ချင်းလူ့အခွင့်အရေးအဖွဲ့ချုပ်က Threats to Our Existence : Persecution of Ethnic Chin Christians in Burma ဆိုသည့် ကျွနု်ပ်တို့၏ဖြစ်တည်မှုကို ခြိမ်းခြောက်ခြင်း၊ မြန်မာနိုင်ငံ ချင်းခရစ်ယာန် တိုင်းရင်းသား များအး နှိပ်ကွပ်ခြင်း အစီ ရင်ခံစာကို ယနေ့ ၅ စက်တင်ဘာ တွင် ဖြန့်ဖြူးလိုက်သည်ဟု သတင်းရရှိသည်။
စာမျက်နှာ ၁၆၀ ပါ အစီရင်ခံစာကို ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် စတင်ဖြန့်ဖြူးခြင်းဖြစ်ပြီး အစီ ရင်စာခံတွင် လွန်ခဲ့သည့် နှစ်နှစ်တာ လူတရာကျော် မေးမြန်းချက်ကို အခြေခံပြီး ပြုစု မှတ်တမ်း တင်ခြင်းဖြစ်သည်ဟု ၄င်းတို့၏ သတင်းထုတ်ပြန် ချက်တွင်ပါရှိသည်။
အစီရင်ခံစာအသေးစိပ်မှာ ချင်းလူမျိုးထောင်ပေါင်းများစွာသည် လွန်ခဲ့သည် ့ဆယ်စုနှစ်အတွင်းနှင့် ယနေ့အထိ ဘာသာ ရေးဆိုင်ရာ လွတ်လပ်မှု ချိုးဖောက်ခံနေရခြင်း၊ အတင်းအဓမ္မ လုပ်အားပေးစေ ခိုင်းခံနေရခြင်း၊ နှိပ်စက်ညှင်း ပန်းခံနေရခြင်း၊ လူသားမဆန်သည့် လူ့ဂုဏ်သိက္ခ ညှိုးနွမ်းစေသည့် ပြုကျင့်မှုတွေကဲ့သို့သော လူအခွင့်အရေး ချိုးဖောက်ခံ နေရခြင်းတွေကို မှတ်တမ်းတင်ထားသည်။
ထို့အပြင် အစီရင်ခံစာတွင် လက်ရှိသာသနာရေး ၀န်ကြီးဌာနက ချင်းခရစ်ယန်များ ဘာသာရေး ဆိုင်ရာ လွတ်လပ်ခွင့် ကိုအဟန့်အတားဖြစ်စေမည့် ဘာသာရေးအဆောက်အအုံ ဆောက်လုပ်ခြင်း ကို ဖိနှိပ်နေကြောင်း သမ္မတ ဦးသိန်းစိန်အစိုး ရတက်လာသည့် နောက်ပိုင်း ချင်းပြည်နယ်တွင် ခရစ်ယာန် လက်ဝါးကားတိုင် ၄ ခု ဖြိုလှဲ ဖျက်ဆီးခြင်းခံရပြီဖြစ်ကြောင်း ဖော်ပြထားသည်။
CHRO Program Director Salai Za Uk Ling က “ သမ္မတ ဦးသိန်းစိန်အစိုးရဟာ ဘာသာရေး လွတ်လပ်မှုကို ဥပဒေက အကာအကွယ်ပေးနေတယ် ဆိုခဲ့ပေမဲ့ အမှန်မှာ ဗုဒ္ဓဘာသာဟာ နိုင်ငံတော် တရားဝင်ဘာသာ အဖြစ်ရပ်တည်နေပါတယ်၊ ချင်းပြည်နယ်မှာ ဘာသာရေးလွတ်လပ်မှု အပြောင်းအလဲ အင်မတန်နည်းနေ သေးတယ်” ဟု ပြောသည်။
အစီရင်ခံစာက ယခင်စစ်အစိုးရလက်ထက်ကတည်းက ချင်းပြည်နယ်အပါအဝင် တနိုင်ငံလုံးရှိ နယ်စပ်ဒေသ တိုင်းရင်း သား လူမျိုးများဖွံ့ဖြိုးရေးကျောင်း ၂၉ ထဲက ကျောင်းသား သုံးပုံ တပုံမှာ ချင်းတိုင်းရင်းသားလူငယ် တွေဖြစ်ပြီး ချင်းခရစ် ယာန် လူငယ်များအား ဗုဒ္ဓကျင့်စဉ်များဖြင့် လေ့ကျင့် သင်ကြားပေးနေကြောင်း သာဓကများနှင့် အတူ ဖော်ပြထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၆၁၊ ၃၆၂ အရ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ဘာသာဟူ၍ ရှိသည့် အနက် ဗုဒ္ဓဘာသာ ကိုမူ ဂုဏ်ထူး ၀ိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာ အဖြစ် အသိအမှတ်ပြုထားသည်။ ကျန် (၄) ဘာသာကိုမူ နိုင်ငံတော်တွင်ရှိနေကြသည့် ဘာသာများ ဟူ၍ သာ အသိအမှတ်ပြု ထားသည်။
သတင်းများအရ ခရစ်ယာန် ဘာသာဝင် ၉၀ ရာခိုင်နှုန်းကျော် ရှိသည့် ချင်းပြည်နယ်တွင် ဗုဒ္ဓစေတီပေါင်း ၁၀၈ ဆူ ရှိပြီဟု သိရပြီး မင်းတပ်မြို့နယ်တွင် ၄၉၊ ကန်ပက်လက်မြို့နယ်တွင် ၂၃၊ ဖလမ်းမြိ့နယ်တွင် ၁၀၊ ပလက်ဝ မြို့နယ်တွင် ၆၊ ဟားခါးမြို့ နယ်တွင် ၅၊ တီးတိန်မြို့နယ်တွင် ၄၊ တွန်းဇံမြို့နယ်တွင် ၄၊ ထန်တလန်မြို့နယ် တွင် ၃၊ မတူပီမြို့နယ်တွင် ၂၊ ကျီခါး မြို့ခွဲ တွင် ၁ ၊ စုစုပေါင်း ၁၀၈ ဆူ ရှိသည်။
လက်ရှိ ချင်းပြည်နယ်သာသနာရေးဝန်ကြီးဌာနသည် ချင်းပြည်နယ်တွင် ခရစ်ယာန်သာသနာရေး ဆိုင်ရာ နယ်မြေများ လျှောက်ထားခွင့်ကို ပြီးခဲ့တဲ့ သုံးလ ကတည်းက လုပ်ဆောင်နေသည်ဟု လည်း ပြောကြသည်။