ဖမ်းဆီးထားသည့် အိုင် အန်ဂျီအို ၀န်ထမ်းများကို ပြည်ထဲရေးဌာန အမိန့်ဖြင့်ပြန်လွှတ်ပေး

ဖမ်းဆီးထားသည့် အိုင် အန်ဂျီအို ၀န်ထမ်းများကို ပြည်ထဲရေးဌာန အမိန့်ဖြင့်ပြန်လွှတ်ပေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်းက ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုတွင် ပါ၀င်ပတ်သည်ဟုဆိုကာ သက်ဆိုင်ရာမှ ဖမ်းဆီးထားသည့် INGOs နှင့် UNHCR ၀န်ထမ်းတချို့ကို ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ဖြင့် ပြည်လည်လွတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

AZG မှ ဦးကျော်လှအောင်နှင့် ဦးဝင်းနိုင် (ဓါတ်ပုံ- မစ္ဖျိမ)
ယခု လွတ်မြောက်လာသူများတွင် စစ်တွေအကျဉ်းထောင်မှ AZG အဖွဲ့မှ ဦးကျော်လှအောင်နှင့် ဦးဝင်းနိုင်အပါအဝင် စုစုပေါင်း ၁၀ ဦးဖြစ်သည်။

သူတို့အား ပြည်ထဲရေးဝန်ကြီးဌာနမှ ပြံုးချိုဆိုသူ၏  အမိန့်ညွန့်ကြားစာဖြင့် ပြန်လည် လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း  ဘူးသီးတောင်မြို့မှ ရှေ့နေတဦးကပြောသည်။

“ ပြည်ထဲရေး ၀န်ကြီးဌာနက ရုံးအဖွဲ့မှူး ပြံုးချိုဆိုတဲ့ ပုဂ္ဂိုလ် လက်မှတ်ထိုးပြီး သူတို့ကို လွတ်ပေးဖို့ စာ ရောက်ပါတယ်။ ဒီကလည်း အမှုကို အားလုံး စစ်ဆေးပြီးပါပြီ။ ဆုံးဖြတ်ဖို့ဘဲ ကျန်တော့တယ်လို့ ပြန် တင်ပြတယ်။ ဒါပေမဲ့ ကြေအေးစွာနဲ့လွှတ်ပေးလိုက်ပါလို့ ညွန်ကြားတယ်။ ဒါကြောင့် လွှတ်ပေးလိုက််တယ်ဗျာ” ဟု ဆိုသည်။

ယမန်နေ့က ဘူးသီးတောင်မှ လွတ်ပေးလိုက်သူ ၃ ဦးရှိကြောင်း အမည်မဖော်လိုသူ အစိုးရ ၀န်ထမ်း တဦး ကပြောသည်။

“ကျွန်တော်တို့ ဘူးသီးတောင်က လွတ်လာတာ ၃ ဦးပါ။ UNHCR ကစောမြင့်၊  ဇော်မြင့်နဲ့ အဒူဟိုက် ပါ။ အမှုတွေဘာတွေ တည်ဆောက်ပြီးမှ အပြစ်ရှိသူကို ဒီလို လွှတ်ပေးလိုက်တယ်ဆိုတော့ ဒေသခံ တွေက မကြေနပ်ကြဘူး။”

အပြစ်ရှိသူကို အရေးမယူဘဲ လွတ်ပေးလိုက်သည့်အတွက် ရခိုင်လူထုအတွင်း အစိုးရအပေါ် မကြေနပ် မှုများ တိုးပွားနေကြောင်း အဆိုပါ ဘူးသီးတောင်မြို့ခံက ပြောသည်။

ယခုကဲ့သို့ နိုင်ငံတော်မှ လွတ်ပေးလိုက်ခြင်းသည် နိုင်ငံတော်အစိုးရအနေဖြင့်  Rule of Law ကို အကောင်အထည်ဖော်ရာတွင် အားနည်းချက်ရှိကြောင်း ရတပ ပါတီအထွေထွေအတွင်းရေးမှူး ဦး ဦးလှစောက ယခုကဲ့သို့ပြောသည်။

