ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် လစာနည်း ကွန်မြူနစ်စနစ်အတိုင်းသွားနေဆဲ

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် လစာနည်း ကွန်မြူနစ်စနစ်အတိုင်းသွားနေဆဲ
by -
သျှမ်းသံတော်ဆင့်

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနက် လူသူလက်နက်ငွေအင်အား အကြီးဆုံးဖြစ်သည့် ဝ ပြည်သွေးစည်းညီညွှတ် ရေး တပ်မတော်က တပ်ဖွဲ့ဝင်များအတွက် လစာများအား ကွန်မြူနစ်စနစ် အတိုင်းသွားနေဆဲဖြစ်ကြောင်း ကွန်မြူနစ်ပါတီ ဝင်ဟောင်းများကပြောသည်။

UWSA ဝ တပ်သားများ
“ဝ တပ်ဖွဲ့ထဲကပေါ့နော်။ အောက်ခြေတပ်သားကနေ တပ်ရင်းမှူးအထိ လစာကို တရုတ် ယွမ်ငွေ ၆၀ ယွမ် တန်းတူ ညီမျှပေး တယ်။ သို့ပေမယ့် ဝမ်းရေးအတွက် လုပ်ပိုင်ခွင့်တော့ ပေးထားတာပေါ့နော်။ အရင်းအနှီးအတွက် ငွေဆိုလဲချေးပေးတယ်။ ပစ္စည်းလဲ ထုတ်ပေးတယ်။ လုပ်ငန်းလည်ပတ်မှုရသွားပြီဆိုရင် အရင်းပြန်ဆပ်ရတယ်” ဟု တာချီလိတ်ရောက် ကွန်မြူနစ် ဝန်ထမ်း ဟောင်းတဦး ကပြောသည်။

တပ်စုမှူး၊ တပ်ဖွဲ့မှူးတို့ကိုလည်း တာဝန်အလိုက် ဆိုင်ကယ်တစီး၊ လယ်ထွန်စက်တစီး၊ တပ်ရင်းမှူးကို ကားတစီး စသဖြင့် သုခုမကြေး အဖြစ်ချီးမြှင့်သေး သည်ဟု ဆို၏။

မိသားစုဝင်ငွေအတွက်လည်း တပ်ဖွဲ့မှ ငွေကြေးချေးပေးကာ လုပ်ငန်းလည်ပတ်စေသကဲ့သို့ အကျိုး အမြတ် ရရှိလာပါက ချေးငွေများပြန်လည်ပေးဆပ်ရကြောင်း ထို့အတွက် UWSA  ဝ တပ်သားများ အတွင်း ပျော်ရွှင်ကျေနပ်မှုများရှိသည် ကိုတွေ့ရကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

“ကူးသန်းရောင်းဝယ်ရေး ကုန်ပစ္စည်းတွေကိုလဲ ဌာနချုပ်မှာ တံဆိပ်တုန်းထု လက်မှတ်နဲ့ထုတ်ယူပြီး သွားရောင်းခွင့်ပေး တယ်။ ဖမ်းမိပြုမိရင် ဌာနချုပ်တံဆိပ်ပါရင် အဲဒီပစ္စည်းတွေ ဌာနချုပ်ကိုဘဲပြန်ပို့တယ်။ ဌာနချုပ်ကထုတ်သွားတဲ့ ပိုင်ရှင်ထံ ကိုဘဲ ပြန်အပ်ပေးတယ်။ အဲဒီလိုလုပ်ပိုင်ခွင့်ရှိတာ” - ဟု မိုင်းပေါက်မှ ဝ အရာရှိငယ်တဦးက ပြောသည်။

မိုင်းလားတပ်ဖွဲ့ခေါ် NDAA-ESS တပ်ဖွဲ့အတွင်း၌မူ အခြေခံလစာတရုတ်ယွမ်ငွေ ၂၅၀ မှ စတင် ကြောင်း မိုင်းလား တပ်ဖွဲ့ နှင့် နီးစပ်သူတဦးကပြောသည်။

“သူတို့ကို အဲဒီစာထဲကနေ စားသောက်စရိတ် တဝက်ဖြတ်တယ်။ ၁၂၅ ယွမ် လောက်ရတယ်။ ကျနော်တို့ လူကြီး ကတော့ အရင်နှစ်တုန်းက ကျနော်တို့ကိုပြောဖူးတယ်။ တပ်သားတွေ ကေဒါတွေကို ပေးဖို့လစာမရှိခဲ့ရင်တောင် လူကြီးကိုယ်တိုင် နိုင်ငံခြားထွက်အလုပ်လုပ်ပြီး ရှာကျွေးမယ် - လို့ပြောတယ်” - ဟု အဆိုပါ ကေဒါဟောင်းကပြောသည်။

သျှမ်းပြည်တပ်မတော် တောင်ပိုင်း၌မူ စေတနာ့ဝန်ထမ်း တပ်သားများတဦးလျင် ကျပ်ငွေ ၁၀၀၀၀ (ထိုင်းနယ်စပ်နေတပ် သား များအတွက် ကျပ်တသောင်းနှင့်ညီမျှသော ဘတ်ငွေ ၃၉၀) နှင့် အမြဲတမ်း ဝန်ထမ်း အောက်ခြေတပ်သား များအတွက် ကျပ်ငွေ ၁၂၀၀၀ (နယ်စပ်နေသူများ ၎င်းငွေပမာဏ နှင့် တူညီသော ထိုင်းဘတ်ငွေ ၄၆၈)အပြင် အဆင့်ဆင့်ရာထူးတက် သွား ပါက ကျပ် ငွေ ၂၀၀၀ စီတိုးမြင့် ပေးဆောင်ကြောင်း သျှမ်းပြည်တပ်မတော်အကြီးအကဲတဦးကပြောသည်။

“သူတို့တွေ ဒီလစာအပြင် တာဝန်အလိုက်ဆုကြေးတွေလည်း ရှိသေးတယ်” ဟု အဆိုပါအကြီး အကဲကပြော သည်။

မြန်အမာအစိုးရ စစ်တပ်မှာမူ စစ်လေ့ကျင့်ရေးကျောင်း ၂ နှစ်ပြီးဆုံးပါကအရည်အချင်းအလိုက် ဒု တပ်ကြပ်၊ တပ်ကြပ်၊ တပ်ကြပ်ကြီး ရာထူးရမည်ဖြစ်ပြီး အခြေခံ  လစာမှာ ကျပ် ၁ သိန်း ခွဲအနည်းဆုံးရှိကြောင်း၊ ဗိုလ်ကြီးတဦးလာစာမှာ လစာ မှာ တသိန်းခွဲနှင့်အထက်ရှိကြောင်း၊  ဗိုလ်မှူးမှာမူ ကျပ်နှစ်သိန်းဝန်းကျင်ရှိကြောင်း၊  ထို့ထက်ကြီးသည့် အရာရှိများလည်း ကျပ် နှစ်သိန်းအထက် လခရကြောင်း တပ်မတော်အသိုင်းအဝိုင်းက ပြောပါသည်။ မည်သို့ပင်ဆိုစေ အိမ်နီးချင်းတိုင်းပြည်များ၏ အစိုးရ ပညာရေးဝန်ထမ်းများမှာ မြန်မာ့ပညာရေး ဝန်ထမ်းများထက် လစာ ရ ဆ ပိုများနေသည်ဟု မောက္ခပညာရေးသတင်း က ရေးသားပါသည်။