မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရခိုင်သွားမည်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရခိုင်သွားမည်
by -
နိရဥ္စရာ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်နှင့် သံအရာရှိအဖွဲ့ဟာ  ဒီလ (၉)ရက်နေ့မှာ  ရန်ကုန်ကနေ  စစ်တွေကို သွားမယ်လို့ သတင်း ရရှိပါတယ်။

Derek-J.-Mitchell

အမည်မဖေါ်လိုသူ အရာရှိ တစ်ဦးရဲ့ အပြောအရ သံအမတ်ကြီးနဲ့ အဖွဲ့ဟာ စစ်တွေ ကို စက်တင်္ဘာ ၉ ရက်နေ့မှာ ရောက်ရှိပြီး စစ်တွေဟိုတည်မှာ တည်းခိုကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဓိကတော့ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်းမှာ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမူတွေနဲ့ ပတ်သက်ပြီး လေ့လာကြမယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဘယ်နှစ်ရက်နေမယ်။ ဘယ်သူတွေနဲ့ တွေ့မယ်။ ဘာတွေကို လုပ်ဆောင်မလဲ ဆိုတာကိုတော့ အရာရှိကြီးက တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိပါဘူး။

အမေရိကန် သံအမတ်ကြီးရဲ့ ရခိုင် ခရီးစဉ်နဲ့ ပတ်သက်ပြီးလည်း ရန်ကုန် အမေရိကန် သံရုံးက ခုအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်တာတွေလည်း မရှိသေးဘူးလို့ သိရပါတယ်။

Most read this week