စတုတ္ထမြောက် ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ မြဝတီ ဆက်ဆံရေး ရုံးဖွင့်ပွဲကို အစိုးရ ၀န်ကြီးများ အပါ၀င်၊ လွှတ်တော် ကော်မီရှင်များနှင့် ပြည်နယ် အဆင့် သက်ဆိုင်ရာ အကြီးအကဲများကို အင်တိုက်အားတိုက် တက် ရောက်စေခြင်းဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကြား သွေးခွဲပြီး ဆက်ဆံရာ ရောက်စေခဲ့သည်ဟု အခမ်းအနားကို တက်ရောက် ခဲ့သော KNU ခရိုင် အတွင်းရေးမှူး တဦးက ဆိုပါသည်။
“ဒါဟာ တောင်ပိုင်းက အပစ်ရပ်ထားတဲ့ တိုင်းရင်းသား အဖွဲ့တွေ အပေါ်မှာ စိတ်ဓါတ် စစ်ဆင်ရေးကို သုံးလိုက်တာပါ။ သူတို့ ကိုယ်တိုင်က မကထ လုပ်ထားပုံပါ။ တိုင်းရင်းသား ဖက်ကဆိုရင် မွန်၊ ကရင်၊ DKBA ၊ BGF အဖွဲ့အားလုံးကို ဖိတ်တယ်။ အစိုး ရဖက်ကဆိုရင် ၀န်ကြီးအပြင်၊ လွှတ်တော်ရေးရာ ကော်မီတီတွေ၊ ပြည်နယ်အဆင်တွေ၊ တရားဝင် နိုင်ငံရေး ပါတီတွေမက အရေးကြီး ပုဂ္ဂိုလ်တွေကို သူတို့ကိုယ်တိုင် ဖိတ်ထားတယ်ပေါ့။ ကြည့်လိုက်ရင် KNU ရုံးဖွင့်ပွဲက လူပေါင်း (၆၀၀) လောက်နဲ့ဆို စည်းကားနေတာပေါ့၊ ဒါဟာ တိုင်းရင်းသား အရေးကို ပြန်တွက်ကြည့်ရင် တောင်ပိုင်း အဖွဲ့တွေကို နှစ်သိမ့်နေတဲ့ အဓိပ္ပါယ် ဖြစ်နေမလားဘဲ” ဟု ဆိုပါသည်။
အစိုးရက ကမကထ လုပ်ပြီး ဖိတ်ကြားထားသူများမှာ ကလို့ထူးဘော DKBA မှ ဗိုလ်မှူးကြီးဆန်းအောင်၊ ဗိုလ်မှူးကြီးကျော် သက်၊ ငြိမ်းချမ်းရေး ကောင်စီမှ စောနေစိုးမြ၊ နယ်ခြားစောင့်တပ် အမှတ်(၃)မှ တိုက်နယ်မှူး ဗိုလ်မှူးကြီးချစ်သူ၊ ဗိုလ်မှူးကြီး မုတ်သုန်၊ မြဝတီခရိုင် ဌာနဆိုင်ရာ တာဝန်ခံများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ဖလုံ-စဝေါ်ပါတီ တို့ ပါ၀င်သည်။
ထို့အပြင် မွန်ပြည်သစ်ပါတီ ဥက္ကဌ (သို့) ဒုဥက္ကဌကိုပါ ဖိတ်ကြားခဲ့ပါသည်။ သို့သော် ဗဟိုအလှုပ်အမှုဆောင် နိုင်တလညီနှင့် နိုင်ဝင်းလှတို့နှစ်ဦးက ဦးဆောင်ပြီး တက်ရောက်ခဲ့ပါသည်။
အစိုးရဖက်မှ တက်ရောက်သူများမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ၀န်ကြီး ဦး အောင်မင်း ဦးဆောင်ပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ၀န်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း၊ နယ်စပ်ရေးရာနှင့် လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ အရှေ့တောင် တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း အပါအဝင် ပြည်နယ်ဝန်ကြီးအချို့နှင့် လွှတ်တော် ကော်မရှင်များက တက် ရောက် စေခဲ့ပါသည်။
အခမ်းအနားကို ယနေ့ မနက်ပိုင်း၌ ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၃)ရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် ကျင်းပခဲ့ပါသည်။ မြဝတီ ဆက်ဆံရေးရုံးတာဝန်ခံအဖြစ် တပ်မဟာ(၇)မှ တပ်ရင်း(၁၀၁)မှူး ဗိုလ်မှူးကြီးဖောဒိုနှင့် ဒုတာဝန်ခံအဖြစ် တပ်မဟာ (၆) မှ အထူးစစ်ကြောင်းမှူး ဗိုလ်ကြီးလှမင်းတို့ဖြစ်ပါသည်။
