တပ်သားသစ်ကောက်ယူစုဆောင်းမှုကြောင့် ဒေသခံများအခက်တွေ့

တပ်သားသစ်ကောက်ယူစုဆောင်းမှုကြောင့် ဒေသခံများအခက်တွေ့
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့အခြေစိုက် ဌာနေပြည်သူ့စစ် အမှတ် ၂ တပ်ဖွဲ့က တပ်သားသစ်စု ဆောင်းနေပြီး မပေး နိုင်သူများ ပိုက်ဆံသိန်းပေါင်းဆယ်ချီကောက်ယူနေကြောင်း ဒေသတွင်း သတင်း ရပ်ကွက်ကဆိုပါသည်။

မြန်မာအစိုးရစစ်တပ်တွင်းမှကလေးစစ်သားများ (နစ်နေမန်းဘလောက်မှ)
“ မိန်းခေး ပြည်သူ့စစ် စဝ်လှမြင့်တို့တပ်ဖွဲ့လေ။ တပ်သားသစ်စုဆောင်းတယ်။ နာမည်ပါလို့ မသွား နိုင်ရင် ၂၅ သိန်းပေးရ တယ်။ ဒီစစ်သားကောက်နေတဲ့ လုပ်ရပ်တွေ ဒီနေ့ သမ္မတသစ်ခေတ်မှာ မရှိစေ ချင်တော့ဘူး။ ဘယ်တော့များ ကင်းလွှတ်နိုင် မလဲနော်” သီပေါဒေသခံတဦးကပြောသည်။

၂၀၁၀ ဧပြီလက ပြည်သူ့စစ်အသွင်ပြောင်းသွားသော ယခင် မြောက်ပိုင်း SSA (ဥက္ကဌဟောင်း)  ဗိုလ်ချုပ် လွယ်မောင်း နှင့်  (ဒုဥက္ကဌ ဟောင်း) ဗိုလ်ချုပ်ကိုင်ဖှတို့၏ စိန်ကျော့ဌာနချုပ်ကို ဌာနေပြည်သူ့စစ် အမှတ် ၁ ၊ သီပေါမြို့နယ် မိန်းခေး အခြေစိုက် ယခင်တပ် မဟာ ၃ ကို ဦးလှမြင့်ဦးဆောင်သည့် ဌာနေပြည်သူ့စစ် အမှတ် ၂ ၊  ကွန်ဟိန်းမြို့နယ် ကာလိ အခြေစိုက် ယခင်တပ်မဟာ ရ ကို ဦးလောင်ကွန်း ဦးဆောင်သည့် ဌာနေပြည်သူ စစ်အမှတ် ၃ စသဖြင့် အသီးသီးပြောင်းလဲ သတ်မှတ်ခဲ့သည်။

ယခုနှစ် မေလ ၂၄ ရက်  က လဲချားမြို့နယ် ဝမ့်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် စိုင်းတ တို့အား တောင်ကြီး ကျားဖြူရုံးခန်း ၌ ဦးစိုင်းအိုက်ပေါင်းက တွေ့ဆုံခဲ့စဉ် တပ်သားစုဆောင်းမှုရပ်တန့်ရန်အတွက် တိုက်တွန်းမှုပြု ခဲ့သေးသည်။ ထိုနောက်ပိုင်း တပ်သားသစ်စုဆောင်းသည်မဟု မကြားရသော်လည်း အဓမ္မလုပ်အားပေး ခိုင်းစေမှုကိုမူ ယနေ့တိုင်ကြားနေရဆဲဖြစ်သည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင်လည်း အလားတူ ယခုနှစ်ဆန်းပိုင်းက အမည်မသိလက်နက်ကိုင်တစုက ကလေး တပ်သားစုဆောင်းနေသည့်အပေါ်တွင်လည်း ရှုပ်ချကြောင်း ကျားဖြူပါတီလွှတ်တော်အမတ် တဦးက သျှမ်းသံတော်ဆင့် အားပြောပြဖူးသည်။ ပညာသင်သည့်အရွယ်တွင် ပညာအပြည့်အဝ သင်ယူခွင့်ရရှိရန်အတွက် အဆိုပါ ကလေးငယ်များအား တပ်သားစုဆောင်းခြင်းမပြုရန် အကာအကွယ်ပေးရမည်ဟု ၎င်းကပြောဆို ခဲ့ပါသည်။

