၀ရမ်းပြေး တစ်ဦးကြောင့် ရသေ့တောင် မြို့နယ် မြောက်ပိုင်း တည်ငြိမ်မူ ပျက်ပြား

၀ရမ်းပြေး တစ်ဦးကြောင့် ရသေ့တောင် မြို့နယ် မြောက်ပိုင်း တည်ငြိမ်မူ ပျက်ပြား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်းတွင် ၀ရမ်းပြေး တစ်ဦးအား အာဏာပိုင်များက ဖမ်းဆီး အရေးယူ နိုင်ခြင်း မရှိသဖြင့် တည်ငြိမ်မူ ပျက်ပြားနေကြောင်း သိရသည်။

Rathidaung-view

အဆိုပါ ၀ရမ်းပြေးမှာ ရသေ့တောင်မြို့နယ် မြောက်ပိုင်း  ဘူးသီးတောင် မြို့နယ်နှင့် နယ်ချင်း ကပ်ရပ်တည် ရှိသော ဆင်ခုန်းတိုင် ဘင်္ဂလီ ကျေးရွာမှ ဖြစ်ပြီး ဒေသ အနီးတဝိုက်မှ ကျွဲနွားများကို ခိုးယူနေသဖြင့် တည်ငြိမ်မူ ပျက်ပြားနေခြင်း ဖြစ်ကြောင်း သိရသည်။

“ ကျွဲနွားတွေကို နေ့စဉ် ရက်ဆက် ရွာတိုင်း အခိုးခံနေတော့ လူထု မကျေမနပ် ဖြစ်လာရတယ်။ အဲဒီတော့ ရွာသားတွေက မကျေနပ်မူကနေ တိုက်ခိုက်မူူတွေ လူမျိုးရေး ဘာသာရေး အဓိဂရုဏ်းတွေ ဖြစ်လာနိုင်တယ်။ အခု အဲဒီ ၀ရမ်းပြေးကြောင့် မတည်ငြိမ်မူတွေ ဖြစ်နေပါတယ်” ဟု ဆင်ခုန်းတိုင်း ရွာသား တစ်ဦးက ပြောသည်။

ဆင်ခုန်းတိုင်ရွာမှ ၀ရမ်းပြေးနေသူမှာ  ဘင်္ဂလီ လူမျိုး  ရခိုင်နာမည် မောင်လှကျော် ဖြစ်ပြီး သူ့၏ အဖေနာမည် မှာ ဦးမောင်စိန် ဖြစ်ကြောင်း သိရသည်။

မောင်ဘကျော်သည် ၂၀၁၁ က ကျောင်းဆရာ ဦးသိန်းဝင်းကို ရိုက်ပုတ်ထားသဖြင့် ဦးသိန်းဝင်းက တရားစွဲဆို အမှုဖွင့် ခံထားရသူ ဖြစ်သည်။

၀ရမ်းပြေး တစ်ဦးကို မဖမ်းဆီးသည့် အပြင် ကျွဲနွား ခိုးယူနေသည်ကိုလည်း တစ်စုံတစ်ရာ ဟန့်တား နိုင်ခြင်း မရှိသဖြင့် နယ်မြေခံ ရဲတပ်ဖွဲ့များ အပေါ် ပြည်သူများက သံသယ ၀င်နေ ကြသည်ဟုလည်း ဆိုသည်။

၎င်းအနီးအနား တည်ရှိသောာ ကျေးရွာများမှာ ဆင်ခုန်းတိုင် ရခိုင်ရွာ၊ ဆင်ခုန်းတိုင် ရွာသစ်၊ ဆင်ခုန်းတိုင် မူဆလင်ရွာ၊ အိုး ဖေါက်၊ တောင်ရင်းရွာနှင့် ဘူးသီးတောင်မြို့နယ်ပိုင် သည်းကံခွဆုံ၊ စေတီတောင်ရွာများ ဖြစ်ကြသည်။

ယခုအခါ မကျေနပ်သော ကျေးရွာသားများမှ ၀ိုင်းဝန်း သတ်ဖြတ်ပစ်မည်ဟု  သတင်း များ ဖြစ်ပေါ် နေသဖြင့် ပြဿနာ ကြီးထွားသွားမည်ကိို မလိုလားသော ကျေးရွာလူကြီး များက သက်ဆိုင်ရာကို တိုင် ကြားထားကြောင်း သိရသည်။

“ ၁၉ ရက်နေ့က ကျနော်နဲ့ ဦးဖိုးမွားနဲ့ စာတစောင် သွားတင်ပါတယ်။ ဒီပြဿနာဟာ ရခိုင်-ဘင်္ဂလီ ပြဿာနာ ဖြစ်လာနိုင်တယ်ဆိုပြီးတော့ ၀န်ကြီးချုပ်ဆီ တစောင်၊ လွှတ်တော်ဥက္ကဌဆီ တစောင် တင်ခဲ့ ပါတယ်။ တင်ထား တဲ့ အဓိက အချက်ကတော့ မောင်လှကျော် ၀ရမ်းကို ဖမ်းပေးဖို့နဲ့  သူ့ကို မဖမ်း နိုင်ရင် ဒီဒေသမှာ ရခိုင်-ဘင်္ဂလီ ပြဿနာဖြစ်လာနိုင်တယ်ဆိုပြီး တင်ပြထားတဲ့ စာတစ်စောင်ကို  ဒီလ ၁၉ ရက်နေ့ ကတင်ပေး လိုက်တာ ဖြစ်ပါတယ်” ဟု ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းက ပြောသည်။

ရသေ့တောင်မြို့နယ်တွင် နွားခိုးဂိုဏ်းများကြောင့် လူမူရေး မတည်ငြိမ်မူများ နေရာ အနှံ့ အပြားတွင် ပေါ်ပေါက်နေသော်လည်း အာဏာပိုင်များက ထိရောက်စွာ တားဆီးနိုင်ခြင်း မရှိဘဲ ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော သြဂတ်လ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်း ကုလား ချောင်း ကျေးရွာတွင် ဘင်္ဂလာဒေချ့်မှ ၀င်ရောက်လာသော လက်နက်ကိုင် နွားခိုးဂိုဏ်း တစ်ခုနှင့် ဒေသခံများ အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စက်လှေ တစ်စီးနှင့် ကျွဲတစ်ကောင်ကို ဖမ်းဆီးရမိခဲ့သည်။

Most read this week