ကရင်နီ (ကယား) ပြည်နယ် အတွင်းတွင် ဘိန်းစိုက်ပျိုးမှုများ တွေ့ရှိရသည့်အနက် ဖရူဆို မြို့နယ် နှင့် ဒီမော့ဆိုမြို့နယ်တို့တွင် တခြားမြို့နယ်တွေထက် ပိုပြီးများပြားစွာ တွေ့နေရတယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက် နိုမ်နှင်းရေးစီမံကိန်းတွေကို ပြည်နယ်ရဲတပ်ဖွဲ့တွေက ပြုလုပ်နေကြတယ်ဆိုပေမဲ့ ယခုချိန်ထိ လျော့ကျမှုတွေမရှိသေးဘူးလို့ သိရပါတယ်။
လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအထူးတပ်ဖွဲ့မှ တာဝန်ခံ ရဲအုပ်ဦးကံဝင်းက ကရင်နီပြည်နယ်အတွင်း ဘိန်းစိုက် ပျိုးမှု အခြေအနေနဲ့ ပတ်သက်ပြီး သတင်းရရှိထားချက်အရ ယခုလိုရှင်းပြပါတယ်။
"ဟိုယာတောင်ကြောဘက်နဲ့ ဒီမော့ဆို မြို့နယ်ဘက် က စိုက်ပျိုးတာများတယ်။ ဘာဖြစ်လဲဆိုတော့ ကျနော် တို့ သတင်းရရှိမူအပေါ်မူတည်ပြီးတော့ လုပ်ဆောင်ရတာတွေ ဖြစ်တယ်။ လွိုင်ကော် မြို့နယ်မှာက သတင်းရပြီး တော့ မတွေ့ဘူး။ ဒါပေမဲ့ စုံစမ်းဖော်ထုတ်နေဆဲဖြစ်တယ်။ ယခုနှစ် ၂၀၁၂ဇွန်လှိုင် သြဂုတ်၊ စက်တင်ဘာ သုံးလအတွင်းမှာ ဘိန်းရောင်းဝယ်ရေး အမှုပေါင်း ၁၂ မှုရှိတယ်။ တရားခံကအယောက် ၂၀ နီးပါးရှိတယ်" ပြောပါတယ်။
ယမန်နှစ်က ဒီးမော့ဆိုမြို့နယ် မူးယစ်ဆေးဝါးနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲမှ ပြောကြား ချက်အရ ဘိန်းစိုက်ပျိုးနေကြတဲ့ စိုက်ခင်းနေရာတွေကို ဂြိုလ်တုကနေ ရိုက်ထားတဲ့ စားရင်းအရ ဒီးမော့ဆိုမြို့ နယ်အတွင်းတွင် (၁၇) နေရာ၊ ဖရူးဆိုမြို့အတွင်းတွင် (၅၇) နေရာတွေ့ရတယ်လို့ သိရပါတယ်။ ၎င်းနေရာ က လူသူအရောက်အပေါက်နည်းတဲ့နေရာဖြစ်၍ မူးယစ်ဆေးဝါး ပပျောက်ရေးစီမံကိန်းများ သွားရောက်ပြုလုပ်ဖို့ လည်း ခက်ခဲတယ်လို့ သိရပါတယ်။
"ဒီးမော့ဆိုမြို့မှ ဒေသခံ တစ်ဦးက အနောက် ပဒေါင်ဘက်မှာကဘိန်းတွေကိုပဲ အဓိကစိုက်ပျိုးကြတာများတယ်။ ရွာတရွာဆိုရင် တစ်ရွာလုံးနီးပါးဘိန်းကိုပဲစိုက်တယ်။ အဲဒီအတွက်ကြောင့်သူတို့ ရွာထဲကိုသူစိမ်းဧည့်သည် အရမ်းသွားလာလို့ မရဘူး။ သူတို့ ဆီကိုရောက်ရင် သူတို့ ရွာသားတွေကပဲ အပြတ်ရှင်းထုတ်သွားတာလဲရှိတယ် အများအားဖြစ် အဲဘက်ဂွင်တွေကလည်း အဖွဲ့စည်းတွေ တော်တော်များများထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်နေတဲ့ အတွက်ကြောင့် ရဲတွေလည်းလာလို့ မရဘူးဖြစ်နေတယ်" ပြောပါတယ်။
မူးယစ်ဆေးဝါးလုံးဝ ပပျောက်ရေးစီမံကိန်းတခုအနေဖြင့် ၂၀၁၄ ခုနှစ်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ မူးယစ်ဆေးကင်းစင်တဲ့ ပြည်နယ်တခု ဖြစ်လာရမည်လို့ ရဲတပ်ဖွဲ့မှ အရာရှိတဦးက ပြောပါတယ်။ ယခင်နှစ် စာရင်းပြုစုထားချက်အရ ဘိန်းစိုက်ခင်းဧက ၁၂၅.၅ ဧကကို ဖျက်ဆီးလိုက်ပြီးဖြစ်တယ်လို့သိရပါ တယ်။