ထိုင်းနယ်စပ်ရှိ RCSS/SSA ၏ တပ်မိသားစုနေအိမ်အား ထိုင်းတပ်မတော်ဝင်ရောက်ဖျက်ဆီး

ထိုင်းနယ်စပ်ရှိ RCSS/SSA ၏ တပ်မိသားစုနေအိမ်အား ထိုင်းတပ်မတော်ဝင်ရောက်ဖျက်ဆီး
by -
သျှမ်းသံတော်ဆင့်

ထိုင်း - သျှမ်း နယ်စပ်အနီး ထိုင်းနိုင်ငံနယ်နမိတ်ဟု ယူဆရသည့် သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ်ရှိ တပ်သားမိသားစုနေအိမ်တချို့အား ထိုင်းစစ်တပ်က ဝင်ရောက်ဖျက်ဆီးလိုက်သည်ဟု လွယ်တိုင်းလျဲန်းဌာနချုပ် မှ အရာ ရှိများက ပြောပြပါသည်။

RCSS တပ်မိသားစုနေအိမ်အား ထိုင်းစစ်တပ်ကဖျက်ဆီးနေပုံ
“၁၉ ရက်နေ့ ကတည်းက လာရောက်ဖျက်ဆီးတာပါ။ ထိုင်းစစ်သား အယောက် ၂၀ ကျော်လောက်ရှိမယ်။ မနေ့တုန်းက်အထိဘဲ ။ အိမ်ခြေ ၂၀ နီးပါးဖျက်ခံရတယ်။ အရာရှိနေအိမ်လဲပါတယ်။ နယ်နိမိတ်သတ်မှတ်တုန်း က သုံးတဲ့ ဗြိတိသျှ မြေပုံအရတော့ ဗမာ-သျှမ်း နယ်ထဲမှာရှိတယ်လို့မြင်ပါတယ်။ ထိုင်းကတော့ သူတို့သုံးတဲ့ US မြေပုံအရ သူတို့တိုင်းပြည်ရဲ့ နယ်မြေလို့ပြောပြီး ဖျက်တာဘဲ” - ဟု အမည်မဖေါ်လိုသည့် အရာရှိတဦးက ပြောပါသည်။

ဩဂတ်စ် ၁၉ - ၂၄ ရက်နေ့ အထိ မယ်ဟောင်ဆောင်မြို့နယ် ပန်မူကျေးရွာအုပ်စု အခြေအခြေစိုက် ထိုင်းဘုရင့်တပ်မတော်၏ တပ်မှ လာရောက်ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းတော်ကြီး ကျောင်း နှင့် လူနေအိမ်ခြေ ၂၀ ခန့် ပါဝင်ကြောင်း ကြားသိရပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA ၏ တိုင်းဖရီးဒမ်း ဝဲပ်ဆိုဒ်က ၁၉ - ၂၁ ရက်နေ့ထိ အိမ်ခြေ ၁၇ လုံး ဖျက်ဆီးသွားသည်ဟု ရေးသားပါသည်။

“ဟုတ်တယ်၊ မယ်ဟောင်ဆောင် အခြေစိုက်တဲ့ ထိုင်းစစ်တပ်က လာရောက်ဖျက်ဆီးတာပါ။ ကျနော်တို့ တပ် မိသားစုနေအိမ်တွေက ထိုင်းနယ်မြေထဲမှာ ဖြစ်နေလို့၊ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကဖယ်ပေးဖို့ သဘောတူထား တယ်။ အခုလာဖျက်တာလဲအိမ်အလွတ်တွေပါ။ မဖျက်ခင်အထိ အဲဒီအိမ်အလွတ်တွေမှာ ဧည့်သည်လာရင် တည်းခိုဖို့ ပစ္စည်းထားဖို့သဘောတူထားတယ်လေ” - ဟု သျှမ်းပြည်တပ်တော်ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

လွန်ခဲ့သည့် ရ နှစ်ခန့်လည်း သျှမ်းပြည်တပ်မတော်၏ ကျေးရွာတခုအား ထိုင်းအစိုးရ တကြိမ်ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုမှာ ဒုတိယ အကြိမ်ဖြစ်ကြောင်း၊ ထိုင်းအစိုးရနှင့် တင်းမာမှု မဟုတ်ဘဲ ဌာနချုပ်စတင်တည် ထောင်စဉ်ကတည်းက နယ်မြေပိုင်နက် သတိမမူဘဲ တည်ဆောက်ထားသောကြောင့်ဖြစ်ခဲ့ရကြောင်း ပြောခွင့်ရ ဗိုလ်မှူး လောဝ်ဆိုင်က ပြောပါသည်။

Most read this week