အပြစ်တွေ အကုန်လုံး ပုံချမည့် အကြံ တိုင်းချစ် ပြည်ချစ် ရခိုင်အမတ်များ လက်မခံ

အပြစ်တွေ အကုန်လုံး ပုံချမည့် အကြံ တိုင်းချစ် ပြည်ချစ် ရခိုင်အမတ်များ လက်မခံ
by -
နိရဥ္စရာ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွှတ်တော်နှစ်ရပ်သို့ ပေးပို့သော သဝဏ်လွှာတွင် ရခိုင် အရေးအခင်းနှင့် ပတ်သက်ပြီး အချက် (၉) ချက်ကို ထည့်သွင်း ဖေါ်ပြထားခဲ့သည်။

Empty-seats-in-Myanmar-Parliament-on-Monday

အဆိုပါ အချက် (၉) မှာ ကျိုးကြောင်း ဆီလျော်မူ မရှိသည့် အပြင် လက်တွေ့ ဖြစ်ရပ်မှန် နှင့် အလွန် ကင်းကွာနေသဖြင့် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် (၂) ရပ်ပေါင်းမှ ရခိုင်အမတ် ၁၄ ဦးက ကန့်ကွက်ခဲ့သည်။ သို့အတွက်ကြောင့် နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာကို သြဂတ်စ်လ ၁၇ ရက်နေ့က လွှတ်တော် (၂) ရပ်သို့ တင်သွင်း မဖြစ်ဘဲ ဆိုင်းငံ့ထားခဲ့ရသည်။

ရခိုင်အမတ်များ အနေဖြင့် ကန့်ကွက်ရခြင်း အဓိက အကြောင်းအရင်းကို မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်းက ယခုလို ပြောပြသည်။

“ ကျွန်တော်တို့ ပြည်ထောင်စု လွှတ်တော်မှာ ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်လို့ သုံးသပ်ချက်ဆိုပြီးတော့ စာတမ်းတစောင်ကို သဝဏ်လွှာနဲ့ အတူ ပို့ပါတယ်။ အဲဒီသဝဏ်လွှာမှာ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသား တွေကို စွပ်စွဲထားတဲ့ အချက် ၉ ချက် ပါပါတယ်။  အဲဒီ ၉ ချက်မှာ ကျွန်တော်တို့ ရခိုင်ပါတီတွေ၊ သံဃာတွေ၊ မျိုးချစ်ပုဂ္ဂိုလ်တွေကို လူမျိုးရေး မုန်းတီးမှု အလွန်အကျွန် ရှိတယ်။ အဆင်အခြင်မဲ့ တိုက်ခိုက်လိုစိတ် ရှိတယ်။  နိုင်ငံတကာကိုပါ၊  ရခိုင် အသိုင်းအဝိုင်း ကိုပါ စည်းရုံးတယ်ဆိုတဲ့ တချက်ပါ။ နိုင်ငံ အနှံ့အပြားမှာ နေတဲ့ ဘင်္ဂလီတွေကို အကြမ်းဖက်ဖို့ ကြံစည်နေတယ်လို့ စွပ်စွဲပါတယ်။ နံပါတ် ၃ အချက်က ခေတ်အဆက်ဆက် အစိုးရဟာ ရခိုင်ပြည်က သယံဇာတ တွေကို ယူပြီးတော့ ရခိုင်အတွက် ဘာတခုမှ မပြုလုပ်ဆိုပြီးတော့  တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပျက်စီး အောင် ပြိုကွဲအောင် လုံ့ဆော်တယ်ဆိုပြီးစွပ်စွဲတာလည်း ပါပါတယ်။ နောက်တချက်က ဘင်္ဂလီတွေ ၀င်ရောက်တာကို အစိုးရက လာဒ်စားပီး အစိုးရအရေးယူဆောင် ရွက်တာ မရှိလို့ ပြောတယ်လို့ ပြောပါတယ်။ နောက်တခုက ကြ့ံခိုင်ရေးပါတီအနေနဲ့ မြို့နယ် တွေမှာ ဘင်္ဂလီ မွတ်ဆလင်တွေကို မသင့်လျော်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်တယ်လို့ ရခိုင်ပါတီတွေက စွပ်စွဲတယ်လို့ ပြောပါတယ်။ နောက်တခုက ၈၂ ခု နှိင်ငံသား ဥပဒေကို ရခိုင် လူမျိုးတွေက လက်မခံနိုင် နားမလည်နိုင်လို့ ဆိုပါတယ်။ နောက်တခုက ဘင်္ဂလီတွေကို ကူညီနေတဲ့ ကုလသမဂ္ဂနဲ့ NGO တွေကို မကောင်းအမြင်နဲ့ အဲဒီဒေသမှ မနေရဲအောင် အမျိုးမျိုးကြိုးစား လုပ်ဆောင်နေတယ်လို့ ပါပါတယ်။ နောက်တခုက ရခိုင်တိုင်းရင်း သား လုပ်ငန်းရှင် တချို့ဟာ ပဋိပက္ခကြောင့် ရပ်ဆိုင်းထားတဲ့ ဘင်္ဂလီ၊ စီးပွားရေး လုပ်ငန်းတွေကိုအချောင်ရ ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲထားတဲ့ အချက် ၉ ချက် စွပ်စွဲပါတယ်” ဟု ပြောသည်။