“လူတယောက် ထောင်က လွတ်လာတယ်ဆိုတော့ ၀မ်းသာရမှာပါ။ သို့သော် ဒီလူတွေဟာ ရခိုင်ပြည် မှာ ဖြစ်ခဲ့တဲ့ ဆူပူအကြမ်းဖက်မှုမှာ တစုံတရာ ပါ၀င် ပတ်သတ်မှုရှိတယ်လို့ ရခိုင်အသိုင်းအဝိုင်းနဲ့ဥပ ဒေ အသိုင်းအဝိုင်းက မှတ်ယူထားခဲ့တယ်။ ဥပဒေအထက်မှာ မည်သူမှမရှိလို့ ပြောပြီးမှ ဆူပူမှုမှာ ပါ၀င် ပတ်သတ်မှုရှိပြီး လွတ်ပေးတာကို ရခိုင်တွေအနေနဲ့ တစုံတရာ စိတ်ခံစားမှုရှိတယ်။ နောက်ပြီး ဒီဖြစ်နေတဲ့ ပြဿနာမှာ ရိုးရိုးသားသားနေတဲ့ ရခိုင်တွေ အများကြီး၊ အများကြီး အဖမ်းခံထားရတယ်။ သူတို့ တယောက်မှမလွှတ်ဘဲ မူဆလင်တွေဘက်က ပါ၀င်ပတ်သတ်သူတွေကို လွတ်ပေးလိုက်တယ် ဆိုတာ သဘာဝတော့ မကျဘူး။ ဒါကြောင့် Rule of Law ကို ဖော်ဆောင်တဲ့နေရာမှာ လုံးဝအားနည်း ချက် ရှိတယ်ဆိုတာ ဒီအချက်က သက်သေပြသွားတယ်။”

၎င်းပြင် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကိုခိုင်ကောင်းစံကလည်း ယခုကဲ့သို့ အကြမ်းဖက်မူတွင် ပါ၀င်ခဲ့သူများဟု စွပ်စွဲခံရသူများကို တစ်စုံတစ်ရာ အရေးမယူဘဲ လွှတ်ပေးခြင်းသည် အကြမ်းဖက် ဆူပူမူကို ထပ်မံ ဖြစ်ပွားစေရန် လုပ်ဆောင်သည်နှင့် တူသည်ဟု သူက ပြောသည်။

“ အခု အဖမ်းခံထားရတဲ့ သူတွေဟာ ဆူပူအကြမ်းဖက်မူနဲ့ ပတ်သက်တဲ့ အတွက် ဖမ်းဆီးထားတာ ဖြစ်တယ်။ ဒါကို တရားရုံးကိုကျော်ပြီး  နို်င်ငံတကာ ဖိအားနဲ့ လွှတ်ပေးလိုက်တယ်ဆိုရင် ဘာဘဲလုပ်လုပ် ငါတို့နောက်မှာ နိုင်ငံတကာရှိတယ်ဆိုပြီး နောက်နောင်လည်း ဒီလို အကြမ်းဖက်မူတွေ ဖြစ်အောင် စီစဉ်လာနိုင်တယ်” ဟု ပြောသည်။

သူတို့အား ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် ရခိုင်အရေးခင်းတွင် ပါဝင်ပတ်သက်ခဲ့သည်ဟုဆိုကာ  ပုဒ်မ ၁၅၃-က၊၄၃၆၊ ၁၄၈၊၅၀၅ (ဂ)၊ အရေးပေါ် စီမံမှုအက်ဥပဒေပုဒ်မ (၅) ညတို့ဖြင့်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မောင်တောမြို့တွင်ဖမ်းဆီးထားသည့် INGOs ၀န်ထမ်း ဒေါ် ချိုလေးမာကိုလည်း ကျီးကန်းပြင်နစက စခန်းတွင် ထိမ်းသိမ်းထားပြီး မကြာမီပြန်လွတ်ပေးဟု မောင်တောမြို့တွင် သတင်းများထွက် ပေါ် နေ သည်။

မကြာသေးမီက မြန်မာနိုင်ကိုလာရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ် စားလှယ် မစ္စတာကင်တေးနားနှင့် တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ သူတို့ လွတ်မြောက်လာခြင်း ဖြစ် သည်။

Most read this week