စစ်တွေတွင် လူငယ် တစ်ဦးကို သေနတ်ပစ် ဖမ်းဆီးပြီး ရိုက်ပုတ်ရာမှ လုံထိန်းနှင့် ရပ်ကွက်သားများ စကားများ

စစ်တွေတွင် လူငယ် တစ်ဦးကို သေနတ်ပစ် ဖမ်းဆီးပြီး ရိုက်ပုတ်ရာမှ လုံထိန်းနှင့် ရပ်ကွက်သားများ စကားများ
by -
နိရဥ္စရာ

စစ်တွေမြို့တွင် အချိန် ရ နာရီကျော်ပြီးမှ ဆေးရုံက ပြန်လာသူ လူငယ် တစ်ဦးကို လုံခြံုရေး  တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး ရမိပြီးနောက် ရိုက်ပုတ် ထိုးကြိတ် သဖြင့် ရပ်ကွက်နေ လူထုနှင့် လုံခြံုရေး ယူထားသူ လုံထိန်းတပ်ဖွဲ့အကြား ပဋ္ဋိပက္ခ ဖြစ်ကာ အခြေအနေ တင်းမာခဲ့သည်ဟု သိရသည်။

sittwe_rakhine

“ ဖြစ်တာက ညနေ ရ နာရီခွဲမှာ မောလိပ်ရပ်ကွက် ရွှေဦးဆိုတဲ့ ဆန်ဆိုင် ရှိတယ်။ အဲဒီနားမှာ ဘဲ ဖြစ်တာပါ။ ကောင်လေးက အမေ နေမကောင်းတဲ့ အတွက် ဆေးရုံကို သွားပြီး ပြန်အလာမှာ ရ နာရီခွဲနေပြီဆိုတော့ မောလိပ်ရက်ကွက် လုံခြံုရေး ယူထားတဲ့ လုံထိန်းက ဖမ်းဖို့လိုက် တယ်။ ကောင်လေးက ကြောက်ပြီး ထွက်ပြေးတော့ သေနတ် ပစ်ပါတယ်။ နောက်တော့ ဖမ်းမိသွားပြီး ကောင်လေးကို တရွတ်တိုက်ဆွဲ ယူလာပြီး ရိုက်ပုတ် ထိုးကြိတ်ကြပါတယ်” ဟု စစ်တွေမြို့ မောလိပ်ရပ်ကွက်မှ မျက်မြင်အမျိုးသမီးတဦးက ပြောသည်။

ဖမ်းဆီးမိသွားသူ လူငယ်အား ထိုးကြိတ် ရိုက်ပုတ်နေသည်ကို မမြင်နိုင်သဖြင့် ရပ်ကွက်နေ ပြည်သူများမှ အိမ်ထဲက ထွက်လာပြီး သေနတ် ပစ်ခတ်စရာ ရိုတ်ပုတ်စရာ မလိုပါကြောင်း၊  ဖမ်းမယ်ဆိုရင် ဖမ်းဆီး ခေါ်ဆောင်သွားပါဟု ပြောကြားရာ လုံထိန်းများက ရပ်ကွက်သားများကို ပါထိုးကြိတ်ရန် လုပ်သဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးက လာရောက် ဟန့်တားခဲ့ရသည်ဟု ဆိိုသည်။

“ ကောင်လေးကို ဆွဲယူ ထိုးကြိတ်နေတာကို ကျွန်မတို့ အိမ်ရှေ့ကပါ မြင်နေရတယ်။ အခုလို လုပ်တာက ရပ်ကွက်နေ လူထုကို စိတ်ထိခိုက်မူ ဖြစ်စေတဲ့ အတွက် ရပ်ကွက်သားတွေက ဖမ်းမယ်ဆိုရင်လည်း  ဖမ်းသွားပါ။ ဒီလို ထိုးကြိတ်တာတွေကို လူတွေရှေ့မှာ မလုပ်ပါနဲ့ဆိုတော့ လုပ်ရင်ဘာ ဖြစ်လဲ။  ရပ်ကွက်မှာ သေနတ်ပစ်ရင် ဘာဖြစ်လဲဆိုပြီး ပြောတဲ့သူတွေကို ထိုးမယ် ကြိတ််မယ်လုပ်တော့ ပဋိပက္ခဖြစ်ပြီး ရပ်ကွက်တစ်ခုလုံး ဆူဆူပူပူ ဖြစ်သွားတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးလည်း ရောက်လာပြီး နောက်တော့ ကောင််လေးကို ဖမ်းခေါ်သွားပါတယ်” ဟု သူမက ဆိုသည်။

စစ်တွေတွင် ပုဒ်မ ၁၄၄ ထုတ်ထားပြီး ည ရ နာရီမှ နံနက် ၆ နာရီထိ အပြင်ထွက်သွားလာခွင့်ကို ပိတ်ပင်ထားသည်။

“ ကျွန်မတို့ ရခိုင်တွေကိုဘဲ သူတို့က သေနတ်ပစ်တယ်။ ဖမ်းဆီး နှိပ်စက် နေပါတယ်။ ဘင်္ဂလီတွေကို ကျတော့ ညလမ်းဖြတ်မယ်ဆိုရင်၊ အိမ်ထဲကနေ အိမ်ပြင်ကို ထွက်မယ်ဆိုရင် တစ်ယောက်ကို ငွေ ၂၀၀  နဲ့ ခွင့်ပြုပေးတယ်။ အမေ နေမကောင်းလို့ အချိန် နည်းနည်း နောက်ကျမှ  ပြန်လာတဲ့ ကောင်လေး ကျတော့ သေနတ်နဲ့ ပစ်ဖမ်းတယ်။ ပီးရင် ရိုတ်ပုတ် နှိပ်စက်တယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးကလည်း ဒီလို  လုပ်နေတာကို ဘာမှ မပြောရဲဘူး။ ကျွန်မတို့ ရခိုင်တွေ အခုတော့ အားကိုးစရာ မရှိ ဖြစ်နေ ကြရပါပြီ” ဟု သူမက ဆိုသည်။

သေနတ် တစ်ချက် ပစ်ခတ် ဖမ်းဆီး ခံရသူ လူငယ်မှာ အသက် ၂၀ အရွယ်ဝန်းကျင်ရှိပြီး ကာဗျူး အချိန် ညနေပိုင်းတွင် ဖြစ်သဖြင့် နာမည်ကို မသိရှိရသေးကြောင်း သူမက ပြောသည်။

စစ်တွေ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးမှ ပါတီမှလည်း အခင်းဖြစ်ပွားမူကို အတည်ပြု ပြောကြားပြီး ဖမ်းဆီးခံရသူ လူငယ်အား အပြင်းအထန် ရိုက်ပုတ်ခဲဲ့ပြီး ဘေးပတ်ဝန်းကျင် ရပ်ကွက်သားများကပင် ၀င်ရောက် ဟန့်တား၍ မရခဲ့ကြောင်း ပြောကြားသည်။

Most read this week