အိုအိုင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ နောက်အပတ် မြန်မာကို ရောက်မည်

အိုအိုင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ နောက်အပတ် မြန်မာကို ရောက်မည်
by -
နိရဥ္စရာ

အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (အိုအိုင်စီ) အထွေထွေ အတွင်းရေးမှူး Ekmeleddin Ihsanoglu နှင့် အဖွဲ့သည် နောက်အပတ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဟု သတင်း ရရှိသည်။

Ekmeleddin-Ihsanoglu
ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့အား မြန်မာ အစိုးရနှင့် ဆွေးနွေးရန် စေလွှတ်မည်ဟု အိုအိုင်စီမှ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အိုအိုင်စီ အထွေထွေအတွင်းရေးမှူး ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာ အစိုးရမှလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူများ အပေါ် ကိုယ်တိုင် ကို်ယ်ကျ လေ့လာနိုင်ရန် အိုအိုင်စီအား ဖိတ်ခေါ်ထားသည်ဟု သိရသည်။

အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ် အတွင်းသို့လည်း သွားရောက် လည်ပတ်ဖွယ် ရှိသည်ဟု ဆိုသည်။

အဆိုပါ  အဖွဲ့သည် မြန်မာ အစိုးရ ထိပ်တန်း အရာရှိကြီးများနှင့် တွေ့ဆုံ စဉ် ရခိုင်ပြည်နယ်တွင် နေထိုင်နေကြသော မွတ်ဆလင်များ အရေးကို အလေးပေး ဆွေးနွေးမည်ဟု သတင်းများက ဆိုသည်။

အဓိက အားဖြင့် မွတ်ဆလင် ဘာသာဝင်များ အပေါ် ခွဲခြား ဆက်ဆံမူများ အပေါ် ရပ်တန့်ရန် မြန်မာ အစိုးရကို ဖိအားပေး တောင်းဆိုမည်ဟု The Gulf News တွင် ဖေါ်ပြသည်။

Most read this week