ရသေ့တောင် ကုလားချောင်းကို ၀င်ရောက် ပစ်ခတ်ခဲ့သူများထံမှ သက်သေခံ ပစ္စည်း အများအပြား သိမ်းဆည်းရ

ရသေ့တောင် ကုလားချောင်းကို ၀င်ရောက် ပစ်ခတ်ခဲ့သူများထံမှ သက်သေခံ ပစ္စည်း အများအပြား သိမ်းဆည်းရ
by -
နိရဥ္စရာ

သြဂတ်စ်လ ၁၄ ရက်နေ့က ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာအား ၀င်ရောက် ပစ်ခတ်ခဲ့သူများထံမှ သက်သေခံ ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Seizing-evidences-on-the-boat
ရရှိခဲ့သော သက်သေခံ ပစ္စည်းများမှာ ဘင်္ဂလာဒေချ့်နှင့် သက်ဆိုင်သော ပစ္စည်းများ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။

“ သူတို့က ဘယ်လောက်ထိ အတင့်ရဲသလဲဆိုရင် စက်လှေပေါ်မှာ ဘင်္ဂလာဒေချ့်က အလံတွေကို ထောင်ပြီး ကျွန်တော်တို့ နိုင်ငံ အတွင်းမှာ သွားလာနေတာ  ဖြစ်ပါတယ်။ ဒါ့အပြင် စက်လှေပေါ်က ဘင်္ဂလာဒေချ့် နိုင်ငံသား ကဒ်တွေ၊ စာရွက်စာတန်းတွေ၊ ဖုံးနံပတ်တွေ၊ ပီးရင် စက်လှေပေါ်က ကျွဲတစ်ကောင်ကိုပါ ဖမ်းမိတယ်” ဟု သူက ပြောသည်။

သို့သော် လက်နက်တွေ၊ ခဲယမ်းမီးကျောက်များကို သိမ်းဆည်းရရှိမိခြင်း မရှိကြောင်း ဆိုသည်။

ကုလားချောင်းကျေးရွာမှ ဆရာမ တစ်ဦးကလည်း သူတို့ဒေသ၏ နောက်ဆုံး အခြေအနေကို ယခုလို ပြောသည်။

“ အခုတော့ အခြေအနေ အေးအေး ဆေးဆေး ရှိပါတယ်။ သူတို့ထဲက တစ်ဦးကိုဘဲ ဖမ်းမိပါတယ်။ ကျန်တဲ့သူတွေကို မမိသေးပါဘူး။ လိုက်လံရှာဖွေနေတုန်းဘဲ ဖြစ်ပါတယ်” ဟု ပြောသည်။

သိမ်းဆည်ရမိသော သက်သေခံ ပစ္စည်းများကို တွေ့ရစဉ်။

အဆိုပါ ဘင်္ဂလာမှ အဖွဲ့သည် ရသေ့တောင်မြို့နယ် တောင်ပိုင်း မယူကမ်းတွင် တည််ရှိသော ကုလားချောင်း ကျေးရွာ အနီး ပြင်ချောင်းထဲတွင် ဘင်္ဂလာဒေချ့် အလံများကို ထောင်ပြီး စက်လှေ နှစ်စီးနှင့် ၀င်ရောက် လာစဉ် ဒေသခံ ကျေးရွာသားများနှင့် ထိပ်တိုက်တိုးပြီး ပစ်ခတ်မူ ဖြစ်ပွားခဲ့သည်။ ၎င်းနောက်ပိုင်း စစ်သားများ လိုက်လာသဖြင့် ထွက်ပြေးရာ စက်လှေ တစ်စီးကို ဖမ်းမိပြီး ကျန်တစ်စီးမှာ လွှတ်မြှောက် သွားခဲ့သည်။

ယခု ဖမ်းဆီးရမိသော သက်သေခံ ပစ္စည်းများမှာ စက်လှေပေါ်မှာ ရှာဖွေတွေ့ရှိသော ပစ္စည်းများ ဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

ယခု ဘင်္ဂလာဒေချ့်ဘက်မှ ၀င်ရောက်လာသူများမှာ ဒေသခံများတိုက်ခိုက်ရန်နှင့် မတည်ငြိမ်မူများကို ဖန်တီးရန် ၀င်ရောက် လာသူများ မဟုတ်ဘဲ ကျွဲနွားများကို ခိုးယူရန် ၀င်ရောက်လာသူများ ဖြစ်နိုင်သည်ဟု အာဏာပိုင်များက  ပြောဆိုသည်ဟု သူက ဆိုသည်။

သို့သော်လည်း အာဏာပိုင်များက အဆိုပါ ဒေသတွင် ယခုအခါ လုံခြံုရေးကို တင်းကျပ်ထားပြီး စစ်သားများလည်း ကင်းလှည့် သွားလာနေကြသည်ဟု ဒေသများက ပြောဆိုသည်။

Most read this week