ကျေးရွာ အုပ်ချုပ်ရေးမှူးအတွက် အဖြစ်သဘောရွေးကောက်ပွဲ

ကျေးရွာ အုပ်ချုပ်ရေးမှူးအတွက် အဖြစ်သဘောရွေးကောက်ပွဲ
by -
ခိုနူမ်းထုန်

မတူပီမြို့နယ်၊ စခိုင်းကျေးရွာတွင် ကျေးရွာအဆင့် ကြားဖြတ်ရွေးကောက်ပွဲ ကို ယခုလအတွင်း အဖြစ်သဘော သာ ပြု လုပ်ကြပြီး ယူအက်စ်ဒီပီ ပါတီကိုယ်စားလှယ်အား ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်လိုက်ကြ ကြောင်း သိရသည်။

ဆယ်အိမ်မှူးအတွက် ရွေးကောက်ရာမှ စေလွှတ်လာကြသည့် ကိုယ်စားလှယ်များအား အချင်းချင်းမဲထည့်ကြ ရာ ဒုတိယ မဲအများဆုံးရရှိသည့် ယူအက်စ်ဒီပီပါတီမှ ကိုယ်စားလှယ်အား အုပ်ချုပ်ရေးမှူးအဖြစ် ပြည်နယ် အစိုးရမှ တိုက်ရိုက်ခန့် အပ် လိုက်ခြင်းဖြစ်သည်။

ENDP ကိုယ်စားလှယ် Vantling က ၆ မဲ၊ ယူအက်စ်ဒီပီ ကိုယ်စားလှယ် Rihlo က ၄ မဲ နှင့် Victor က တမဲ အသီး သီး ရရှိကြတဲ့ အထဲက Rihlo အား ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ်ပြည်နယ်မှ တိုက်ရိုက်ခန့်အပ်လိုက် ကြကြောင်း သိရ သည်။

“ ကျေးရွာအုပ်ချုပ်ရေးအဆင့်ကို အစိုးရဖွဲ့တဲ့ ပါတီမှ သူတို့ ပါတီဝင်အား တိုက်ရိုက်ခန့်အပ်ရမယ်လို့ ပြောကြ တာပဲ၊ ရွေးကောက်ပွဲက အဖြစ်သဘောပြုလုပ်သွားကြတာဗျ၊ဒါမှန်း သိယင် မဲထည့်စရာတောင်မလိုဘူး “ ဟု စခိုင်းရွာသား တဦး က ပြောသည်။

ဖြစ်စဉ်မှာ စခိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း Vantling ကို ကျေးရွာ ယူအက်စ်ဒီပီ ပါတီဝင်တွေက မကြိုက်ကြသဖြင့် မြို့နယ်သို့ တိုင်ကြားကြရာ မြို့နယ်မှ ပြည်နယ်ကို ဆက်လက် သတင်းပို့ပြီး ယခုကဲ့သို့ ကြားဖြတ်ရွေးကောက်ပွဲကို ပြု လုပ်ကြခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းကိစ္စအတွက် သက်ဆိုင်ရာ ENDP မှ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ပြောကြသည်။