ဦးကျော်မောင်ချေ အသုဘတွင် လူသတ်တရားခံ အစစ်အမှန်ကို ဖေါ်ထုတ်ပေးရန် ပြည်သူများ တောင်းဆို

ဦးကျော်မောင်ချေ အသုဘတွင် လူသတ်တရားခံ အစစ်အမှန်ကို ဖေါ်ထုတ်ပေးရန် ပြည်သူများ တောင်းဆို
by -
နိရဥ္စရာ

ယမန်နေ့က ပြုလုပ်သော ဦးကျော်မောင်ချေ အသုဘတွင် သူ့အား သတ်ဖြတ်သူ တရားခံ အစစ်အမှန်များကို ဖေါ်ထုတ်ပေးရန် အသုဘ လာသူများက ပိုစတာများ ကိုင်ဆောင်ပြီး တောင်းဆိုခဲ့သည်ဟု သိရသည်။

U-k-Mg-Chay-funeral

ရခိုင်ပြည်နယ်တွင် တာဝန်ရှိသူ အများအပြားသည် ပြစ်မူ ကျူးလွန်သူများထံမှ လာဒ်ငွေ အမြောက်အမြား ယူပြီး လွတ်ပေးကာ ပြစ်မူ မကျူးလွန်သူများကိုသာ ဖမ်းဆီး အရေးယူလေ့ရှိနေကြောင်း သိရသည်။

သို့အတွက် ယခု ဦးကျော်မောင်ချေ အမူတွင်လည်း အမှန်တကယ် ပြစ်မူ ရှိသူများကို ဖမ်းဆီး အရေးယူခြင်း မရှိဘဲ လူသတ်မူ ကျူးလွန် ခြင်း မရှိသူ အခြေအနေမဲ့ သာမန် လူများကို ဖမ်းဆီးကာ အရေးယူပြမည်ကို ပြည်သူများက စိုးရိမ်နေကြောင်း သိရသည်။

သို့အတွက်  အသုဘတွင် ပိုစတာများထောင်ပြီး တရားခံ အစစ်အမှန်ကို ဖေါ်ထုတ်ပေးရန် တောင်းဆိုရခြင်း ဖြစ်ကြောင်း  ကျောက်တော် ဒေသခံ တစ်ဦး ဖြစ်သည်။

“ အခု လူတွေက စိုးရိမ်နေတာ အမှန် တကယ် ပြစ်မူ ကျူးလွန်တဲ့သူတွေကို ဖမ်းဆီး အရေးမယူဘဲ ဘာမှမ ဟုတ်တဲ့ လူတွေကို ဖမ်းဆီး အရေးယူမှာကို စိုးရိမ်နေကြပါတယ်” ဟု အမည်မဖေါ်လိုသူ ကျောက်တော် ဒေသခံ တစ်ဦးက ပြောသည်။

ယခင်ကလည်း ယခုလို ငွေကြေး လာဒ်လာဘ ယူပြီး ပြစ်မူ ကျူးလွန်သူများကို အရေးမယူ မဖမ်းဆီးဘဲ မျက်ကွယ် ပြုထားသော  ပြစ်မူများလည်း အများအပြားရှိသည်ဟု ဆိိုသည်။

“ ကျွန်တော်တို့ လက်ပူ လက်ကြပ် မိတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီလို သံသယ ဖြစ်စရာတွေ အများကြီး ရှိနေတယ်။ ကျောက်တော်မှ ရခိုင်တွေကို တိုက်ခိုက်ခဲ့တဲ့ ဘင်္ဂလီတွေကို တစ်ဦး တစ်ယောက်ကိုမှ အရေးယူတာ မရှိခဲ့ပါဘူး” ဟု ဆိုသည်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က ရှမ်းရွာမှ အိမ်တစ်ဆောင် မီးရှို့ခံခဲ့ရပြီး ဇူလိုင်လ ၁၄ ရက်နေ့ကလည်း ပိုက်သည်ရက်ကွက်မှ ဆိုင်ကယ်သမား ကိုစံရွှေ (၃၁)  နှစ်ကို ဘုရားပေါင်းကျေးရွာကို လူသွားပို့ပြီး  အပြန်တွင် ဘင်္ဂလီ ပိုက်သည်ရွာမှ ရွာသား ၂၀ ခန့်က တုတ်ဓါးများဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ဆေးရုံ တင်ပို့ခဲ့ရသည်။

အလားတူ ၂၀၁၂ ခုနှစ် သြဂတ်စ်လ ၂ ရက်နေ့ ညဉ့်အချိိန်ကလည်း အသစ် တည်ဆောက်ထားသော ကျောက်တော် ရွှေပြည်သစ်ကားဂိတ် အဆောက်အဦးနှင့် ဆိုင်ခန်းများကို ဘင်္ဂလီ လူအုပ်စု တစ်ခုက ၀င်ရောက်ဖြိုဖျက်သွားခဲ့ပြီး သြဂတ်စ်လ ၅ ရက်နေ့ကလည်း  တောင်ပေါက်ရွာမှ ရခိုင်အမျိုးသားပိုင် မီးစက်ကြီး တစ်လုံးကို မီးရှို့ ဖျက်ဆီးသွားခဲ့သည်။

သို့သော်လည်း တစ်ဦး တစ်ယောက်ကိုမှ အရေးယူခြင်း၊ ဖမ်းဆီးခြင်း  မရှိခဲ့ကြောင်း သိရသည်။ သို့အတွက် ကျောက်တော် ဒေသခံများက အာဏာပိုင်များ၏ ပြုမူ ဆောင်ရွက်မူများ အပေါ်  သံသယ အကြီးအကျယ် ဖြစ်ပေါ်နေကြောင်း သိရသည်။

ကျောက်တော်မြို့နယ်တွင် ဆူပူ ဖြစ်စဉ်တွင် ရခိုင်လူမျိုး ၃၁ ဦး အဖမ်းခံခဲ့ရပြီး ထိုအထဲတွင် အမျိုးသမီးများ လည်း ပါ၀င်သည်။ ဖမ်းဆီးခံရသူ ရခိုင် အမျိုးသား  အများစုမှာ ဆင်းရဲသူများ ဖြစ်ကြသည်ဟု ဆိုသည်။

Most read this week