ပြည်ခိုင်ဖြိုး ရခိုင်တာဝန်ခံ မောင်တောတွင် ရောက်ရှိနေစဉ် ရခိုင်အမျိုး သားတစ်ဦး ဓါးခုတ်ခံရ

ပြည်ခိုင်ဖြိုး ရခိုင်တာဝန်ခံ မောင်တောတွင် ရောက်ရှိနေစဉ် ရခိုင်အမျိုး သားတစ်ဦး ဓါးခုတ်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုး တာဝန်ခံ ဦးမောင်ဦးနှင့် မောင်တောမြို့နယ် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းတို့ မောင်တောမြို့သို့ရောက်နေစဉ် ရခိုင်အမျိုးသားတဦးကို တိုက်ခိုက်ခံရပြီး ဒဏ်ရာ ပြင်းထန််သဖြင့် ဆေးရုံ တင်ပို့လိုက်ရသည်ဟု သတင်း ရရှိသည်။

Maungdaw-watch-tower
တိုက်ခိုက်ခံရသူမှာ မောင်တောမြို့နယ် ရွာသာယာကျေးရွာမှ ဦး အောင်လှဖြူ ဖြစ်ပြီး စက်တင်ဘာ လ ၁၄ ရက် သောကြာနေ့ ညနေ ၈ နာရီကျော်ခန့်တွင် လယ်တဲ စောင့် နေစဉ် ဘင်္ဂလီ ၂၀ ခန့်က သေနတ် တုတ်ဓါးများဖြင့် ၀ိုင်းဝန်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဖြစ်ပွားပုံနှင့်ပတ်သတ်ပြီး ဦးအောင်လှဖြူ၏ မိသားစုဝင်တဦးက ယခုကဲ့သို့ ပြောသည်။

“ဖြစ်တာက ည ၈ နာရီမှာ ဖြစ်တာပါ။ လယ်တဲမှာဖြစ်တာပါ။ လယ်တဲနဲ့ ရွာနဲ့က ၅ မိ နစ်ခန့် ဝေးပါတယ်။ သူက အသက် ၆၀ နီးပါးရှိပါပြီ။ ဒဏ်ရာတွေက ၀မ်းဗိုက်နဲ့ လည်ပင်းမှာ ဒဏ်ရာ ၃ ချက်ရှိ ပါ တယ်။ အားလုံးက ဓါးဒဏ်ရာပါ။ သူက ရွာနဲ့နီးတဲ့ အတွက် သူ့မယားနဲ့ လယ်တဲ စောင့်နေတာပါ။ ပြဿနာ ဖြစ်မှ အော်သံကြားတဲ့အတွက် ရွာကလူတွေ လိုက်သွားတော့ ဒဏ်ရာတွေနဲ့ မြေကြီးမှာ လဲနေတာကို တွေ့ရပါတယ်”  ဟု ဆိုသည်။

ဦးအောင်လှဖြူအား တိုက်ခိုက်ခဲ့သူများမှာ ပန်းဇင်းပြင်ရွာနှင့် ညောင်ချောင်း ဘင်္ဂလီရွာမှ  ဖြစ်ကြောင်း မိသားစုဝင်များက ပြောကြားသာ်လည်း နိရဥ္စရာမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ သူတို့လယ်တဲကို လာပြီး ဘင်္ဂလီ ၂၀ ခန့်က လာဝိုင်းတဲ့အတွက် အော်တဲ့အချိန်မှာ ရွာသားတွေ ထွက်လိုက်သွားတဲ့အတွက် ထွက်ပြေးသွားတယ်။ အောင် လှဖြူမှာတော့ ဓါးဒဏ်ရာ ၃ ချက်နဲ့ အခုတော့ မောင်တော  ဆေးရုံ ကိုပို့ထားပါတယ်။ သေမယ် ရှင်မယ်တော့မသိရပါဘူး” ဟု သူက ဆက်ပြောသည်။

အောင်လှဖြူ၏ ဇနီးဖြစ်သူမှာ လယ်တဲမှ ထွက်ပြေး လွှတ်မြောက်ခဲ့ကြောင်း သိရသည်။

ယခုအခါ အဆိုပါ ကျေးရွာတွင် အခင်းဖြစ်ပွားပြီးနောက် နစက တပ်ဖွဲ့ဝင် ၅ ဦးရောက်ရှိ နေပြီး လုံခြံုရေးယူထားကြောင်း သူကဆက်ပြောသည်။

ယခုကဲ့သို့ ရခိုင်အမျိုးသားတဦး တိုက်ခိုက်ခံရချိန်တွင်  မောင်တောမြို့သို့  ယခင်ပြည် ထဲရေး ၀န်ကြီးဟောင်း၊ ရခိုင်ပြည်နယ် တိုင်းမှူးဟောင်းလည်းဖြစ်ခဲ့သူ ရခိုင် ပြည်ခိုင်ဖြိုး တာဝန်ခံ ဦးမောင်ဦး၊ ဗိုလ်ချုပ်ဘုန်းဆွေနှင့် မောင်တောမြို့နယ်မှ မွတ်ဆလင် လွတ်တော် ကိုယ်စား လှယ်တဦးဖြစ်သူ အောင်ဇော်ဝင်းတို့ ရောက်ရှိနေချိန်လည်း တိုက်ဆိုင်နေသည်။

ဦးမောင်ဦး ဦးဆောင်သည့်အဖွဲမှာ စက်တင်ဘာလ ၁၂ ရက်နေ့က စစ်တွေကနေ ဘူး သီးတောင်သို့ အမြန်ယဉ်နှင့် ရောက်ရှိ လာခဲ့ပြီး ဘူးသီးတောင်မြို့တွင် ဦးမောင်ဦးနှင့် အဖွဲ့ ကို ဘူးသီးတောင်မြို့ခံ သံဃာတော်များက တွေ့ဆုံရန်ကြိုးစားခဲ့သော် လည်း အတွေ့ မခဲဘဲ မောင်တောသို့ လုံခြံုရေးအပြည့်နှင့် ထွက်ခွာခဲ့သည်။

မောင်တောသို့ရောက်ရောက်ချင်း ကြံ့ခိုင်ရေးရုံးတွင် မွတ်ဆလင် ခေါင်းဆောင် များနှင့်တွေ့ ဆုံခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် ငခူရကျေးရွာသို့ ဦးအောင် ဇော်ဝင်းနှင့်အတူ သွားရောက်ခဲ့ပြီး ဘင်္ဂလီများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံစဉ် ၂၀၁၅ ခုနှစ် ကြံ့ဖွတ်ပါတီ မဲရရှိရေးကို ပြောကြားခဲ့ကြောင်း လည်း မောင်တောမြို့ခံများကပြောသည်။

ဦးမောင်ဦးနှင့်အဖွဲ့ မောင်တောသို့ လာရောက်စဉ် မောင်တောမြို့မှ ရခိုင်အမျိုး သမီး များ ဆန္ဒပြရန်စီစဉ်ခဲ့သော်လည်း အာဏာပိုင်များက ဟန့်တားခဲ့သည့်အတွက် ဖျက် သိမ်းခဲ့ရသည်ဟု သိရသည်။

Most read this week