ရခိုင်လူငယ် တစ်ဦး တစ်ခြား လူငယ် ကိုယ်စားလှယ် ရ ဦးနှင့် အတူ အမေရိကန် လေ့လာရေး ခရီး စတင်

ရခိုင်လူငယ် တစ်ဦး တစ်ခြား လူငယ် ကိုယ်စားလှယ် ရ ဦးနှင့် အတူ အမေရိကန် လေ့လာရေး ခရီး စတင်
by -
နိရဥ္စရာ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ လူငယ် ကိုယ်စားလှယ် တစ်ဦးသည် တခြား မြန်မာ နိုင်ငံရေးပါတီ ရ ခုမှ လူငယ် ကိုယ်စားလှယ် ရ ဦးနှင့် အတူ အမေရိကန် လေ့လာရေးခရီးစဉ်ကို ယနေ့ ညနေတွင် စတင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ  လူငယ်ကိုယ်စားလှယ် မှာ ကိုမောင်ဝင်းစိုး ဖြစ်သည်။ သူ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး  နိရဥ္စရာသို့ ယခုလို ပြောသည်။

“ ဘာတွေကို အဓိကထားပြီး လေ့လာမလဲ ဆိုရင် ကျွန်တော်တို့ကို လေ့လာဖို့ ပေးထားတာက အမေရိကန် နိုင်ငံရေးပါတီတွေနဲ့ အရပ်သား လူ့အဖွဲ့အစည်းတွေ ကြားထဲမှာ  အတူတကွ ဘယ်လို အချိတ်အဆက် တွေနဲ့ အလုပ် လုပ်ပြီးတယ်။  ပီးရင် ပြည်သူ လူထုတွေ ကြား ကို သူတို့ရဲ့ သတင်း အချက် အလက်တွေကို အချိန်တိုတိုအတွင်းမှာ ဘယ်လို ရောက်နိုင်အောင် စွမ်းဆောင်ကြသလဲ စတဲ့  နည်း လမ်းတွေကို လေ့လာဖို့  ဖြစ်ပါတယ်” ဟု ဆိုသည်။

ယခု ခရီးစဉ်တွင် နိုင်ငံရေး ပါတီ (၈) ခုမှ လူငယ် (၈) ဦး ပါ၀င်မည် ဖြစ်ပြီး ထိုအထဲတွင် RNDP လူငယ် ကိုယ်စားလှယ်တစ်ဦး၊ SNDP ပါတီမှ လူငယ်ကိုယ်စားလှယ် တစ်ဦး၊ CNP ပါတီမှ တစ်ဦး၊ CPP ပါတီမှ တစ်ဦး၊ NUP ပါတီမှတစ်ဦး၊ NDF ပါတီမှ တစ်ဦး၊ Democratic Party (Myanmar ) ပါတီမှ တစ်ဦး နှင့် NDPD ပါတီမှ တစ်ဦး တို့  ဖြစ်သည်။

၎င်းလူငယ်ကိုယ်စားလှယ် ၈ ဦးအဖွဲ့သည် ယနေ့ (သြဂတ်စ်လ ၂၄ ရက်နေ့) ညနေတွင် အမေရိကန်နိုင် ငံသို့ ထွက်ခွာ သွားကြပြီး အမေရိကန်နိုင်ငံတွင် သြဂတ်စ်လ ၂၆ ရက်နေ့မှ စက်တင်္ဘာ ၁၅ ရက်နေ့ထိ လေ့လာကြမည် ဖြစ်သည်။

ယခုကဲ့သို့ မြန်မာနိုင်ငံမှာ လူငယ်များကို အမေရိကန်အစိုးရက မီဒီယာ စီမံခန့်ခွဲမူနှင့် လူထုဆက်ဆံရေး (Managing Media and Public Relations) ကို လေ့ လာရန် ဖိတ်ခေါ်ခြင်း ဖြစ်သည်။

ယခုလေ့လာရေး ခရီးစဉ်မှ ရရှိလာသော အတွေ့အကြံုများကို ရခိုင်လူငယ်များ အကြား မျှဝေ လက်ဆင့်ကမ်းပေး နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ကိုမောင်ဝင်းစိုးက ပြောသည်။

Most read this week