ဘာသာ မကူးပြောင်းလိုသည့် ဟိန္ဒူမိသားစုများ စစ်တွေသို့ ပြောင်းရွှေ့

ဘာသာ မကူးပြောင်းလိုသည့် ဟိန္ဒူမိသားစုများ စစ်တွေသို့ ပြောင်းရွှေ့
by -
နိရဥ္စရာ

ဘာသာ မကူးပြောင်းလိုသည့် ဟိန္ဒူ ဘာသာဝင် မိသားစု ၄ စုအား ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ စစ်တွေမြိုု့သို့ သက်ဆိုင်ရာ အာဏာပိုင်များ၏ အကူအညီဖြင့် လွန်ခဲ့သော ကြာသပတေးနေ့က ပြောင်းရွှှေု့လိုက်သည်။

ပြောင်းရွှေ့လာသော ဟိန္ဒူမိသားစုများ ( ဓါတ်ပုံ- Coral Arakan)
၎င်းဟိန္ဒိူမိသားစုများမှာ ပေါက်တောမြို့နယ် အနောက်တောင်ဘက်တွင် တည်ရှိသော အိမ်ခြေ ၁၈၀ ခန့်ရှိသည့် တောင်ရွာ မွတ်ဆလင််ရွာတွင် နေထိုင်ခဲ့သူများ ဖြစ်သည်။

“စစ်တွေကို မနေ့က ၁၁နာရီခွဲမှာ ရောက်ပါတယ်။ ညနေ ၃နာရီလောက်မှာ ဓညဝတီ ရပ်ကွက်မှာ ရှိတဲ့ ဟိန္ဒူ ဒုက္ခသည် စခန်းကို လုံခြံုရေးတပ်ဖွဲ့က ကားနဲ့ လိုက်ပို့ ပေးပါတယ်။ အဲဒီမှာ ရောက်တော့ နေရေး ထိုင်ရေး အဆင်ပြေပြီး ကူညီထောက်ပံ့မှုတွေက ရကြမှာ ဖြစ်ပါ တယ်” ဟု စစ်တွေမှ ဟိန္ဒူ အဖွဲ့ ကော်မတီဝင် လူကြီး တစ်ဦးက နိရဥ္စရာသို့ပြောသည်။

စစ်တွေ အခြေစိုက် ဟိန္ဒူအဖွဲ့က ပြည်နယ်အစိုးရထံသို့ အဆိုပါ မိသားစုုများ ကြံုတွေ့နေရသော အခက်အခဲများကို တင်ပြပြီး  ပြည်နယ်အစိုးမှ ခွင့်ပြုချက်ပေးသဖြင့် ရခိုင်ပြည်နယ်မှ လူမူရေး အဖွဲ့ အစည်း တစ်ခုဖြစ်သော ၀ံလက် ဖေါင်ဒေးရှင်း၏ အကူအညီဖြင့် စက်တင်္ဘာလ ၂၀ နေ့က ပြောင်းရွှေ့ခဲ့ခြင်း  ဖြစ်သည်ဟု ဆိုသည်။

“သူတို့က နည်းနည်း အခက်အခဲ ရှိတဲ့ အတွက် ကျွန်တော်တို့ကို အကြောင်းကြားတယ်။ အခက်အခဲကတော့  အိ(ဒ်)ပွဲတုန်းက အဲဒီ မိသားစု ၄ ခုကို တချို့က ထင်ပါတယ်။ အစ္စလာမ် ဘာသာကို အဓ္ဓမ ပြောင်းခိုင်းတယ်လို့ ပြောပါတယ်။ မကူးပြောင်း နိုင်လို့ ငြင်းတဲ့အခါ  အိမ်တွေကို ဖျက်ဆီးပစ်တာတို့ ကိုယ်ထိ လက်ရောက် စော်ကားတာတို့ ပြုလုပ်လာတယ်လို့ ပြောတယ်။  နောက်တော့ အနီးမှာရှိတဲ့ တောလယ်ကျေး ရွာ ဥက္ကဌ ဦးသာဒိုးအောင် အကူအညီနဲ့ အဲဒီရွာမှာ ၁လနဲ့ ၂၆ရက် ခိုလုံ နေခဲ့ ရပါတယ်။ နောက်ပိုင်းမှာတော့ သက်ဆိုင် ရာက အကူအညီနဲ့ စစ်တွေကို ရွှေ့လိုက်တာပါ” ဟု ကမကထပြုလုပ် ပေးခဲ့သူ ဟိန္ဒူကော်မတီအဖွဲ့ဝင်က ပြောသည်။

ဟိန္ဒူ မိသားစု ၄ ခုတွင်  လူဦးရေ စုစုပေါင်း ၂၅ ဦး ပါ၀င်ကြောင်း သိရသည်။

Most read this week