်း (၂၄) မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၄င်းအစိုးရတပ်သည် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ မှ ဝိုင်းထားသည့်နေရာတွင် ရှိနေသောကြောင့် အနည်းငယ်မျှလှုပ်ရှား၍ မရသောအခြေအနေဖြစ်နေကြောင်းသိရသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အဆိုပါအစိုးရတပ်မှ လက်နက်ကြီး (၁၂၀ မမ) ဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမြှောက်ဆံ တစ်လုံးသည် ဒိန်ခန်ရွာ (Dinghkang mare) ရှိ အိမ်တအိမ်တွင် ကျရောက်ပေါက်ကွဲ  ပျက်စီးသွားပြီး တစ်လုံးသည် အလယ်တန်းကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲကြောင်းသိရသည်။

ထိုကျေးရွာရှိ ရွာသားများသည် ၄င်းတို့ပတ်ဝန်းကျင်အနီး အစိုးရနှင့်တိုက်ပွဲများဖြစ်ပွားချိန်တွင် လိုင်ဇာစစ်ပြေး ဒုက္ခသည် စခန်းများသို့ ၀င်ရောက်နေထိုင်ပြီး တိုက်ပွဲ မရှိသည့်အချိန်တွင် မိမိနေအိမ်များကိုကြည့်ရှုနေကြောင်း လည်းသိရသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ သေဆုံးထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းရှေးတန်းမှ အရာရှိပြောသည်။

ယနေ့ ညနေ ၃ နာရီ ခွဲခန့်တွင် အစိုးရတပ်မှ ရဟတ်ယာဉ်တစ်စီးဖြင့် ခလရ (၁၂၄)တပ်စခန်းရှိရာ ခန်းကိုင်ဘွမ်   (Hkang Kai Bum) သို့ရောက်ရှိလာကြောင်း အရာရှိတဦး ကချင်သတင်းဌာနသို့ ပြောသည်။
ဲမြန်မာအစိုးရတပ်မှ ကေအိုင်အေ သိမ်းယူခဲ့သော လက်နက်များ။ ဓါတ်ပုံ-ကေအိုင်အေ
 “ခုတလော အစိုးရတပ်က သေဆုံး ဒဏ်ရာရတာ အရမ်းများသွားပြီ ဒါတွေကိုလာသယ်တယ်ထင်တယ်။ ၁၀ မိနစ်လောက်နားပြီး ဗန်းမော်ဘက်ကို ပျံသွားတယ်”

မြန်မာအစိုးရတပ် ခြေလျင်တပ်ရင်း ခလရ (၁၂၄) တပ်စခန်းရှိ ခန်းကိုင်ဘွမ် (Hkang Kai Bum) သည် ယခင်က ဒေါ့ဖုန်းယန် ခရစ်ယာန် ရိုမန် ကက်သလစ်ဘာသာဝင်များ၏ ဆုတောင်းတောင်ဖြစ်ကြောင်းသိရသည်။

အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ကြား KIO ဌာနချုပ်နယ်မြေဖြစ်သော လိုင်ဇာဒေသ တပ်မဟာ (၅)ဒေသတွင် ယခုရက်ပိုင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပြီး အစိုးရဖက်မှ ကျဆုံး ဒဏ်ရာရသူ များနေကြောင်း KIO ရှေ့တန်းမှစုံစမ်းသိရခြင်းဖြစ်သည်။

သို့သော် ခံစစ်ဖြစ်သော KIO ဖက်မှ ကျဆုံးထိခိုက်မှုမရှိကြောင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေသောအစိုးရဖက်က ကျဆုံးမှုများကြောင်းကို သက်ဆိုင်ရာ တပ်များမှအတည်ပြုခြင်းပြောဆိုခြင်းကို တိကျစွာမရရှိသေးပေ။
အစိုးရနှင့် ပဋိပက္ခဖြစ်နေချိန်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဖက်မှ နိုင်ငံရေးနည်းလမ်းဖြင့်ဆွေးနွေး၍ အဖြေရှာရန်လိုလားသောကြောင့် အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်းလက်တွေ့တွင်ပဏာမဆွေးနွေး မှုများသာဖြစ်ပြီး KIO ကိုအပစ်ခတ်ရပ်စဲငြိမ်းချမ်းရေးယူရန်ကိုသာ ဖိအားပေး ကမ်းလှမ်းခဲ့သည်။

နှစ်ဖက်သဘောထားထုတ်ပြန်ကြေငြာချက်တွင်ပါ၀င်သည့် အဓိကအချက်ဖြစ်သော ကချင်ပြည်နယ်တွင် တိုုက်ပွဲဖြစ်ပွားနေသောနေရာများတွင် နှစ်ဖက်တပ်မှဆွေးနွေးညှိနှိုင်းကာ စစ်ရေးတင်းမာမှုလျှော့သွားအောင် လုပ်ဆောင်ရန် သဘောတူထည့်သွင်းထားသော်လည်း အစိုးရဖက်မှလျစ်လျူရှုကာ ဆက်လက်၍ထိုးစစ် ဆင်လာပြီး စစ်အင်အားများလည်း ထပ်မံတိုးချဲ့လာသောကြောင့် ကချင်ပြည်နယ်တွင်း နေ့စဉ်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရနှင့်ထပ်မံတွေ့ဆုံမှုပြုလုပ်ရန် ညှိနှိုင်းရာတွင်လည်း အခြေအနေတင်းမာ မှုကြောင့် ကြံ့ကြာနေကြောင်း သိရသည်။

Most read this week