မလေးရှားကို လှေနဲ့ ခိုးသွားမည့် ဘင်္ဂလာဒေချ့် နိုင်ငံသား ၁၁၂ ဦးဖမ်းဆီးခံရ

မလေးရှားကို လှေနဲ့ ခိုးသွားမည့် ဘင်္ဂလာဒေချ့် နိုင်ငံသား ၁၁၂ ဦးဖမ်းဆီးခံရ
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် နို်င်ငံကနေ မလေးရှားနိုင်ငံကို စက်လှေနဲ့ ခိုးသွားမယ့် ဘင်္ဂလာဒေချ့် နို်င်ငံသား ၁၁၂ ဦးနဲ့ ကို စစ်တကောင်းမှာ ရဲအဖွဲ့က မနေ့မနက်က ဖမ်းဆီးလိုက်ပါတယ်။

 thedailystar
သူတို့ဟာ ဘင်္ဂလာဒေချ့်နိုင်ငံ အနယ်နယ် အရပ်ရပ်က ဖြစ်ပြီး စစ်တကောင်း ခရိုင် ဘန်ခါလီဆိုတဲ့ အရပ်မှာ လူမှောင်ခိုသမားတွေက စက်လှေနဲ့ ယူဆောင်သွားဖို့ စုရုံးနေစဉ် ဖမ်းဆီးခံရ တာ ဖြစ်ပါ တယ်။ သူတို့ ၁၁၂ ဦးနဲ့ အတူ ဘုတ်ပိုင်ရှင်ကိုလည်း ရဲက ဖမ်းဆီးလိုက်ပါတယ်။

ဘုတ်ပိုင်ရှင်ကတော့ မိမိအနေနဲ့ ခုလို မလေးကို သွားမှာကို မသိရှိကြောင်းနဲ့ သူ့စက်လှေကို လူမှောင်ခို သမားတွေက ဘန်ခါလီကနေ ကတူဒီယာကျွန်းကို သွားရောက်ဖို့ တာကာ ၈၀၀၀နဲ့ ဌားရမ်းထားတယ်လို့ ရဲကို ပြောဆိုတယ်လို့ ဆိုပါတယ်။

အခု အဖမ်းခံရတဲ့သူတွေဟာ ဘင်္ဂလာဒေချ့် နို်င်ငံ အနယ်နယ် အရပ်ရပ်က ဖြစ်ပြီး မလေးမှာ အလုပ် သွားလုပ် လိုသူတွေ ဖြစ်တယ်လို့  ဘင်္ဂလာရဲက ထုတ်ဖေါ် ပြောဆိုပါတယ်။

လူမှောင်ခိုသမားတွေဟာ လူတစ်ဦးစီက မလေးအရောက် တာကာ (၂) သိန်း ကျစီ တောင်းခံ ထားပေမယ့် ဒီငွေတွေကို လက်ငင်း ပေးစရာမလိုဘဲ မလေးရှားကို ရောက်မှ ပေးရ မှာ ဖြစ်ပါ တယ်။  လောလောဆယ် စရံ အနေနဲ့ လူတစ်ဦးစီက တာကာ ၂၀၀၀ ကနေ ၁၀၀၀၀ ထိ ကောက်ခံ ထားတယ်လို့ ပြောပါတယ်။

ဘင်္ဂလာဒေချ့် နို်င်ငံသားတွေဟာ နှစ်စဉ်နှစ်တိုင်း စက်လှေတွေနဲ့ ဘင်္ဂလာ ပင်လယ်အော်ကို ဖြတ် ကာ မလေးရှားကို အလုပ်သွားလုပ်ဖို့ ခိုးထွက်ကြတယ်လို့ ဆိုပါတယ်။

