ရခိုင်အရေး တည်ငြိမ် အေးချမ်း သွားပြီ ဖြစ်ကြောင်း မြန်မာ သံအမတ်က ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ်ကို ပြောကြား

ရခိုင်အရေး တည်ငြိမ် အေးချမ်း သွားပြီ ဖြစ်ကြောင်း မြန်မာ သံအမတ်က ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ်ကို ပြောကြား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခမှာ တည်ငြိမ်အေးဆေးသွားပြီ ဖြစ်ကြောင်း ဘင်္ဂလာဒေချ့် ဆိုင်ရာ  မြန်မာနိုင်ငံ သံအမတ် ဦးမျိုးမြင့်သန်းက ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာကို ပြောကြားလို်က် သည်။

မြန်မာသံအမတ်နှင့် ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ် တွေ့ဆုံနေစဉ်။
ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာနှင့် ယမန်နေ့က သူမ၏ ရုံးခန်းတွင် သွားရောက် တွေ့ဆုံစဉ် မြန်မာ သံအမတ် ဦးမျိုးမြင့်သန်းက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာ သံအမတ်က ယခုအခါ ရခိုုင်အရေးမှာ မြန်မာ အစိုးရ၏ ကြိုပမ်းဆောင်ရွက်ချက်ကြောင့် အေးဆေး တည်ငြိမ်သွားပြီ ဖြစ်ကြောင်း၊ မြန်မာ သမ္မတမှ ရခိုင်အရေးကို စုံစမ်း စစ်ဆေးနိုင်ရန် လွတ်လပ်သော ၂၇ ဦးပါ စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ်ကိုလည်း ဖွဲ့စည်းထားပြီး လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြောကြားသည်။

ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ်မှလည်း မြန်မာ အစိုးရ၏ ဆောင်ရွက်ချက်များကို ကြားသိရသဖြင့် ၀မ်းမြောက် ချီးကျူးပါကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မူနှင့် နိုင်ငံသားများ အားလုံး ညီမျှသောအခွင့်အရေးများ ရရှိခြင်းဖြင့် ငြိမ်းချမ်းရေးကို တည်တံ့နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက်ပိုင်းတွင် မြန်မာ သံအမတ်နှင့် ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ်တို့သည့် အကျိုးတူ နှစ်နိုင်ငံဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်ဟု ဆိုသည်။

ဆွေးနွေးသည့်အထဲတွင် ရခိုင်နှင့် ချင်းပြည်နယ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းများမှာ ဓါတ်အား ၀ယ်ယူရေး ကိစ္စ၊ ကော့စ်ဘဇား ခရိုင် ဒုက္ခသည် စခန်း (၂) ခုမှ ဒုက္ခသည်များကို ပြန်ယူရေး ကိစ္စ၊ ရန်ကုန်- ဒက္ကား- စစ်တကောင်း လေကြောင်းလိုင်း ပျံသန်းရေး  စာချုပ် လက်မှတ်ရေးထိုးရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

Most read this week