ရခိုင်တွင် ရင်းနှီး မြှုပ်နှံမူ ပြုလုပ်ရန် နိုင်ငံတကာကို ဘင်္ဂလာဒေချ့် အစိုးရ တိုက်တွန်း

ရခိုင်တွင် ရင်းနှီး မြှုပ်နှံမူ ပြုလုပ်ရန် နိုင်ငံတကာကို ဘင်္ဂလာဒေချ့် အစိုးရ တိုက်တွန်း
by -
နိရဥ္စရာ

မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ် တွင် ရင်းနှီးမြုပ်နှံမူ ပိုမို ပြုလုပ်ကြရန် အမေရိ ကန်နှင့် နို်င်ငံ တကာကို ဘင်္ဂလာဒေချ့် အစိုးရမှ တိုက်တွန်းလိုက်သည်။

Burma-Rakhaine-map
ထိုသို့ ရင်းနှီးမြုပ်နှံခြင်းဖြင့် ရခိုင်ဒေသသည် စီးပွားရေး အရ ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပြီး  ဘင်္ဂလာဒေချ့်သို့ထွက်ပြေး လာနေသော မွတ်ဆလင် ဒုက္ခသည်များ အရေးကို ရပ်တန့်စေလိမ့်မည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ရခိုင်ဒေသသို့ လည်ပတ် အပြီး ယမန်နေ့က ဒက္ကားမြို့သို့ ရောက်ရှိလာသော အမေရိ ကန် အာရှ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်းနှင့် အဖွဲ့နှင့် ဘင်္ဂ လာဒေချ့် အစိုးရတို့ ရခိုင်ဒေသ အရေးနှင့် ဒုက္ခသည် ကိစ္စကို တွေ့ဆုံနွေးစဉ် ဘင်္ဂလာဒေချ့် ဘက်က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရခိုင်ဒေသတွင် ရင်းနှီးမြပ်နှံခြင်းဖြင့် ဘင်္ဂလာဒေချ့်ကိုလည်း ကူညီရာ ရောက်မည် ဖြစ်ကြောင်း၊ အ ဘယ်ကြောင်းဆိုသော်  ဘင်္ဂလာဒေချ့်သို့ ထွက်ပြေးလာနေသော ဒုက္ခသည်များ လျော့ကျ သွား စေမည် ဖြစ်၍ ဟုဆိုသည်။

ရခိုင်ပြည်နယ်သည် သဘာဝ သယံဇာတ အထူး ပေါကြွယ်ဝသော ပြည်နယ်တစ်ခု ဖြစ်သော်လည်း အုပ်ချုပ်သူ အစိုးရအဆက် ဆက်၏ ဖိနှိပ် သွေးခွဲ အုပ်ချုပ်မူကြောင့် စီးပွားရေး အရ အထူးချွတ်ခြံု ကျနေသော ပြည်နယ်တစ်ခုဖြစ်ပြီး ဆင်းရဲ မွဲတည်မူနှင့် အလုပ်လက်မဲ့နုန်းမှာ ကြောက်ခမန်းလိလိ တိုးပွားနေကြောင်း သိရသည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်းနှင့် အဖွဲဲ့သည် ယမန်နေ့က ရန်ကုန်မှ တဆင့် ဒက္ကားမြို့တော်သို့ ရောက်ရှိလာသည်။ ယနေ့တွင် မြန်မာနယ်စပ် အနီးရှိ ဒုက္ခသည် စခန်း များရှိရာ ကော့စ်ဘဇားသို့ သွားရောက် လည်ပတ်ကြည့်ရှု့နေသည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးနှင့် အဖွဲ့သည် မြန်မာနိုင်ငံမှ ဘင်္ဂလာဒေချ့် သို့ ရောက်ရှိနေသော မွတ်ဆလင် ဒုက္ခသည်များ၏ ရေတို၊ ရေရှည် အကျိုးကိစ္စများကို ဘင်္ဂ လာဒေချ့်  အစိုးရနှင့်သာမက ဘင်္ဂလာဒေချ့်တွင် ရှိနေကြသော နိုင်ငံခြား အန်ဂျီအိုများနှင့် လည်း ဆွေးနွေးကြမည် ဖြစ်သည်။

ဘင်္ဂလာဒေချ့်မှ ပိတ်ပင်ထားသော နိုင်ငံတကာ အန်ဂျင်္ီအို (၃) ခုဖြစ်သည့် Muslim Aid ( UK) ၊ MSF ( Holland) နှင့် Action Against Hunger (ACF) ကို ပြန်လည် ခွင့်ပြုရန် အမေရိကန် က ပြောသော်လည်း ဘင်္ဂလာဒေချ့် အစိုးရမှ အဆိုပါ အဖွဲ့ (၃) ဖွဲ့သည် ရရှိထား သဘောတူညီ ချက်ကို ချိုးဖေါက်ပြီး အလွန်အကျွံ လုပ်ဆောင်သဖြင့် ပိတ်ပင်ထားခြင်း ဖြစ််ကြောင်း  ပြောဆိုသည်။

Most read this week