ဘင်္ဂလာရဲ ရဲ့ Jamaatul Arakan စစ်ဆင်ရေး အတွင်း မြန်မာနိုင်ငံသား ၅၄ ဦး ဖမ်းဆီးခံရ

ဘင်္ဂလာရဲ ရဲ့ Jamaatul Arakan စစ်ဆင်ရေး အတွင်း မြန်မာနိုင်ငံသား ၅၄ ဦး ဖမ်းဆီးခံရ
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့်ရဲအဖွဲ့က မြန်မာနယ်စပ်အနီးတည်ရှိတဲ့ ဘင်္ဂလာဒေချ်နိုင်ငံ အတွင်းက ခရိုင် တချို့မှာ အခုအခါ အစွန်းရောက် အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ Jamaatul Arakan  ကို စစ်ဆင်ရေးလုပ်နေပါတယ်။

ဖမ်းဆီးခံထားရသူများ (ဓါတ်ပုံ- အင်တာနက်)

လွန်ခဲ့တဲ့ အပတ်က သံသယ ရှိနေသူ လူ (၄) ဦးကို ဘင်္ဂလာရဲက ဖမ်းမိခဲ့ပြီး စစ်ဆေးတဲ့ အခါ သူတို့ဟာ jamaatual Arakan အဖွဲ့က ဖြစ်ပြီး  ဘင်္ဂလာဒေ့ချ်က မတရားအသင်း ကျေညာထားတဲ့ ဂျီအမ်းဘီနဲ့ အဆက်အသွယ်ရှိတယ်လို့ ထွက်ဆိုတဲ့ အတွက် အခုလို နယ်စပ်က ခရိုင်တချို့ ဖြစ်တဲ့ ကော့စ်ဘဇား၊ ဘင်ဒရိုဘင်နဲ့ ရန္ကာမတီ တို့မှာ စစ်ဆင်ရေး လုပ်နေတာ ဖြစ်တယ်လို့ သတင်းစာတွေမှာ ရေးသား ဖေါ်ပြပါတယ်။

အခုလို စစ်ဆင်ရေးအတွင်းမှာ မြန်မာနိုင်ငံက ၀င်ရောက်နေထိုင်တဲ့ မွတ်ဆလင်တွေကိုလည်း လိုက်လံ ဖမ်းဆီးနေတဲ့ အတွက် လွန်ခဲ့တဲ့ စနေနေ့က ကော့စ်ဘဇားခရိုင် အတွင်းမှာ မြန်မာနိုင်ငံက မွတ်ဆလင် ၅၄ ဦးကို ဖမ်းမိခဲ့တယ်လို့ ကော့စ်ဘဇားရဲတပ်ဖွဲ့ အက်စ်အိုင်  Shahed က ပြောတယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

သူတို့ ၅၄ ဦးကို ကော့စ်ဘဇားမြို့နားက နော်နီချာရာနဲ့ ကတူဒီယာအရပ်တွေက ဖမ်းဆီးမိတာ ဖြစ်တယ်လို့ ပြောပါတယ်။ စက်တင်္ဘာလ ၁၀ ရက်နေ့က ထုတ်တဲ့ The Independent သတင်းစာမှာတော့ ဖမ်းဆီးခံရတဲ့  သူတွေရဲ့ အမည်စာရင်းကို သူတိုု့ ရဲ့ အသက်တွေနဲ့ အတူ ပုံနှိပ် ဖေါ်ပြခဲ့ပါတယ်။

ကော့စ်ဘဇားမြို့က အကြီးအတန်း သတင်းထောက် တစ်ဦးပြောတာကတော့ အဖမ်းဆီးခံရသူတွေ အများစုဟာ Jamaatul Arakan  အဖွဲ့နဲ့ ပတ်သက်မူ မရှိသူတွေ ဖြစ်ကြပြီး ငါးဖမ်းသမားတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဖမ်းဆီးခံရသူတွေကို ရဲအဖွဲ့က အခုအချိန်ထိ စစ်ဆေးနေတုန်း ဖြစ်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ ရက်ခန့်ကလည်း ဘင်္ဂလာရဲနဲ့ စစ်တပ် တို့ ပူးပေါင်းပြီး မြန်မာ နယ်စပ် အနီး  စစ်တကောင်း တောင်တန်းနယ် အလယ်ခွာတောင် မြို့က  ၁၃ ကီလိုမီတာခန့် ဝေးပြီး အကြမ်းဖက်သမားတွေ ခိုအောင်းနေ တဲ့တောတွင်းက နေရာကို စီးနှင်းမူ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ စီးနှင်းမူ မစတင်မီ လူတွေကထွက်ပြေး သွားတဲ့ အတွက် စခန်းကိုဘဲ သိမ်းမိပြီး စာအုပ်စာတန်း တချို့နဲ့ အထောက်အထား ပစ္စည်း တချို့ကို သိမ်းဆည်း ရမိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီ  စခန်း စီးနှင်းမူ ပြုလုပ်ရာ ဘင်္ဂလာရဲ အဖွဲ့က သတင်းထောက်တွေကိုလည်း ခေါ်ယူသွားခဲ့တယ်လို့ ကော့စ်ဘဇား အကြီးတန်း သတင်းထောက်က ပြောပါတယ်။

ဘင်္ဂလာရဲအဖွဲ့ဟာ နယ်စပ်မှာ အခုအချိန်ထိ စစ်ဆင်ရေး ပြုလုပ်နေပြီး ဖမ်းဆီးမူတွေလည်း ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ကော့စ်ဘဇားခရို်င် ရဲစခန်း ရဲမှူးကြီး ကမာရုလ် ဟာဆန် ( Kamrul  Hasan) က မြန်မာနိုင်ငံ မွတ်ဆလင် (သူ့အခေါ် ရိုဟင်ဂျာ) ဆိုသူတွေကြောင့် ကော့စ်ဘဇားခရိုင် အတွင်းမှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက် ပျက်ပြားလာတာကြောင့် သူအနေနဲ့ ကော့စ်ဘဇားကို ရိုဟင်ဂျာတွေနဲ့ ကင်းရှင်း အောင် လုပ်လိုတယ်လို့ The Independent ကို ပြောဆိုကြောင်း သတင်းစာက ရေးသား ဖေါ်ပြပါတယ်။

ခုလို ရဲမှူးကြီး ပြောကြားချက်အပြင် စစ်ဆင်ရေးကိုလည်း နယ်စပ်မှာ ဆက်လက် ပြုလုပ်နေတာကြောင့် နယ်စပ် တလျှောက်မှ နေထိုင်တဲ့ မြန်မာနိုင်ငံက  တရားမဝင် ၀င်ရောက်နေထိုင်သူတွေကို အခု ရက်ပိုင်းတွေ အတွင်း ဖမ်းဆီးမူတွေ ပိုများလာနိုင်တယ်လို့ လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။

Most read this week