အီရန် သံအမတ် စစ်တွေသို့ လာရောက်လည်ပတ်

အီရန် သံအမတ် စစ်တွေသို့ လာရောက်လည်ပတ်
by -
နိရဥ္စရာ

မြန်မာနိုင်ငံ ဆိုင်ရာ အီရန် သံအမတ်သည် ယနေ့ နံနက်က ရန်ကုန်မှ စစ်တွေသို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

Sittwe-market-news
စစ်တွေတွင် နံနက် ၉ နာရီမှ ၁၂ နာရီထိ လူမူ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့် ရခိုင်ပြည်နယ် လွှတ်တော် ခန်းမတွင် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

ထိုသို့ တွေ့ဆုံစဉ်  ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူနှင့် ပတ်သက်ပြီး ဘာသာရေး လူမျိုးရေး အဓိဂရုဏ်းဆံဆံ ပြောကြားသဖြင့် တက်ရောက်လာသူများမှ ဘာသာရေး လူမျိုးရေး အဓိဂရုဏ်း မဟုတ်ပါကြောင်း ရှင်းပြ ပြောကြားခဲ့သည်ဟု သိရသည်။

“ သူပြောတာကတော့ ဘာသာရေး လူမျိုးရေး အဓိဂရုဏ်းဆိုပြီး ပြောပါတယ်။ ဒါကို တက်ရောက်လာတဲ့ သူတွေက လူမျိုးရေး ဘာသာရေး ပဋိပက္ခ မဟုတ်ဘူးလို့ ပြောပါတယ်။ ဆူပူ အကြမ်းဖက်လိုသူတွေက တမင် ဆူပူလိုလို့ လုပ်တယ်လို့ ပြန်လည် ရှင်းပြကြပါတယ်” ဟု တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။

ရခိုင်လူမျိုးများ အနေဖြင့် မည်သည့် ဘာသာ မည့်သည့် လူမျိုးကိုမှ မုန်းတီးခြင်း၊ တိုက်ခိုက်လိုစိတ် မရှိပါကြောင်း၊ ဤသည်ကို သမို််င်းနှင့်ချိဲပြီး လေ့လာနိုင်ပါကြောင်း၊ ယခု ဖြစ်ပွားပြဿနာမှာ ဆူပူမူကို လိုလားသူ လူတစ်စုက တိုင်းပြည် မတည်မငြိမ် ဖြစ်ရန် အတွက် အကွက်ကျကျ စီစဉ် ဖန်တီးရာမှ ဖြစ်ပွားခြင်းသာ ဖြစ်ကြောင်း  ပြောကြားသဖြင့် သံအမတ်ကြီးမှာ နားလည် သဘောပေါက်သွားပုံရကြောင်း သူက ဆက်ပြောသည်။

သံအမတ်ကြီးသည် ရိုဟင်ဂျာ တိုင်းရင်းသားဆိုသော စကားလုံးကိုလည်း သုံးနုန်းခဲ့ကြောင်း အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီးလည်း သမိုင်းကြောင်းနှင့်  ချီပြီး ရိုဟင်ဂျာမှာ တိုင်းရင်းသား မဟုတ်ကြောင်း ရှင်းလင်း တင်ပြပြောကြားခဲ့ကြသည်ဟု သိရသည်။

အီရန် သံအမတ်နှင့် အဖွဲ့သည် တွေ့ဆုံဆွေးနွေးပွဲအား နံနက် ၉ နာရီမှ ၁၂ နာရီထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းနောက်ပိုင်းတွင် ဒုက္ခသည်များ ခိုလုံရာ စခန်းများသို့ သွားရောက် လည်ပတ် ကြည့်ရှု့ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယခုအခါ  နိုင်ငံခြား သံတမန်များ၊ နိုင်ငံခြားမှ အစိုးရ အဖွဲ့ဝင် တာဝန်ရှိသူများ၊ အန်ဂျီအိုများ၊ ကော်မရှင် အဖွဲ့ဝင် လူကြီးများ၊ ပြည်တွင်း အန်ဂျီအိုများ၊ သတင်းထောက်များ  နေ့စဉ် ၀င်လာမစဲဲ  တသဲသဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။

အီရန် သံအမတ်သည် ယနေ့တွင် စစ်တွေမှ  ရန်ကုန်သို့ ပြန်သွားမည်ဟု သိရသည်

Most read this week