မူးယစ်ဆေးဝါး အရေး ဘင်္ဂလာနှင့် မြန်မာ ညွှန်ကြားရေးမှူး အဆင့် ဆွေးနွေးမည်

မူးယစ်ဆေးဝါး အရေး ဘင်္ဂလာနှင့် မြန်မာ ညွှန်ကြားရေးမှူး အဆင့် ဆွေးနွေးမည်
by -
နိရဥ္စရာ

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလာဒေချ့်တို့ ညွှန်ကြားရေးမှူး အဆင့်  အစည်းအဝေး တစ်ခုကို ဒက္ကားမြို့တွင် ယနေ့  ပြုလုပ်ကြမည် ဖြစ်သည်ဟု ဘင်္ဂလာဒေချ့် ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ဖေါ်ပြောကြားသည်။

mapsampler
အဆိုပါ အစည်းအဝေးတွင် မူးယစ် တိုက်ဖျက်ရေး ဆိုင်ရာ ဌာနမှ နှစ်ဘက်နိုင်ငံ ညွှန်ကြားရေးမှူး အဆင့် တာဝန်ရှိသူများ တက်ရောက်ကြမည် ဖြစ်ပြီး မူးယစ် နှိမ်နှင်းရေး ကိစ္စများကို ဆွေးနွေးကြမည်ဟု ဆိုသည်။

ဘင်္ဂလာဒေချ့် နိုင်ငံ အနေဖြင့် ဆွေးနွေးပွဲတွင် စိတ်ကြွဆေးပြား (ယာဘား) ထုတ်လုပ်နေသော မြန်မာဘက် က စက်ရုံ ၃၇ ရုံကို ပိတ်ပေးရန် တောင်းဆိုသွားမည်ဟု ဆိုသည်။

ဘင်္ဂလာဒေချ့် သတင်းစာများက အဆိုပါ စက်ရုံ ၃၇ ရုံကို နာမည်နှင့် တကွ ရေးသား ဖေါ်ပြကြပြီး အများစုမှာ မြန်မာနိုင်ငံ အရှေ့ဘက် ရှမ်းပြည်နယ်တွင် ဖြစ်သည်ဟု သိရသည်။

ဘင်္ဂလာဒေချ့် နိုင်ငံသည် မြန်မာဘက်မှ တင်သွင်းလာသော စိတ်ကြွဆေးပြားများ၏ ဆိုးကျိုးကို အူးအလိမ့်ခံ နေကြရပြီး အသက် ၁၈ နှစ်နှ ၃၀ နှစ်အကြား လူငယ်များ အနေဖြင့် ယာဘားဆေးများကို တွင်တွင်ကျယ် ကျယ် သုံးစွဲနေကြသည်ဟု ဆိုသည်။

မြန်မာဘက် အခြမ်း မောင်တော နယ်စပ်တလျှောက်တွင်လည်း ယာဘားဆေးပြားများကို ထုတ်လုပ်ကာ ဘင်္ဂလာဒေချ့်ကို တင်သွင်းနေကြသည်ဟု ဘင်္ဂလာဒေချ့် ပြော ကြားသည်။

အနည်းဆုံး နှစ်နိုင်ငံ နယ်စပ် တလျှောက်တွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖေါက်ကားနေသော ဂိုဏ်း (၁၃) ခန့်ရှိပြီး မြန်မာနို်င်ငံမှ မူးယစ်ဆေးဝါးများကို နယ်စပ် လမ်းကြောင်းများမှ တဆင့် ဘင်္ဂလာဒေချ့်ကို တင်သွင်း နေကြသည်ဟု ဘင်္ဂလာ အာဏာပိုင်များက ဆိုသည်။

ဘင်္ဂလာဒေချ့် နိုင်ငံ နယ်စပ် ခရိုင် နေရာ ၅၈ ခုမှ ယာဘားဆေးပြားများကို နေ့စဉ် ထုတ်လုပ်နေပြီး ဘင်္ဂလာဒေချ့်နိုင်ငံသား ၂၀၈ ဦး ပါ၀င်ပတ်သက်မူ ရှိနေသည်ဟု ဘင်္ဂလာဒေချ့် ထောက်လှမ်းရေး ဌာနက ပြောသည်ဟု ဆိုသည်။

ယခင်က မြန်မာ-ဘင်္ဂလာဒေချ့် နယ်စပ်တွင် ယာဘား ဆေးတစ်ပြားကို တာကာငွေ ၁၃ တာကာရှိခဲ့ရာမှ ယခုအခါ ၅၀ နှင့် ၆၀ အထိ စျေးတက်သွားခဲ့ပြီး ဒက္ကားမြို့နှင့် တစ်ခြားမြို့များတွင် ၃၅၀ မှ ၄၀၀ တာကာထိ စျေးရှိနေကြောင်း ဘင်္ဂလာဒေချ့် သတင်းများက ဖေါ်ပြသည်။

Most read this week