စိုင်းနော်ခမ်း၏ဒုလက်ထောက်အား ၎င်းဆရာအပေါ်တရားစီရင်ရာ၌အထောက်အကူပြုအချက်ရလိုရငြား အမှုစစ်ဆေးရန် တရုတ်အစိုးရလက်သို့ ခေတ္တလွဲအပ်ပေးခံရကြောင်း ဆွေးမျိုးများအသိုင်းအဝိုင်းက ပြောသည်။
“၂၈ ရက်နေ့ မနက် ၄ နာရီ က ထောင်ကနေထုတ်သွားတယ်။ အဲဒီနေ့က ဘဲ ကျိုင်းတုံမှာ ခေတ္တလွှဲအပ် ကြောင်း လက်မှတ် ထိုးတဲ့ အခမ်းအနားလုပ်တယ်။ ကျိုင်းတုံကနေတဆင့် မိုင်းလားဘက်ကနေ ပို့တယ်။ တရုတ်အာဏာပိုင်တချို့ မိုင်းလားမှာ လာ ကြို တယ်။ ဆစ်ဆောင်ပန်းနားကတဆင့် နော်ခမ်း ရှိတဲ့ ကွန်မင်း(ခွန်းမင်)မြို့ကို ပို့လိုက်တာ။ ဘာကြောင့်ပို့လဲ သွားမေးကြည့် တော့ စိုင်းနော်ခမ်းအမှုကို စစ်ဆေးရာမှာ အထောက်အကူ ရလိုရငြားတဲ့ စိုင်းအောင်မြတ်ကို စစ်ဆေးချင် သေးတယ်ဆို တဲ့အတွက်ကြောင့် မြန်မာ ဘက်က လွှဲပေးရတာပါတဲ့။ ထာဝရ လွဲအပ်ပေးခြင်းတော့ မဟုတ်ပါဘူးတဲ့။ ရ ရက်ဘဲတဲ့။ မိသားစု၊ အသိုင်း အဝိုင်းကို ဘာမှ မပြောဘဲနဲ့ ချက်ခြင်းကြီးအဲသလိုပို့ လိုက်တာ” ဟု စိုင်းအောင်မြတ်နှင့် အမျိုးတော်စပ်သူ တဦးကပြော သည်။
စိုင်းအောင်မြတ်နှင့်အတူ ကျိုင်းတုံမှ မူးယစ်အရာရှိ ၂ ဦးလည်းလိုက်ပါသွားသည်ဟုဆို၏။
တရုတ်အာဏာပိုင်များ တောင်းဆိုလာမှုကြောင့်စစ်ဆေးရန်အတွက်သာ ခေတ္တပို့ဆောင်ရခြင်းဖြစ်ကြောင်း ၊ အမှုစီရင်ပြီးပြီး ချင်း ပြန်ပို့မည်ဖြစ်ကြောင်း ကျိုင်းတုံရှိ စရဖအရာရှိများကပြောသည်ဟုလည်း ၎င်းကဆက်လက်ပြောပြသည်။
“ကျိုင်းတုံအထိ လာစစ်ဆေးတဲ့ တရုတ်အာဏာပိုင်တွေတချို့တဝက် မပြန်သွားဘူးလေ။ ကျိုင်းတုံမှာ နေပြီးတော့ စောင့်ကြည့် နေတာ။ သူတို့ရဲ့အဲလိုဖိအားပေးမှုကြောင့်လဲ စရဖမှူး ဗိုလ်မှူးကျော်ထက်အောင် က စိုင်းအောင်မြတ်ကို ရုံးမှာမထား တော့ဘဲ ၂၂ ရက် ညမှာဘဲ ထောင်ကိုပို့လိုက်တာ။ အမှန်က နေပြည်တော် ဘက်က စိုင်းအောင်မြတ်ကိုလွတ်လပ်ခွင့် ပေးလိုက်ပြီဘဲ။ ဒီနောက်ပိုင်းတရုတ်အစိုးရကထပ်တောင်းလာတာ နေပါလိမ့်မယ်။ ဒါကြောင့်အလောတကြီး သူတို့ပို့လိုက် တာ” ဟု ဆိုပါသည်။
တရုတ်နှင့်ထိုင်းမီဒီယာများက တရုတ်အမျိုးသား ၁၃ ဦးသတ်ဖြတ်မှု၌ တရားခံဖြစ်ကြောင်း တရုတ်အစိုးရ လက်ရောက် စိုင်းနော်ခမ်းက ဝန်ခံပြောဆိုလိုက်သည်ဟုရေးသားခဲ့ကြသော်လည်း စိုင်းအောင်မြတ်အား စစ်ဆေးရာ၌မူ လုံးဝပတ်သက် ခြင်းမရှိကြောင်း ငြင်းဆန်ပြောဆိုခဲ့သည်။