ဤဖွင့်ပွဲသို့ KNU ဘက်မှ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီ၊ ဖားအံခရိုင် ဥက္ကဌ ပဒိုစော အောင်မော်အေး၊ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌစောကွယ်ထူးဝင်း၊ ညောင်လေးပင် ခရိုင် ဥက္ကဌ ပဒိုစောလေးလော်ဆော၊ မော်လမြိုင်ခရိုင်မှ ဥက္ကဌ ပဒိုရွှေမောင်းနှင့် အဆင့်ဆင့် အရာရှိများတို့ တက်ရောက်ခဲ့ပါသည်။
ဖွင့်လှစ်ပြီးခဲ့သော KNU ဆက်ဆံရေး ရုံးများမှာ ပဲခူးတိုင်း ကျောက်ကြီးမြို့၊ တနင်္သာရီတိုင်း ထားဝယ်မြို့နှင့် ကရင်ပြည်နယ် ဘုရားသုံး ဆူမြို့များတွင် KNU ဆက်ဆံရေး ရုံးများကို ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
ဤသည် စစ်ရေးအရ အစိုးရနှင့် ပစ်ခတ်မှု မရှိသော (သို့) အစိုးရက ချွေးသိပ်ထားဟန် ရှိသော အပစ်အခတ် ရပ်စဲရေး အဖွဲ့များ ဖြင့် စုစည်းပြီး KNU ဆက်ဆံရေး ရုံးဖွင့်ပွဲ၌ အင်အားပြခြင်း တရပ်ဟု ယူဆပါသည်။ ဒီအချိန်၌ အစိုးရသည် မြန်မာပြည် မြောက် ပိုင်းရှိ အပစ်မရပ်သေးသော နှင့် အပစ်ရပ်ထားသော တိုင်းရင်းသား အဖွဲ့အစည်းများကို စစ်ရေးအရ ပြင်းထန်စွာ ရန်ပြုနေ ချိန်ဖြစ်သည်။ ဤသည်ကို ထောက်ရှုခြင်းဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်မှုအဖွဲ့၏ သွေးခွဲ အုပ်ချုပ်မှုကို မြင်သာ လှသည်ဟု ခရိုင် အတွင်းရေးမှူးက ဆိုပါသည်။
“ကျနော်တို့ကို ဦးစားပေးလွန်းလို့ ချစ်လွန်းလို့ အခုလို ရုံးဖွင့်ပွဲကို အရေးတယူနဲ့ စည်စည်ကားကား ကျင်းပပေးမဲ့ပုံ မဟုတ် ဘူး ထင်ပါတယ်။ စစ်ရေးအရ ပြောရရင် သွေးခွဲပြီး ချေမှုန်းတဲ့ သဘောပါဘဲ၊ တချိန်တုန်းကလည်း KNU ကို ညှာခဲ့တာ မဟုတ် ပါဘူး၊ အခုလည်း မလိုတဲ့ အချိန်မှာ၊ မကြိုက်တဲ့အချိန်မှာ ရန်စလို့ ရနိုင်ပါတယ်”ဟု ဆိုပါသည်။
ယခုချိန်၌ တခြား တိုင်းရင်းသား မဟာမိတ်များ ဖြစ်ကြသော ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ကို ပြင်းထန်စွာ ထိုးစစ် ဆင်နေတဲ့အချိန်၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ကို အပစ်ရပ် ထားလျှက်နှင့် ရန်စသည့် အချိန်ဖြစ်ပါသည်။ ဤအချိန်၌ ဦးအောင်မင်းသည် ငြိမ်းချမ်းရေး လိုလားပါက တွေ့ဆုံ ဆွေးနွေးရေးကို အဖြစ်နိုင်ဆုံး ညှိနှိုင်းရန် ဖိတ်ခေါ်အပ်ပါသည်။ သို့သော် ဦးအောင်မင်းက---
ဤသည် ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်း ကော်မီတီ ဒုဥက္ကဌ၏ သဘောထားပင်ဖြစ်ပါသည်။ ဦးအောင်မင်း သည်၊ KIA ၊ SSPP နှင့် RCSS တို့အဖွဲ့နှင့် တွေ့ဆုံဆွေးရန် အချိန် မပေးနိုင်သော်လည်း KNU ရုံးဖွင့်ပွဲ၌ စည်စည် ကားကား အရေးပေးပြီး ကျင်းပနိုင်ခဲ့ပါသည်။