ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ ကလေးမြို ့အာဏာပိုင်များက ပြန်လည်ရောင်း ချ

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ ကလေးမြို ့အာဏာပိုင်များက ပြန်လည်ရောင်း ချ
by -
ခိုနူမ်းထုန်

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ကာ ကုန်သည်များထံမှ ဖမ်းဆီးထားသည့် အိန္ဒိယ နိုင်ငံထုတ် ဆေးလုံးများကို စစ်ကိုင်းတိုင်း၊ ကလေးမြို ့အာဏာပိုင်များက ပြန်လည်ရောင်းချ ခဲ့ကြောင်း သိရသည်။

ကလေးမြို ့ ရဲစခန်းမှူး ထွန်းငွေ ဦးဆောင်သည့်အဖွဲ ့က ဖမ်းဆီးရမိခဲ့သည့် ဆေးလုံးများကို မူးယစ်ဆေး ၀ါးရောင်းဝယ်သူများထံ ခိုးရောင်းနေကြောင်း ကလေးမြို ့ ဒေသခံတဦး ထံမှ သိရှိ ရသည်။

“မကြာသေးဘူးပေါ့နော်၊ ည ၁၂းဝဝ လောက်မှာ ကားစိမ်းနဲ ့ သူတို ့သိုလှောင်ထားတဲ့ ဂိုဒေါင်ကနေသယ် သွားတာ။ ၁၂ ခေါက်လောက် ထုတ်ယူပြီး သယ်သွားတယ်။ ရဲတွေက ရောင်းတာ။ သူတို ့ ကဘဲ ဒီဆေးတွေ သိမ်းတယ်ဆိုတော့ ခိုးရောင်းတာပေါ့” ဟု အဆိုပါဒေသခံက ပြောသည်။

ကလေးမြို ့ အာဏာပိုင်များသည် ၂၀၁၂ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ ့တွင် ချင်းပြည်နယ် ဖလမ်းမြို ့ မှ Mai Siang Tin (37), ကလေးမြို ့ တာဟန်းမှ Lal Than Thang(32) နှင့် Lawma (22) တို ့ထံ မှ ကီလိုဂရမ် ၁၀၀ ခန် ့ရှိသည့် အိန္ဒိယနိုင်ငံထုတ် ဆေးလုံးများကို ဖမ်းဆီးခဲ့သည်။

ထို ့အပြင် ဇူလိုင်လ ၂၉ ရက်နေ ့တွင် တမူးမြို ့မှ သယ်ယူသည့် Pseudoephedrine ဓာတုပစ္စည်းများ ပါ၀င်သည် ဟု ယူဆရသော ဆေး အလုံးရည် ၅၇၉၅၀၀၀လုံး၊ တန်ဖိုးအားဖြင့် ကျပ်ငွေ ၈၆၉၂၅၀၀၀၀ ခန့် ရှိသော မူးယစ်ဆေးများကိုလည်း ဖမ်းဆီးခဲ့သည်။

ယင်းမူးယစ်ဆေးဝါးများကို ကလေးမြို ့ ရဲစခန်း ဂိုဒေါင်တခုတွင် သိုလှောင်ထားကြောင်း၊ ထိုသို ့သိုလှောင် ထားသည့် ဆေးလုံးများကို စခန်းမှူး ထွန်းငွေဦးဆောင်သည့်အဖွဲ ့က မူးယစ်ဆေးဝါး ကုန်သည်များထံ ခိုးရောင်းခဲ့ကြောင်း သိရသည်။

“ကျတော်ခန် ့မှန်းတာပေါ့၊ ကျပ်ငွေ သိန်းပေါင်း ၃၀၀၀ မှ ၅၀၀၀ အကြားရှိတဲ့ ဆေးတွေရောင်းမယ် လို ့ ယူဆတယ်။ သူတို ့ဖမ်းထားတာလဲ များတယ်ဆိုတော့လေ၊ အတိအကျတော့ သိဖို ့ခက် တယ်” ဟုဒေခံကဆိုသည်။

၂၀၁၀ခုနှစ် ဇွန်လတွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ မူးယစ်ဆေးဝါးတားဆီးရေး တွေ ့ဆုံပွဲတွင် မြန်မာ ဘက်မှ မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်သည့် SOLKUF, BROKUF, BROXID, COLD GO, NAM COLD-L, ACTIPIN, ACTIPHATE, ALPRAZOLAM, LORFAST-D နှင့် PEPTICA စသည့် ဆေး စာရင်းများကို ပေးအပ်ခဲ့သည်။

Most read this week