မောင်တောတောင်ပိုင်း ကိုင်းကြီးတွင် ဆူပူလိုသူများကို စစ်တပ်က သေနတ် ပစ်ဖေါက် လူစုခွဲခဲ့ရ

မောင်တောတောင်ပိုင်း ကိုင်းကြီးတွင် ဆူပူလိုသူများကို စစ်တပ်က သေနတ် ပစ်ဖေါက် လူစုခွဲခဲ့ရ
by -
နိရဥ္စရာ

မောင်တောမြို့နယ် တောင်ပိုင်း ကိုင်းကြီးရွာတွင် ဆူပူ အကြမ်းဖက်ရန် ကြိုးစားခဲ့ကြသော လူအုပ်စု တစ်ခုကို စစ်တပ်က သေနတ် မိုးပေါ်ထောင်ပစ်ကာ လူစုခွဲခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

မောင်တောမြို့နယ်တွင် ရခိုင်ကျေးရွာများ မီးရှို့ခံနေရစဉ်။
“ဖြစ်တာက ဒီလ ၁၈ ရက်နေ့ ညနေမှာ ဖြစ်ပွားတာပါ။ ကိုင်းကြီးရွာမှာ ဘုန်းတော်ကြီးကျောင်းကို မီးရှို့ခံရတဲ့ ဓါတ်ပုံတွေ ပြသထားတဲ့ နေရာကို သြဂတ်စ်လ ၁၇ ရက်နေ့ ညဉ့်က ၀င်ရောက် ဖျက်ဆီး သွားခဲ့ပါတယ်။ နောက်တစ်နေ့  ၁၈ ရက်နေ့ ညနေမှာ ကင်းပုန်း ၀ပ်နေတဲ့ အခါ ရွာနားကို ကပ်လာတဲ့ မွတ်ဆလင် ဘင်္ဂလီ (၃) ဦးကို စစ်တပ်က ဖမ်းမိပါတယ်။ အဲသလို ဖမ်းဆီးတဲ့ နောက်ပိုင်း ဇော်မတက် ရွာက ဘင်္ဂလီတွေ ၀ိုင်းလိုက်လာတဲ့ အတွက် စစ်တပ်က သေနတ် သုံးလေးချက် မိုးပေါ်ထောင်ပစ်ပြီး လူစုခွဲလိုက်ရပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဓါတ်ပုံများမှာ ကိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းအား  မီးရှို့ ဖျက်ဆီးခံခဲ့ရသည့် ပုံများ ဖြစ်ပြီး နိုင်ငံတော် အကြီးအကဲများနှင့် နိုင်ငံခြားမှ ဧည့်သည်များ လာရောက်သော အခါ ကြည့်ရှု့နိုင်ရန် ရွာလမ်းထိပ် အဆောက်အအုံတစ်ခုတွင် ပြသထားသော ဓါတ်ပုံများ ဖြစ်ကြောင်း  ရွာသားက ဆိုသည်။

“ သူတို့ ဒီလို ဓါတ်ပုံတွေကို ပြသထားတာကို မကြိုက်တဲ့ အတွက် ၀င်ရောက် ဖျက်ဆီးတာ ဖြစ်ပါတယ်။ လုံခြံုရေး ယူထားတဲ့ စစ်တပ်က ၁၈ ရက်နေ့ မနက်မိုးလင်းမှ ဖျက်ဆီးခံရတာကို သိပါတယ်။ နောက်တစ်နေ့ ညဉ့်မှာ စစ်တပ်က ရွာအဝင် ကင်းပုန်းဝပ်တော့ ရွာထဲ ၀င်လာတဲ့ ဘင်္ဂလီ လူမျိုး သုံးဦးကို မိပါတယ်။ အခုတော့ သူတို့ကိုု ရဲလက်ထဲ လွဲပေးလိုက်ပြီ ဖြစ်ပါတယ်” ဟု ဆိုသည်။

