ကျောက်တော်မြို့နယ် သရက်အုပ် ကျေးရွာ ကောင်စီ ဥက္ကဌဟောင်း ယမန်နေ့က သတ်ဖြတ်ခံရ

ကျောက်တော်မြို့နယ် သရက်အုပ် ကျေးရွာ ကောင်စီ ဥက္ကဌဟောင်း ယမန်နေ့က သတ်ဖြတ်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်အုပ် ကျေးရွာ ကောင်စီ ဥက္ကဌ ဟောင်း ယမန်နေ့ ညနေပိုင်းက ကျောက်တော်မှ အိမ်အပြန် သတ်ဖြတ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

ကျောက်တော်မြို့နယ် ရခိုင်သားပိုင် ဆန်စက် လွန်ခဲ့သောလက မီးရှို့ခံထားရစဉ်။

သတ်ဖြတ်ခံရသူ ကောင်စီ ဥက္ကဌ ဟောင်းမှာ သရက်အုပ်ကျေးရွာမှ  ဦးကျော်မောင်ချေ(၆၄) နှစ်ဖြစ် သည်။

ဖြစ်ပျက်ပုံနှင့်ပတ်သတ်ပြီး ကျောက်တော်မြို့မှ လူကြီးတဦးက ယခုကဲ့သို့ နိရဥ္စရာသို့ ပြောသည်။

“မနေ့က ည ၅ နာရီကျော်ကျော်ခန့်မှာ ကျောက်တော်ကနေ ကိုယ့်ရွာကို တယောက်တည်းပြန် သွား တယ်။ နေဝင်လာတဲ့အချိန်မှာ အိမ်ကိုမရောက်တဲ့အတွက် အိမ်ကလူတွေ က ကျောက်တော် ကို ဖုန်း ဆက်ပြီးမေးတယ် ။ ကျောက်တော်က လည်း ပြန်သွားပြီးလို့ ပြောတဲ့ အတွက် ရွာကလူ ၆ ဦးလိုက်ရှာ တဲ့အခါ လမ်းမှာ သူ့ဖိနပ်နဲ့ သွေးတွေကိုတွေ့တဲ့အတွက် ရွာကလူတွေကို ထပ်ခေါ်ပြီး ရှာတဲ့အခါ ဖိနပ် တွေ့တဲ့နေရာနဲ့ ကိုက် ၂၀၀ ခန့်မှာ အလောင်းကို တွေ့ပါတယ်” ဟု ပြောသည်။

အခင်းဖြစ်ပွားသည့်နေရာမှာ ကျောက်တော်မြို့နှင့် သရက်အုပ်ကျေးရွာအကြားတွင်ဖြစ်ပြီး အဆို ပါ နေရာများမှာ ဘင်္ဂလီများပိုင်ဆိုင်သည့် လယ်မြေများဖြစ်ကြောင်း သိရသည်။

ဦးကျော်မောင်ချေမှာ ယမန်နေ့က မလေးရှားရှိသားဖြစ်သူထံမှ ပေးပို့လိုက်သည့်ငွေများ ကို ကျောက်တော်မြို့တွင် နေထိုင်သည့် သမီးအကြီးဖြစ်သူထံမှ တဆင့်ယူပြီး အကြွေးများပေးရန်ရှိ သည်ကို ပေးဆပ်ပြီး ရွာသို့ အပြန်တွင် ယခုကဲ့သို့ အသတ်ခံရခြင်းဖြစ်သည်။

ယခုအခါ ဦးကျော်မောင်ချေအလောင်းကို ကျောက်တော်ဆေးရုံး ရင်ခွဲရုံတွင် ထားရှိပြီး လူအများ အပြား လာရောက်ကြည့်နေကြောင်း သိရသည်။

“ ဒဏ်ရာက ဦးခေါင်းမှာတချက်ရှိတယ်။ ကျောကုန်းမှာလည်းဒဏ်ရာတွေ ရှိတယ်။ လည်ပင်းကိုလည်း ဓါးနဲ့ လှီးထားတာတွေ့ရပါတယ်။ ဒဏ်ရာတွေက ဓါးခုတ်ရာတွေပါ” ဟု သွားရောက်ကြည့်ရှုခဲ့သူ မြို့ခံတဦးက ပြောသည်။

ယခုအခါ ကျောက်တော်မြို့ ရဲစခန်းမှ အမှုနှင့်ပတ်သတ်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး ယနေ့ နံနက်က အခင်းဖြစ် ပွားနေရာအနီးတွင် ဓါးနှင့် တွေ့ရသည့် ကျောက်တော် ပိုက်သည်ရပ်မှ ဘင်္ဂလီ နှစ်ဦးကို ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

ဦးကျော်မောင်ချေမှာ ဇနီးဖြစ်သူနှင့်အတူ သားသမီး ရ ဦးကျန်ခဲ့ကြောင်း သိရသည်။

ဦးကျော်မောင်ချေသတ်ဖြတ်ခံရသဖြင့် ကျောက်တော်မြို့ အခြေအနေမှာ ပြန်လည် တင်းမာနေပြီး အခြေအနေမှာ ပြန်လည် ဆိုးရွားလာနိုင်သော အခြေအနေတွင် ရှိနေကြောင်း သိရသည်။

ကျောက်တော်မြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ထားပြီး လုံခြံုရေး တင်းကျပ်ထား ထားသော် လည်း ယခု လုပ်ရပ် အပေါ် ရခိုင်အမျိုးသားများက လုံးဝ မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။

ကျောက်တော်မြို့နယ်တွင် အကျင့်ပျက် စစ်သားများက  ပိုက်ဆံယူပြီး ဘင်္ဂလီတဦးကို  စစ်ယူ နီဖောင်း ၀တ်ပြီး သူတို့နှင့်အတူ ယမန်နေ့ နံက်နက်ပိုင်းက စျေးလာဝယ် သည့် အတွက် ကျောက်တော်မြို့တွင် ရုတ်ရုတ် သဲသဲ ဖြစ်ပေါ် ခဲ့ကြောင်း မြို့ခံများကပြောသည်။

Most read this week