တရုတ်ဖက်က ကချင်ဒုက္ခသည်စခန်းများ အားလုံးပြောင်းရွှေ့လိုက်

တရုတ်ဖက်က ကချင်ဒုက္ခသည်စခန်းများ အားလုံးပြောင်းရွှေ့လိုက်
by -
ကချင်သတင်းဌာန

တရုတ်နိုင်ငံ နောင်တောင်းခရိုင်အတွင်း ခိုလှုံနေပြီး မိုးရာသီချိန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ကြောင့် ပြောင်းရွှေ့ရန် ကျန်ရှိနေသေးသော ခဒေါင်းပါ (Hka Dawng Pa) စခန်းကို တရုတ်အာ ဏာပိုင်များ၏ ထပ်မံပြောင်းရွှေ့ရန် ဖိအားပေးမှု ကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အုပ် ချုပ်နယ်မြေ လနာ့ဇွပ်ဂျာ (Lana Zup Ja) ဒုက္ခသည်စခန်းသို့ ယမန်နေ့တွင်အပြီးပြောင်းရွှေ့ လိုက်ပြီဖြစ်သည်။

နောင်တောင်းမှ ယန်လုစခန်းအား မဖျက်ဆီးမီ မြင်တွေ့ရပုံ။
တရုတ်အာဏာပိုင်များက စက်တင်ဘာလ ၁ ရက်နေ့တွင် ခဒေါင်းပါဒုက္ခသည်စခန်းမှ တာဝန်ရှိသူ များအား ပြောင်း ရွှေ့ရန် လာရောက်ပြောဆိုထားပြီး သြဂုတ်လ ၄ ရက်ကစ၍ ကား ၂၂ စီးဖြင့် ဒုက္ခသည်များနှင့်ပစ္စည်း များကို သယ်ပို့ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်ကြောင်း ခဒေါင်းပါ (Hka Dawng Pa) စခန်းတာဝန်ခံ ဆရာ ဂရောင်လွမ်း (Sara Grawng Lum) က ပြောသည်။

“၀က်တွေကို တင်သလို အားလုံးကို လာသယ်သွားတယ်။ အခုကျနော်တို့ စခန်းကော်မတီ ၆ ယောက်ပဲ ကျန်နေတယ်။ သိမ်းစရာ ပစ္စည်းတွေဖြုတ် သိမ်းပြီးနေနေတာ။”

ဒုက္ခသည်များသည် ညတွင်းအပြီး လနာ့ဇွပ်ဂျာသို့ ပြောင်းရွှေ့ရာတွင် ညသန်းခေါင်မှ ပြောင်းရွှေ့ပြီးစီး သွားခဲ့ကြောင်း သိရသည်။

“ညသန်ခေါင်ထိတောင်ဟုတ်တယ်။ ကားတွေထဲက ပစ္စည်းတွေ ထုတ်ကြ ရွှေ့ကြ နေရာတွေလုပ်ကြနဲ့ ရှုပ်နေကြတယ်။ ဒီမနက်ထိပဲ အခုတော့ ငြိမ်သွားကြပြီ” ဟု လနားဇွပ်ဂျာ ဒုက္ခသည်စခန်းတွင်ရောက် ရှိနေသော ဒေါ်မိတုန်လု (Myitung Lu) ကပြောသည်။

ထိုသို့ တရုတ်ဘက်ခြမ်း နောင်တောင်းဒုက္ခသည်စခန်းများမှ ပြောင်းရွှေ့လာသော ဒုက္ခသည်များကို ယခင် တရုတ်လူမျိုးများ ဖဲဝိုင်းအဖြစ် အသုံးပြုရန် ဆောက်လုပ်ထားသည့် အဆောက်အအုံနှင့် ဟိုတယ်ဟောင်း တိုက်တန်းများတွင် နေရာချထားပေးခြင်းဖြစ်သည်။