ခုလို ခိုးထွက်ကြတဲ့ အခါ မလေးရှားကို ရောက်သွားတာတွေ ရှိသလို စက်လှေတွေပျက် (ဒါမှမဟုတ်) လမ်းကြောင်းမှားပြီး ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယ စတဲ့ နို်င်ငံတွေ ကို ရောက်ရှိသွားကြတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အဲသလို ရောက်ရှိသွားတဲ့အခါ သက်ဆိုင်ရာ နိုင်ငံတွေဆီမှာ ခိုလုံခွင့်ရရန်နဲ့ လူသားချင်း စာနာတဲ့ အကူအညီ တွေ ရရှိလိုတာကြောင့် သူတို့ကို သူတို့ မြန်မာနိုင်ငံ အစိုးရရဲ့ ဖိနှိပ်မူကြောင့် ထွက်ပြေး လာတဲ့ ရိုဟင်ဂျာ တွေဆိုပြီး လိမ်လည် ပြောဆိုကြတယ်လို့ ဆိုပါတယ်။

မြန်မာ လူ့အခွင့်အရေး လူပ်ရှားသူတွေကလည်း သူတို့တွေဟာ ရိုဟင်ဂျာတွေ ဖြစ်ကြောင်း၊ မြန်မာ အစိုးရ နှိပ်စက်တဲ့ အတွက် ထွက်ပြေး လာသူတွေ ဖြစ်ကြောင်း ပြောဆိုပြီး ရိုဟင်ဂျာတွေအရေးကို ကမ္ဘာက ပိုမို အာရုံစိုက်လာအောင် ရှေ့နေလိုက်ကာ လုပ်ဆောင်ကြတယ်လို့ ဆိုပါတယ်။

ပြည်ပ မှာ ရှိနေတဲ့ သတင်းမီဒီယာတွေကလည်း သူတို့ဟာ မြန်မာနိုင်ငံသား ဟုတ်မဟုတ် သေချာ မလေ့လာ တော့ဘဲ နိုင်ငံခြားသား လူ့အခွင့်အရေး လူပ်ရှားသူတွေ အတိုင်း သံယောင်လိုက်ကာ သူတို့ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ဖြစ်ကြောင်း ရေးသားထုတ်လွင့်ကြတယ်လို့ ပြောပါတယ်။

ခုလို ဘင်္ဂလာဒေချ့် နိုင်ငံသားတွေ အမြောက်အများ လှေစီးပြီး မလေးရှားကို ထွက်ခွာနေကြတာကို ဘင်္ဂလာဒေချ့်မှာ ခဏခဏ ဖမ်းဆီးမိနေတာ ရှိပေမယ့် ဘင်္ဂလာဒေချ့်နိုင်ငံ ပြင်ပ နို်င်ငံ တစ်ခုခုမှာ ဖမ်းမိရင် တော့ သူတို့ဟာ ဘင်္ဂလာဒေချ့်နိုင်ငံသာားတွေ မဟုတ်တော့ဘဲ  ရိုဟင်ဂျာတွေ အဖြစ် အလွယ်တကူ အမည်တပ်လိုက်ကြတယ်လို့ ဆိုပါတယ်။

အခု အဖမ်းခံရတဲ့သူ ဘင်္ဂလာဒေချ့် နိုင်ငံသား ၁၁၂ ဦးဟာလည်း ဘင်္ဂလာဒေချ့် နိုင်ငံ ပြင်ပမှာ ဖမ်းမိရင် သူတို့ကို သူတို့ ရိုဟင်ဂျာတွေ ဖြစ်ကြောင်း ခံယူကြမယ့်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အကယ်၍ သူတို့ကို ဘင်္ဂလာဒေချ့်နိုင်ငံ ပြင်က တစ်နေရာမှာ ဖမ်းမိခဲ့ရင်  လူ့အခွင့်အရေး လူပ်ရှားသူတွေက သူတို့ဟာ မြန်မာ အစိုးရရဲ့ ဖိနှိပ်မူ၊ လုပ်အားပေး စေခိုင်းမူကြောင့် ထွက်ပြေး လာသူ ရိုဟင်ဂျာတွေဖြစ် ကြောင်း အစီရင်ခံစာတွေ ထုတ်ပြီး မြန်မာကို အပုတ်ချ ဝေဖန် ပြစ်တင်ကြမှာ မြေကြီး လက်ခတ်မလွှဲဖြစ် တယ်လို့ နယ်စပ်  အရေး လေ့လာသုံးသပ်သူတွေက ပြောဆိုပါတယ်။

Most read this week