အလားတူသျှမ်းပြည်မြောက်ပိုင်း မန့်ပန်အခြေစိုက် ဗိုလ်မွန်းဦးဆောင်သည့် ဌာနေပြည်သူ့စစ်ကလည်း ၎င်းထိန်း ချုပ်ရာ လားရှိုးမြို့ အရှေ့မြောက်ဖက် ပန်စုံရွာ၊ ကုန်းဆာအုပ်စု၊ မတ်ချိနူအုပ်စု ၊  မန့်မွန်းရွာ၊ ခွန်နို့အုပ်စု၊ မန့်ပိန်းအုပ်စု၊ မိန်းပါးရွာ၊ တာယောဝ်၊ မိုင်းယန်း မှ မိုင်းယော်တိုက်နယ်၊ မိုင်းဟက်အုပ်စု ဒေသအထိနှစ်စဉ်နှစ် တိုင်း တပ်သားသစ် လေးငါးရာထက် မနည်းကောက်ယူစုဆောင်းခဲ့ သည်။

၎င်းနှင့်ပတ်သက်၍ မိုင်းယော်တိုက်နယ်သားတဦးက“ တပ်သားသစ်ကောက်ပြီး စစ်ရေးလေ့ကျင့်ပေးတာ မရှိဘူး။ ကောက် ယူရရှိတဲ့ တပ်သားသစ်တွေတဝက်ကို သူတို့အတွက်သုံးတယ်။ ကျန်တဝက်ကို မြန်မာစစ် တပ်ကိုပို့တယ်။ မြန်မာစစ်တပ် မှာက အများအားဖြင့် ကေအိုင်အေတွေ သျှမ်းတွေကို တိုက်ရာမှာ တပ်သားသစ် တွေကိုသုံးတယ်။ သူတို့အတွက်အသေခံ သုံးနေတဲ့အတွက် လူတွေက သူတို့တပ်ထဲမဝင်ချင်ဘူး။ သျှမ်းတပ်ထဲ ဝင်ရင်တောင် ကောင်းသေးဆိုတဲ့လူတွေများတယ်။ အများအားဖြင့်တော့ နယ်စပ်ဘက်ထွက်ပြေးကြတယ်” ဟု ဆို၏။

ယခုနှစ်အတွက်မူ ဗိုလ်မွန်းသည် နှစ်ဆန်းပိုင်းက တပ်သားသစ်ကောက်ယူစုဆောင်းခဲ့ပြီးဖြစ်သည်။ တပ်သားသစ်စု ဆောင်း မှု အတွက် ဒေသတွင်း ကျားဖြူပါတီက ကူညီဖြေရှင်းပေးရာတွင် တချို့တဝက်ကို လွှတ်မြောက်အောင် ဖြေရှင်းပေးခဲ့သည် လည်းရှိကြောင်း ပါတီဝင်အသိုင်းအဝိုင်းက ပြောပါသည်။

အပစ်ရပ်စဉ်က တပ်သားသစ်မစုဆောင်းတော့ဟု ကြေငြာဖူးသည့် လက်နက်ကိုင်တပ်ဖွဲ့တချို့ကလည်း လူသစ်စုဆောင်းမှု ရှိနေသောကြောင့် ထိုင်းသို့ ထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်ကြောင်း ထိုင်းရောက် စစ်ဘေးရှောင်သူများက ပြောပါသည်။

Most read this week