လနာ့ဇွပ်ဒုက္ခသည်စခန်းတွင် နဂိုရောက်ရှိနေထိုင်သောဒုက္ခသည် အိမ်ထောင်စု ၃၉၀ လူဦးရေ ၁၄၄၁ ရှိနေပြီး ယခု နောင်တောင်းဒုက္ခသည်စခန်း ၅ ခုမှရောက်ရှိလာသူများသည် ယန်လုစခန်းမှ အိမ်ထောင်စု ၁၂၈ လူဦးရေ ၅၆၄ ဦး၊ လော့ဖိုင်စခန်းမှ အိမ်ထောင်စု ၄၉ လူဦးရေ ၂၁၄၊ နာကောင်းကောင့်စခန်းမှ အိမ်ထောင်စု ၂၁ လူဦးရေ ၈၇၊ ငါးနောင်းပါစခန်းမှ အိမ်ထောင်စု ၃၁ လူဦးရေ ၁၃၅ ဦးနှင့် ခဒေါင်းပါစခန်းမှ အိမ််ထောင်စု ၆၅ လူဦးရေ ၃၅၆ ဦးရောက်ရှိလာပြီး ယခု လနာ့ဇွပ်ဂျာတွင် ရှိနေသော ဒုက္ခသည်များသည် စုစုပေါင်း အိမ်ထောင်စု ၆၈၄ လူဦးရေပေါင်း ၂၇၉၇ ဦးရှိကြောင်း ၎င်းဒုက္ခသည်စခန်းမှ တာဝန်ရှိသူ ဆရာမ ဂျီးရာ (Saranum Ji Ra) ကပြောသည်။

နောင်တောင်းရှိ ဒုက္ခသည်များသည် လနာ့ဇွပ်ဂျာ (Lana Zup Ja) စခန်းသို့ ပြောင်းရွှေ့ရန် ဆန္ဒမရှိသောကြောင့် အချို့သည် ယခင် မူရင်း နေအိမ်နှင့် နီးသောနေရာ မန်ဝိန်ကြီးသို့  မိသားစုများ အသီးသီး ကိုယ့်အစီအစဉ်ဖြင့် ပြောင်းရွှေ့နေကြပြီး တချို့မှာ လနာ့ဇွပ်ဂျာတွင် နေရာမလုံလောက်သဖြင့် ဘွမ်စစ်ပါ (Bum Tsit Pa)၊ ဒွမ်ဘုတ် (Dum Buk) စသည့်ဒုက္ခသည်စခန်းများသို့ ပြောင်းရွှေ့နေထိုင်ကြသည်။

လနာ့ဇွပ်ရှိဒုက္ခသည်များ၏ အစားအသောက်အတွက် ကရုဏာအဖွဲ့များ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် တရုတ်ပြည်မှ ကချင်လောပန်း များမှ အထောက်အပံ့ အကူအညီပေးနေကြောင်း သိရသည်။

၎င်းဒုက္ခသည် စခန်း မူလတန်းမှ အလယ်တန်းထိဖွင့်လှစ်ထားကာ ကျောင်းသူကျောင်းသားများ စာရင်းရှိ ၁၀၂၇ ရှိပြီး ဆရာ/ဆရာမ ၃၀ ကျော်ဖြင့်သင်ကြားပေးနေကြောင်းသိရသည်။

စာသင်ကြားရာတွင် နောင်တောင်းမှ ဒုက္ခသည်ကလေးများရောက်ရှိလာချိန်မှစပြီး မူလတန်းပိုင်းများကို မနက်ပိုင်း ရ နာရီမှ နေ့လည် ၁၂ နာရီထိ နဂိုရောက်ရှိနေထိုင်သင်ကြားနေသော ဒုက္ခသည်များသင်ကြားကာ ညနေပိုင်း ၁ နာရီမှ ည ၄ နာရီထိတွင် နောင်တောင်းမှ ပြောင်းရွှေ့လာသော ဒုက္ခသည်ကျောင်းသူကျောင်း သားများကို သင်ကြားပေးနေခြင်းဖြစ်ကြောင်း ဆရာမ ဂျီးရာကပြောသည်။

ထို့ပြင်ကျောင်းသူကျောင်းသားများအတွက် ရေးစာအုပ်နှင့် ခဲတံ၊ ဘောပင် စသည့်ကရိယာများဆက်လက်လို အပ် နေကြောင်းဆိုသည်။

Most read this week