ရသေ့တောင်တွင် ဓါတ်ပုံရိုက်၍ ကြံ့ခိုင်ရေး ရခိုင် တာဝန်ခံ ဦးမောင်ဦး လူထုကို ဆဲဆို

ရသေ့တောင်တွင် ဓါတ်ပုံရိုက်၍ ကြံ့ခိုင်ရေး ရခိုင် တာဝန်ခံ ဦးမောင်ဦး လူထုကို ဆဲဆို
by -
နိရဥ္စရာ

ကြံ့ခိုင်ရေး ရခိုင်ပြည်နယ် တာဝန်ခံ ဦးမောင်ဦးသည် မွတ်ဆလင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းနှင့် အတူ စက်တင်္ဘာလ ၁၆ ရက်နေ့က ရသေ့တောင်သို့ လာရောက်စဉ် မြို့ခံ တစ်ဦးက ဓါတ်ပုံရိုက်သဖြင့် တမြို့လုံးကို ရိုင်းပျစွာ ဆဲဆိုသွားခဲ့ကြောင်း သတင်း ရရှိသည်။

MG-OO
“ ဦးမောင်ဦးနဲ့ အတူ ပါလာတာက ကြံ့ခိုင်ရေး မွတ်ဆလင် ဘင်္ဂလီ အမတ် ဦးအောင်ဇော်ဝင်း ဖြစ်ပါ တယ်။ မနေ့က  ၁၀ နာရီခွဲခန့်မှာ သူတို့ က ဘူးသီးတောင်က တဆင့် ရသေ့တောင်ကို ယူအန် စပိ ဘုတ်နဲ့ ရောက်လာပါတယ်။ အဲသလို ရောက်လာတဲ့ အခါ လူတချို့က ၀ိုင်းအုံကြည့်ကြတော့ လူတွေကို မကျေမနပ်နဲ့ ဘာကြည့်နေတာလဲ ဆိုပီးး အမျိုးမျိုး ပြစ်တင် ပြောဆိုပါတယ်။ အဲသလို ပြောဆိုနေတာကို  မြို့ခံ တစ်ဦးက လက်ကိုင်ဖုံးနဲ့ ဓါတ်ပုံရိုက်တော့ မြို့ခံ လူထုတွေကို မိုက်ရိုင်းစွာ ဆဲဆိုသွားပါတယ်” ဟု အမည် မဖေါ်လိုသူ မြို့ခံ တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ပြည်သူများကို သာမက လုံခြံုရေး တာဝန် ယူထားသော ရဲတပ်ဖွဲ့ဝင်များကိုလည်း ဆဲဆိုသည်မှာ မကြားဝံ့ မနာသာ ဖြစ်ပြီး လူကြီး တစ်ဦး အနေဖြင့် လုံးဝ မပြုလုပ်အပ်သော ဆဲဆိုမူ ဖြစ်ကြောင်း သူက ပြောဆိုသည်။

“ သူက ပြည်သူတွေကို အပြင်  ရဲတွေကို ဘယ်လို ဆဲသလဲ ဆိုရင် အားတော့ နာပါတယ်ဗျာ။ မအေပေး နှမပေးတွေ၊ မင်းတို့ရဲတွေ ဘာကောင်တွေလဲ။ သွားစမ်း။ သွားကြစမ်း။ ဆိုပြီးတော့ ဆဲပါတယ်။ ဒါ့အပြင် ရသေ့တောင်မြို့သား ကြံ့ခိုင်ရေး ပါတီမှ တာဝန်ရှိသူ ဦးသိန်းထွန်းကိုလည်း မင်းဒီမြို့သား  မဟုတ်ဘူးလား။ ဘာမှ မထိန်းနိုင်ရင် အလုပ်က ထွက်ဆိုပြီး ကြိမ်းမောင်းပါတယ်။ ဒီ ဓါတ်ပုံရိုက်တဲ့ အကောင်ကိုလည်း  ချက်ချင်း ငါရှေ့ကို ခေါ်လာခဲ့။ ဒီကောင်မရရင် ဒီနေရာက ငါမ သွားဘူး။ ငါ့ခွင့်ပြုချက် မရဘဲ ဓါတ်ပုံရိုက်လို့ မရဘူး။ ဒီကောင်ကို ဘယ်သူက ရို်က်ခိုင်းတာလဲ ငါမေး မယ်။ ဆိုပြီး ပြောပါတယ်” ဟု သူက ပြောသည်။

