မြန်မာမှ တင်သွင်းလာသော စိတ်ကြွဆေးပြား တာကာ သိန်း ၄၀ ကျော်ဖိုး နစ်မြစ် အတွင်း ဖမ်းဆီး

မြန်မာမှ တင်သွင်းလာသော စိတ်ကြွဆေးပြား တာကာ သိန်း ၄၀ ကျော်ဖိုး နစ်မြစ် အတွင်း ဖမ်းဆီး
by -
နိရဥ္စရာ

မြန်မာနိုင်ငံ အနောက်ဘက်ဒေသ ရခိုင်ပြည်နယ် မောင်တောမှ သယ်ယူလာသော တာကာ သိန်း၄၀ကျော်ဖိုးရှိ စိတ်ကြွဆေးပြားများကို ဘင်္ဂလားဒေ့ချ်နယ် စပ်အနီး နစ်မြစ်အတွင်း ဘင်္ဂလာ အာဏာပိုင်များက ဖမ်းဆီး ရမိသည်ဟု ဒေသတင်းအရ သိရ သည်။

Teknaf-Yaba-held
မောင်တောမှ လှေတစီးဖြင့် သယ်ယူလာသော လူတဦးနှင့်အတူ အဆိုပါစိတ်ကြွဆေး ပြားမျာကို ဘီဂျီဘီတပ် ဖွဲ့မှ ဆားပြင် ရွာ နှင့် မိုလဗီရွာအကြား အမှတ်(၄)နယ်မြေ၊ နစ်မြစ်အတွင်း စက်တင်ဘာ ရ ရက်နေ့က ဖမ်းဆီးမိခြင်း ဖြစ်သည်။

တက်ကနက် မြို့နယ်အတွင်းရှိ ဆားပြင်နှင့် မိုလဗီရွာသည် မောင်တောနှင့် နစ်မြစ်တဘက် တကမ်းတွင်ကပ်ရပ် တည်ရှိနေသော ဒေသများဖြစ်၍ မကြာခဏ မှောင်ခိုပစ္စည်းများ တရားမဝင် အပြန်အလှန် တင်ပို့နေကျနေရာ များဖြစ်သည်။

စိတ်ကြွဆေးပြားအလုံး ၁၃၃၂၀နှင့်အတူ ဖမ်းဆီးခံရသည့် မူးယစ်ဆေးဝါး ဖေါက်ကားသူအား သက်ဆိုင်ရာမှ ဖမ်းဆီး ထိန်းသိမ်းထားသည် ဟုသိရသည်။

နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စရပ်များကို မကြာခဏဆွေးနွေးခဲ့ ကြပြီး နှိမ်နှင်း နေကြ သော်လည်း မြန်မာ့မူး ယစ်ဆေးဝါးများမှာ ဘင်္ဂလားဒေ့ချ် နိုင်ငံသို့ နေ့စဉ်ရက်ဆင့် အတားအဆီးမရှိ ခိုးဝင်နေသည်ဟု သိရသည်။

Most read this week