အလားတူ မောင်တောတောင်ပိုင်း အလယ်သံကျော် အနီး ဥဒေါင်းရွာတွင်လည်း သြဂတ်စ်လ ၁၇ ရက်နေ့က နစက တာဝန်ရှိသူ တစ်ဦးကို ဖမ်းဆီးရန် အလိုရှိနေသူ ၀ရမ်းပြေး တစ်ဦးက ဓါးနှင့် ခုတ်သဖြင့် သေနတ် ပစ်ခတ်မူ ဖြစ်ပွားခဲ့သည်။

“သြဂတ်စ်လ ၁၇ရက်နေ့ ညဉ့် ၁၂နာရီခန့်မှာ ဥဒေါင်း ဘင်္ဂလီရွာကို နစက ဗိုလ်လေးလို့ လူသိများတဲ့ ဒုရဲအုပ် ဖြိုးဝေအောင် တပ်ဖွဲ့က ပဋိပက္ခအတွင်းက အကြမ်းဘက်၊ မီးရှို့ရာမှာပါတဲ့ ဆော်လီမူလာကို သတင်းအရ ဖမ်းဖို့သွားပါတယ်။ အိပ် နေတဲ့ ဆော်လီကို လက်နဲ့ လှမ်းနှိုး လိုက်တော့ အသင့် အိပ်ရာဘေးမှာ ချထားတဲ့ ဓါးနဲ့ ထပြီး ဓါးနဲ့ လှမ်းခုတ်တာပါ။ နစ ကဗိုလ်လေး လက်မောင်းကို ထိသွားပါတယ်။ ပါလာတဲ့ သူတွေက  သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတော့ ဆော်လီီမူလာမှ လက်မောင်းမှာ ဒဏ်ရာ ရရှိသွားပါတယ်” ဟု ပြောသည်။
နစက ဗိုလ်အား ဓါးနှင့် ခုတ်သူ ဆော်လီမူလာ ( ဓါတ်ပုံ- မောင်ကျောက်ခဲ – မြန်မာပြည်)
အခင်း ဖြစ်ပွားပြီးနောက် ဒုရဲအုပ် ဖြိုးဝေအောင်နှင့် ဆော်လီမူလာတို့ကို ဆေးရုံသို့ ပို့ပေးခဲဲ့ရပြီး ဆော်လီမူလာအား ယခုအခါ ဖမ်းဆီးထားကြောင်း သိရသည်။ ဖြိုးဝေအောင်တွင် ၀ဲဘက် လက်မောင်းတွင် ၂ လက်မခန့် ဒဏ်ရာ ရရှိသွားကြောင်း  သိရသည်။
ဗိုလ်ကလေးခေါ် ဖြိုဝေအောင် (ဓါတ်ပုံ- မောင်ကျောက်ခဲ- မြန်မာပြည်)
လက်ရှိ မောင်တော တောင်ပိုင်း အခြေအနေမှာ အေးချမ်းနေပြီး စစ်တပ် တပ်ရင်း (၂) ခု မှ လုံခြံုရေးကို တာဝန် ယူထားပြီး  မီးရှို့ခံထားရသော ကျေးးရွာများမှ နေအိမ်များကို ၀ုိင်းဝန်း ဆောက်ပေးနေကြကြောင်း ကျေးရွာသားများက ပြောသည်။

မောင်တော မြို့နယ် တောင်ပိုင်း သရေကုန်ဘောင်တွင် မွတ်ဆလင် ဗလီများနှင့် ဘာသာရေး ကျောင်းတစ်ခုအား စစ်တပ်နှင့် နတလ ရွာသားများက သြဂတ်စ်လ ၂၂ ရက်နေ့က ဖြိုဖျက်လိုက်ကြောင်း ပြည်ပ အခြေစိုက် သတင်းဌာန တစ်ခုတွင် ဖေါ်ပြထားမူနှင့် ပတ်သက်ပြီး ကျေးရွာ သားများအား မေးမြန်းရာ အဆိုပါ သတင်းမှာ လုံုးဝ မဟုတ်မှန်ကြောင်းနှင့် မည်သူမျှ ဖျက်ဆီးခြင်း မရှိကြောင်း ပြောကြားသွားသည်။

Most read this week