သူနှင့် အတူ မွတ်ဆလင် လွှတ်တော် ကိုယ်စားလှယ်များ ပါလာသည့် အပေါ် မြို့ခံများက တစ်စုံ တစ်ရာ ပြောကြားခြင်း မရှိသော်လည်း သူ့ကိုသူ မလုံမလဲ ဖြစ်ကာ ရသေ့တောင် ဒေသခံများကို  အမျိုးမျျိး ရိုင်းစွာ ပြောဆိုနေခဲ့သည်ဟု ဆိုသည်။

“ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေတာ ကြာပီဘဲ။ လွတ်လပ်စွာ သွားလို့ရတယ်။ ကုလားတွေနဲ့ ခရီး သွားတော့ ဘာဖြစ်လဲ။ ကုလားလည်း အမတ်ဘဲ။ ကြံ့ခိုင်ရေး ပုဆိုးက အနူ ပုဆိုးမဟုတ်ဘူး။”  ဟု ပြောသည်။

ထိုသို့  ရသေ့တောင် သင်္ဘောဆိပ်တွင် ဆဲဆိုနေစဉ် အနီးအနားရှိ အသုဘတစ်ခု အိမ်ပေါ်မှ ကြည့်နေသူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းအား “ ဒီကောင်က ဘာကောင်လဲ” စသဖြင့် မေးမြန်း ပြောဆိုရာ ဦးလှမောင်သိန်း က အသုဘ အိမ်ပေါ်မှ ဆင်းလာပြီး  ကျွန်တော်က ရခိုင် လွှတ်တော် အမတ်ပါဟု ပြောဆိုရာ မိမိမှာလည်း အမတ် တစ်ဦး ဖြစ်ကြောင်း၊ အေးအေးဆေးဆေး ပြော၍ ရကြောင်း ပြောဆိုသည်ဟု ဆိုသည်။

ဦးလှမောင်သိန်းမှ ယခု အသုဘ ဖြစ်နေ၍ လူကြီး လူကောင်းပီပီ ပြောဆိုပါရန် မေတ္တာရပ်ခံရာ မိမိ အသုဘ ရှိနေသည်ကို မသိရှိကြောင်း ပြောဆိုသည်ဟု ဆိုသည်။

၎င်းနောက်ပိုင်း လက်ကိုင် တယ်လီဖုံးဖြင့် ဓါတ်ပုံ ရိုက်သူအားရဲက ခေါ်ဆောင်လာခဲ့ပြီး ရဲတာဝန် ရှိ သူမှ သူ့မှာ ဦးမောင်သောင်း ဖြစ်ပါကြောင်း၊ သာမန် လူတစ်ဦး ဖြစ်ကြောင်း ပြောဆိုရာ ဖုံးကိုသိမ်း ခိုင်းပြီး လူကို ပြန်လွှတ်ပေးလိုက်သည်ဟု ဆိုသည်။

ဦးမောင်ဦးသည် ရသေ့တောင်မြို့ တာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးမှူး ရုံးတွင် တွေ့ဆုံပြီး ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီ အနေနှင့် သဘောထားကြီးရန် လိုအပ်ကြောင်း ပြောဆိုသွား ခဲ့သည်ဟု ဆိုသည်။

အစိုးရဝန်ထမ်းများ ရဲအရာရှိများကိုလည်း အမျိုးမျိုး ဆဲဆိုကြိမ်းမောင်းသွားပြီး ရသေ့တောင်မြို့နယ် ကြံ့ခိုင်ရေး ပါတီ နှစ်ပတ်လည် အခမ်းအနားသို့လည်း တက်ရောက်သွားခြင်း မရှိကြောင်း သိရသည်။

မွတ်ဆလင် ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်ဇော်ဝင်းမှာ ရသေ့တောင် မြို့ပေါ်သို့ တက်ရောက်ခြင််း မရှိဘဲ စပိဘုတ်ပေါ်တွင် ရဲအစောင့် အရှောက်များဖြင့် ကျန်နေခဲ့ကြောင်း သိရသည်။

Most read this week