ရွှေတြိဂံဒေသ မူးယစ်ရာဇာဟုနာမည်ကြီးနေသော စိုင်းနော်ခမ်းသည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နေ ဒေတွင်း ဩဇာကျယ်ပြန့်သော ဂျမ်ရတ် ဖှဂျရုန်း ခေါ် အိုးလန်း ဆုမ်ဖုန်းဖန်း ခေါ် ပူနွတ် နှင့် ရင်းနှီးဝင်ထွက်နေသူတဦးဖြစ်သည်ဟု နီးစပ်သူများကပြောသည်။ ယမန်နှစ် အောက်တိုဘာလ ၅ ရက်နေ့က မဲခေါင်မြစ်အတွင်း တရုတ်လူမျိုး ၁၃ ဦးကို သတ်ဖြတ်ကာ ၎င်းတို့လှေထဲသို့ ယာဘ အပြားပေါင်း ကိုးသိန်းကျော် ထည့်၍ မြစ်အတိုင်းမျှောလိုက်သည်မှာ ၎င်း၏စီမံချက်ဖြစ် ကြောင်းလည်း ချင်းမိုင်နယူးစ် သတင်းစာ၌ဖော်ပြထားသည်။ အဘယ်ကြောင့် ထိုသို့ စီစဉ်လုပ်ဆောင်ရသည်ကို အသေးစိတ်မဖော်ပြထား သော်လည်း အဆိုပါလှေ ၂ စီးမှာ လောနိုင်ငံဘက်ခြမ်းရှိ King’s Romance Casino ပိုင်ရှင် ကျောက်ဝေနှင့် ပတ်သက်နေသည့်လှေဖြစ်ကြောင်းဒေသတွင်း နေထိုင်သူများကပြောပါသည်။
ဂျမ်ရတ် ဖှဂျရုန်းကို ယခုအခါ ထိုင်းနိုင်ငံအစိုးရက ဖမ်းမိန့်ထုတ်ထားရာ ၎င်းမှာ ရှောင်တိမ်းနေသည် ဟုနီးစပ်သူများက ပြော၏။ အလားတူ စိုင်းနော်ခမ်းကိုလည်း ထိုင်းအစိုးရက ဖမ်းမိန့်ထုတ်လိုက်ပြီး တပတ်အကြာ ယခုနှစ်ဧပြီလ ၂၅ ရက်က လာအိုနိုင်ငံ၌ ဒေသတွင်းအာဏာပိုင်များက ဖမ်းဆီးရမိပြီး မေလ ၁၀ ရက်နေ့က လာအိုအစိုးရမှ တရုတ်အစိုးရလက်သို့ လွှဲအပ်ပေးလိုက်သည်။ ထိုနောက်ပိုင်း ၎င်း၏ဒုလက်ထောက် ဖြစ်သော စိုင်းအောင်မြတ်ခေါ် ခမ်းဟုန် ခေါ် ဇိန်းဟုတ် ဦးဆောင်သည့်အဖွဲ့ တာချီလိတ်ရှိမြန်မာအာဏာပိုင်များထံ လက်နက်ချခဲ့သည်။
၂၀၀၈ မှ လက်နက်ချချိန်အထိ အမှုပေါင်း ၂၈ မှု ၊ ၁၆ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရအောင်ပြုလုပ်ခဲ့ကြောင်း စိုင်းအောင်မြတ် အား ရုံးတင်စစ်ဆေးရာ၌ အမိန့်ချခဲ့သည်။ တရုတ်အာဏာပိုင်များ၏စစ်ဆေးမှုကို ၂ ကြိမ် ခံခဲ့ရသည်။
ဩဂတ်စ် ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာကလဲ စိုင်းအောင်မြတ်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့ လုံခြုံရေးဌာနသို့ စိုင်းနော်ခမ်းအပေါ် တရားစီရင်ရာတွင် အထောက်အကူ ပြုနိုင်ရန် ခေတ္တလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း ရေးသားပါသည်။