အချက် (၉) ချက်တွင်  ၈ ချက်ကို ရခိုင်အမတ်မျာက ပြည်ထောင်စု လွှတ်တော်တွင် မတင်ရန် ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီက အမျိုးသား လွတ်တော်ကိုယ်စားလှယ် ရ ယောက်၊ ပြည်သူ့လွတ်တော်ကိုယ် စားလှယ် ရ ယောက်က လက်မှတ်ရေးထိုးပြီး ကန့်ကွက်ခဲ့ကြသည်။

“ အဲသလို ကန့်ကွက်တဲ့ အတွက်  လွတ်တော်အ စည်းအဝေးမှာ နာယက ကြီးက နံပါတ် ၅ အစီအစဉ်ဖြစ်တဲ့ သမ္မတရဲ့ သဝဏ်လွှာကို မှတ်တမ်းတင်ဖို့ နေရာမှာ လွှတ်တော် ကိုယ်စားလှယ် အချို့ကကန့်ကွက်တဲ့ အတွက် ရွေ့ဆိုင်း ထားတယ်လို့ ပြောပါတယ်။ အခု နောက်ပိုင်းမှာ သမ္မတရုံးက ကြေငြာချက်ထုတ်တယ်လို့ သိရပါတယ်။ အချက်(၉) ချက်ဟာ လွှတ်တော် သဝဏ်လွှာထဲမှာ ပါသွားမဟုတ်ဘဲ သုံးသပ်ချက် အနေနဲ့ လွှတ်တော် ဥက္ကဌ သိသာအောင် တွဲပြီး ပို့ပေးတာ ဖြစ််တယ်လို့ ဆိုပါတယ်။ သမ္မတက ညွှန်ကြားချက် အရ မဟုတ်ဘဲ အခြား အကြောင်းများကြောင့် ပါသွားခြင်းသာ ဖြစ်တယ်လို့ ကြေငြာချက် ထုတ်တာကိုတွေ့ရပါ တယ်” ဟု ဦးဖေသန်းက ပြောသည်။

ဦးဖေသန်းက အချက် (၉) ချက်တွင် တချက်ကိုသာ သဘောတူပြီး အဆိုပါ အချက်မှာ ရခိုင်တိုင်းရင်းသားများ အားလုံး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားလျှက်ရှိကြောင်း ဖေါ်ပြချက် ဖြစ်ကြောင်း ဆိုသည်။

၎င်းပြင် ဦးဖေသန်းက သမ္မတ သဝဏ်လွှာပါ အချက် (၉) ချက်နှင့် ပတ်သက်ပြီး သူ့အမြင် သူ့သဘောထား ကိုလည်း ယခုလိုပြောသည်။

