အရေးအခင်းတွင် ကျဆုံးသူ သံတော်လီ ဥက္ကဌဟောင်းအား ဂုဏ်ပြု ကျောက်တိုင် စိုက်ထူ

အရေးအခင်းတွင် ကျဆုံးသူ သံတော်လီ ဥက္ကဌဟောင်းအား ဂုဏ်ပြု ကျောက်တိုင် စိုက်ထူ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အရေးအခင်းအတွင်း ခုခံယင်း ရှေ့တန်းမှ ကျဆုံးသွားခဲ့သူ သံတော်လီ ဥက္ကဌဟောင်း ဦးကျော်သိန်းအား ဂုဏ်ပြု ကျောက်တိုင် တစ်ခု စိုက်ထူခဲ့ကြသည်ဟု သတင်း ရရှိသည်။

ဆွမ်းကျွေး အမျှဝေနေစဉ်။

ကျောက်တိုင် စိုက်ထူပွဲကို အခမ်းအနားဖြင့်  စစ်တွေ-ကျေးတောတွင် စက်တင်ဘာ ရရက်နေ့က ပြုလုပ်ခဲ့ကြ သည်။

အခမ်းအနားသို့ ကိုယ်တိုင် သွားရောက်ခဲ့သူ ရခိုင်တိုင်းရင်းသား ကိုယ်ခံပညာရှင်များ အင်အားစုမှ လူငယ်တဦးက နိရဥ္စရာသို့ ယခုလိုပြောသည်။

 “အခမ်းအနားကို မနေ့က မနက် ၉နာရီစလုပ်ပြီးတော့ မွန်းတည့် ၁၂ရီမှာပြီးပါတယ်။ အရေးအခင်းအတွင်းကျ ဆုံးသွားတဲ့ သံတော်လီ ဥက္ကဌဟောင်း ဦးကျော်သိန်းအပါ၀င် တိုက်ပွဲဝင် ရဲဘော်သုံးဦးကို ရည်စူးပြီးတော့ အုပ် မြစ်ချ ကျောက်တိုင်  စိုက်ထူပါတယ်။ ပြီးရင်ကျေးတောဘုန်း ကြီးကျောင်းမှာ မေတ္တာပို့ အမျှဝေပြီးတော့ ပင့်ပိတ်ထားတဲ့ သင်္ဃာအပါး ၃၀ ကိုဆွမ်းကျွေးပါတယ်” ဟုပြောသည်။

ကျေးတော သံတော်လီရွာမှ ဥက္ကဌဟောင်း ဦးကျော်သိန်းသည် စစ်တွေတွင် ဖြစ်ပေါ်ခဲ့သော ဘင်္ဂလီများ၏ ဆူပူ အကြမ်းဖက်မူတွင် မိမိ ကျေးရွာကို ရှေ့တန်းမှ ရွပ်ရွပ်ရွံံရွံ ကာကွယ်ရင်း ကျဆုံးသွားခဲ့သည်။

ကျောင်းထိုင် ဆရာတော်နဲ့ ရတပ ပါတီက လူကြီးတွေက နောင်လာ နောင်သားတွေ ခုဖြစ်ပျက်ခဲ့တဲ့ အရေး အခင်း မျိုးကို သင်ခန်းစာတွေ ယူသင့်ကြောင်း၊ အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်သော်လည်း  မိမိရပ်ရွာ မိမိလူမျိုးအတွက် အသက်ပဓါန မထားဘဲ ရဲရဲရင့်ရင့် ခုခံ ကာကွယ်ခဲ့သူ ဦးကျော်သိန်းလို ရခိုင်အမျိုးသား ကောင်း များ၏ လုပ်ရပ်ကို အတုယူသင့်ကြောင်း ပြောကြားခဲ့သည်ဟု သူက ဆိုသည်။

ခမ်းအနားသို့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ဦးခိုင်ပြည်စိုး၊ ဆရာဦးထွန်းအောင်၊ ရဟန်းပျို အသင်းမှ ဥက္ကဌတို့ပါ၀င်ပြီး စုစုပေါင်းလူဦးရေ ၃၀၀ နီးပါးတက်ရောက် ခဲ့သည်ဟု ဆိုသည်။

ကျောက်တိုင် စိုက်ထူပွဲ အခမ်းအနားကို ကျေးတော ရွာသူ/သား၊ ရခိုင်ရဟန်းပျိုအသင်း၊ ရတပပါတီ၊ ရခိုင်တိုင်း ရင်း သား ကိုယ်ခံပညာရှင်များ အင်အာစုတို့မှ ပူးပေါင်းကာ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

Most read this week