အကြမ်းဖက်ခံရသည့် မောင်တောမြို့နယ် ကျေးရွာများမှ ကျောင်းသားများ ပညာရေး ကော်မီတီ ကျပ် ရ၉ သိန်းဖြင့် မတည်

အကြမ်းဖက်ခံရသည့် မောင်တောမြို့နယ် ကျေးရွာများမှ ကျောင်းသားများ ပညာရေး ကော်မီတီ ကျပ် ရ၉ သိန်းဖြင့် မတည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဇွန်လက ဖြစ်ပေါ်ခဲ့သည့် ဆူပူ အကြမ်းဖက်မှုကြောင့် ယခုတိုင် ကျောင်းမတက်ရောက်နိုင်သေးသည့် အထက်တန်း အလယ်တန်း ကျောင်းသား ကျောင်းသူ များ လုံခြံုစိတ်ချစွာ ပညာ သင်ကြားနိုင်ရေး အတွက် ရခိုင်အမျိုးသား ကွန်ယက်မှ ဦးဆောင် ဖွဲ့စည်းခဲ့သည့် ပညာရေး ကော်မီတီ ကျပ် ရ၉ သိန်းဖြင့် မတည် ဖွဲ့စည််းခဲ့သည်ဟု သိရသည်။

Arakan-National-Network
အဆိုပါ ကော်မီတီကို လွန်ခဲ့သည့် ကြာသပတေးနေ့က မောင်တောမြို့ မြို့မဘုန်းတော်ကြီး ကျောင်းတွင် အစည်းအဝေးပြုလုပ်ပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ မီးရှို့ခံရတဲ့ ရွာတွေက ကျောင်းသူ ကျောင်းသား တွေကို အဓိက ရည်ရွယ်ပြီး ဖွဲ့စည်တာ ဖြစ်ပါတယ်။ သူတို့ကို မောင်တောမြို့က ဘုန်းကြီးကျောင်း တွေမှာထားပြီး ပညာသင်ပေးဖို့အတွက် ဒီကော်မီတီကို ဖွဲ့စည်းရတာပါ။ ဆရာဆရာမတွေကိုတော့ ကျွန်တော်တို့က ထောက်ပံ့ကြေးသဘော ထောက်ပံ့ပြီး အကူအညီတောင်းဖို့ စီစဉ်ထားပါတယ်”ဟု အဖွဲ့ဝင်တဦးဖြစ်သူ မောင်တောမြို့မှ ကို လှမြင့်က ပြောသည်။

ပညာရေးကော်မီတီအတွက် မတည်ငွေအဖြစ် ရခိုင်အမျိုးသားကွန်ယက်အ ဖွဲ့မှ ကျပ်သိန်းရ၀ နှင့် တခြား အလှူရှင်များမှ ထည့်ဝင်ငွေ စုစုပေါင်း ကျပ်ငွေ ရ၉ သိန်းဖြင့် မတည်ထားကြောင်း သိရသည်။

ယခုအခါ မီးရှို့ခံရသည့်ကျေးရွာများမှ ကျောင်းသားကျောင်းသူများစာရင်းကို လိုက်လံစုဆောင်းနေပြီး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၀၀ ကျော်ခန့်ရှိမည်ဖြစ်ကြောင်း ကိုလှမြင့်က ပြောသည်။

မောင်တောခရိုင်အတွင်း စာသင်ကျောင်းများကို သြဂတ်စ်လအတွင်းက အာဏာပိုင်များမှ ဖွင့်လှစ်ခဲ့ သော်လည်း အကြမ်းဖက်မီးရှို့ခံခဲ့ရသည့် ကျေးရွာများမှ ကျောင်းသားများနှင့် မြို့နှင့် အလှမ်းဝေး သည့် အတွက်ကျောင်းမ တက်ရောက်နိုင်ဘဲ ဖြစ်နေကြသည်။

ယခုကဲ့သို့ ကျောင်းမတက်နိုင်ဘဲ ဖြစ်နေကြခြင်းမှာ ကျေးရွာများမှနေ ကျောင်းတက်မည့် ကျောင်းသူကျောင်း သားများ၏  လုံခြံုရေး စိတ်မချရသည့်အတွက် ဖြစ်ကြောင်း ကိုလှမြင့်က ပြောသည်။

အလားတူ မောင်တောမြို့နှင့် ၂၅ မိုင်ခန့်ဝေးသည့် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ များ တွင်လည်း လုံခြံုရေး စိတ်မချရသည့်အ တွက် စသင်ကျောင်းများ ပြန်လည် မဖွင့်လှစ် နိုင်သေးဘဲ ဖြစ်ကြောင်း သိရသည်။

“ ဒီမှာဘက်မှာက ကျောင်းမဖွင့်သေးတဲ့ ရွာတွေအများကြီးရှိပါတယ်။ တောင်ပြို အ.ထ.က တခုဘဲဖွင့်နိုင် သေးတယ်။ ဒီဘက်ကရွာတွေမှာ အရင်ရှိတဲ့ ဆရာ၊ ဆရာမတွေလည်းမရောက်သေးဘူး။ သူတို့အတွက်လုံ ခြံုရေးက စိတ်ချရတဲ့အနေ အထား မရှိသေးဘူးဆိုပြီး မရောက်ကြသေးဘူး။ သူတို့ ဘယ် အချိန်ပြန်လာ မယ်ဆိုတာ မပြောနိုင်ဘူး” ဟု နံသာတောင်ကျောင်းဆရာတော် အရှင် စရဏက မိန့်ကြားသည်။

နံသာတောင် ဘုန်းတော်ကြီးကျောင်းတွင် အစိုးရကျောင်းများ မဖွင့်လှစ်နိုင်သေးသဖြင့် ဘုန်းတော်ကြီး ပညာ သင်ကျောင်း တစ်ခုကို ဖွင့်လှစ်ထားပြီး အဆိုပါကျောင်းတွင် နံသာတောင်၊ သင်္ဘောလှ၊ တရိန်း၊ သာယာ ကုန်းစသည့် ကျေးရွာများမှ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၁၀ တက်ရောက် ပညာသင်ကြား နေကြသည်ဟု ဆရာတော်က ပြောသည်။

နံသာတောင် ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်း သူများအ တွက် W.A.O (ကမ္ဘာ့ ရခိုင် အဖွဲ့ချုပ်) နှင့် တခြားစေတနာရှင်များ၏ ထောက်ပံ့ငွေ အနည်းငယ်ဖြင့် သင်ကြား ပေး နေခြင်းဖြစ် ကြောင်း သိရသည်။

ပညာရေးဌာနမှ တာဝန်ရှိသူများသည် လွန်ခဲ့သော ရက်ပိုင်း အတွင်းက  နံသာတောင်ကျောင်းရှိ ကျောင်းသူ ကျောင်းသားများ ပညာရေးကို လာရောက် လေ့လာခဲ့ကြောင်း သတင်း ရရှိသည်။

Most read this week