“ ရခိုင်ပြည်သူတွေကို အခု သမ္မတရဲ့ ထုတ်ပြန်ကြေငြာချက်ကို သမ္မတရဲ့ ဆန္ဒနဲ့ ထုတ်ပြန်လိုက်တာမဟုတ်။ အကြောင်း ကြောင်းကြောင့် ရေးသားတာဖြစ်တယ်လို့ သမ္မတရုံးက ကြေငြာချက် ထုတ်ပြန်တာဖြစ်တယ်။ အဲဒါကြောင့် ဒီလို လုပ်ရပ် တွေဟာ ကျွန်တော်တို့ ရခိုင်ပြည်သူတွေ၊ ရခိုင်ပါတီတွေနဲ့ သံဃာတွေ့ရဲ့စိတ် ဓါတ်ကို ထိခိုက်အောင် ဒီလို ပြောဆို ချက်တွေဟာ တရားမဝင် ပြောဆိုချက်တွေသာ ဖြစ်တယ်။ သို့သော် လည်း ကျွန်တော်တို့ ရခိုင်သူ ရခိုင်သားတွေ အနေနဲ့ ဒီလိုဖြစ်ပျက်တာတွေကို နားလည်ပေးပြီးတော့ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ ကျွန်တော်တို့ရဲ့ အခွင့်အရေးကို ရရှိ နိုင်အောင် ဥပဒေဘောင်အတွင်းက စည်းလုံး ညီညွှတ်စွာနဲ့ ကြိုးစာဖို့ လိုပါတယ်။ နောင်တချိန်မှာ ဒီလို အရေး အခင်းမျိုးတွေ နောက်ထပ်  ဖြစ်ပေါ်မလာရအောင်၊ ဘာတွေက ဒီလို အရေး အခင်းတွေကို ဖြစ်ပေါ်စေတယ်။ ဘယ်လို ဟာတွေက လွမ်းမိုးနေသလဲဆိုတာကို ကျွန်တော်တို့ နိုင်ငံရေးအမြင်နဲ့  မျှမျှတတကြည့်ပြီးတော့ ရခိုင်တွေရဲ့ စည်းလုံး မှုအောက်မှာ ရဲရဲဝံ့ဝံ ဆန္ဒတွေနဲ့ ရခိုင်တမျိုးသားလုံး စည်းစည်းလုံးလုံးနဲ့ ရှိကြမယ်ဆို့ရင် ကျွန်တော်တို့  ရခိုင် အမျိုးသားတွေ ဒီိလို ဆုံးရှုံးနေတာတွေဟာ နောင်တချိန်မှာ ၀မ်းနည်းကြေကွဲဖွယ်ရာ အကြောင်းတွေ ဖြစ်ပေါ် မလာ နိုင်အောင် ကျွန်တော်တို့ တားဆီးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အခု ကျွန်တော်တို့ ရခိုင်သားတွေဟာ မျိုးချစ် စိတ်ဓါတ်အပြည့်အဝနဲ့  နေမှသာလျှင် ကျွန်တော်တို့ ရခိုင်ပြည် ရခိုင်လူမျိုး မပျောက်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့က တခြားလူမျိုးတွေကိုလည်း ရန်စတဲ့ အဖြစ်မျိုး မဖြစ်ရလေအောင် ကျွန်တော်တို့  စိတ်ဓါတ် အမျှော်အမြင် တိုးပွားအောင် ထိန်းသိမ်း ပြုပြင်သွားဖို့ လိုပါတယ်။ ဒီကိစ္စဟာ နိုင်ငံရေး ပြဿနာဖြစ်ပါတယ်။ နိုင်ငံရေးနည်းဖြင့် ရှင်းကြရမှာ ဖြစ်တယ်လို့ ကျွန်တော်တို့ ရခိုင်ပြည်သူတွေကို အကြံပေးလိုပါတယ်။ တင်ပြလိုပါတယ်” ဟု ဆိုသည်။

နိုင်ငံတော် အစိုးရသည် နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော မည်သည့်  ပြဿနာကို မဆို တာဝန်ခံရမည် ဖြစ်သော်လည်း တာဝန်ယူလိုစိတ် မရှိဘဲ လုပ်ပိုင်ခွင့် တစ်စုံတစ်ရာ မရှိ၊ ပြောဆိုပိုင်ခွင့် တစ်စုံတစ်ရာ မရှိ အာဏာဆို၍ နှမ်းတစေ့မျှလောက်ပင် မရှိသော ရခိုင် အမျိုးသားများ အပေါ် ကျိုးကြောင်း ဆီလျော်မူ တစ်စုံတစ်ရာမရှိဘဲ ရခိုင်အရေးနှင့့် ပတ်သက်ပြီး အပြစ်ပုံချရန် စီစဉ်ခြင်း အပေါ် ရခိုင်အမျိုးသားများက နားမလည် နိုင်အောင် ဖြစ်နေကြသည်ဟု သတင်း ရရှိသည်။

Most read this week