UNFC_e33လာမည့် စက်တင်ဘာ လတွင် အစိုးရနှင့် မသက်ဆိုင်သော လွတ်လပ်သော တိုင်းရင်းသား ညီလာခံ တရပ် ကျင်းပနိုင်ရန် လူထု လူတန်းစားများထဲမှ တိုင်းရင်းသား အသင်းအဖွဲ့များ ပါ၀င်လာရေးကို ညီလာခံ ဖြစ်မြောက်ရေး WORKING GROUP က လိုက်လံ စည်းရုံးနေကြောင်း group အဖွဲ့ဝင် တဦးဖြစ်သူ ခွန်ဥက္ကာက ပြောပါသည်။
“တိုင်းရင်းသား ညီလာခံ အတွက် ပြင်ဆင်ကြတာပဲ စက်တင်ဘာလ ဒုတိယ အပါတ် အကုန်ပိုင်းမှာ ညီလာခံခေါ်မယ်။ အဖွဲ့ပေါင်းစုံ ပါအောင် ခေါ်မယ်။ ညီလာခံ ကျင်းပရေး ကော်မတီ တာဝန်ခံကိုတော့ UNFC အထွေထွေ အတွင်းရေးမှူး ဖြစ်တဲ့ နိုင်ဟံသာက ဦးဆောင်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းဖြစ်စဉ်မှာ တိုင်းရင်းသားတွေရဲ့ ကိုင်စွဲရမဲ့မူတွေကို ချမှတ်ဖို့ ညီလာခံကို ခေါ်ရခြင်းဖြစ်ပါတယ်” ဟု ဆိုပါသည်။
WORKING GROUP တွင် စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် များအပါ၀င် ရခိုင်လွတ်မြောက်ရေး အဖွဲ့ (ALP) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS ) တို့လည်း ပါ၀င်ကြသည်။ အစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုသာ ခေါ်ယူဆွေး နွေးခဲ့ပါသည်။ သို့သော်လည်း တချို့အင်အား နည်းပါးသော လက်နက်ကိုင် အဖွဲ့များကိုမူ ခေါ်ယူဆွေးနွေးခြင်း မရှိခဲ့ပေ။
ဤသို့ကြောင့် လက်နက်ကိုင် တိုင်းရင်းသား အင်အားစုများသည် ၄င်းတို့ပေါ်လစီမှ ရရှိထားသော ငြိမ်းချမ်းရေး အခြေအနေကို တိုင်းရင်းသားပေါင်းစုံ ပါ၀င်သော ညီလာခံသို့တင်ပြရန် လိုသည်ဟု ယူဆသည့် အတွက် လွတ်လပ်သောတိုင်း ရင်းသားညီလာခံ ဖြစ်လာရေးကို ကြိုးပမ်းနေခြင်းဖြစ်ပါသည်။ ထို့အပြင် လူထုလူတန်း စား အဖွဲ့အစည်းများလည်း မြန်မာ နိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပါ၀င်လာရန် နိုးဆော်နေသည်ဟု ခွန်ဥက္ကာကဆိုပါသည်။
UNFC_00000000988“ ကျမတို့ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) ကတော့ အခုလို ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ နေရာမှာ ကျမတို့က တကယ်ပဲ စစ်မှန်ပြီး တရား မျှတမှု ရှိတဲ့ ရေရှည် အာမခံချက်ရှိတဲ့ ဖော်ဆောင်မှုမျိုးဖြစ်ဖို့အတွက်ကို အဓိကပစ်မှတ် ထားပြီး နည်းပေါင်းစုံနဲ့ နိုင်တဲ့ အင်အားနဲ့ ၀ိုင်းဝန်းပြီးတော့ တက်တက်ကြွကြွ ပူပေါင်းလုပ်ဆောင်နိုင်အောင် ပူးပေါင်း ပါ၀င်လိုလို့ အခုလို WORKING GROUP နဲ့လိုက်လံ စည်းရုံးရေး ဆင်းနေတာဖြစ်ပါတယ်။ ”လို့ WLB အမှုဆောင်တဦး ဖြစ်သူ ဒေါ်တင်တင်ညို ကပြောပါသည်။
တိုင်းရင်းသား ညီလာခံဖြစ်မြောက်ရေး ရုံးဖွင့်ရန် အတွက်လိုအပ်သော နေရာ၊ ပါ၀င် စုဖွဲ့ရမည့်သူနှင့် လုပ်ငန်း ကိစ္စများကို ချမှတ်ရန် ကြိုးပမ်းနေကြပါ သည်။ ညီလာခံကိုလည်း ပြည်တွင်းပြည်ပ နှစ်နေရာ စလုံး၌ ကျင်းပရန် ရည်ရွယ်ထားပါသည်။ ဤညီလာခံသို့ နိုင်ငံရေးပါတီများ တိုင်းရင်းလူမှူအဖွဲ့ စည်းများကျောင်းသာ လူးငယ်များ အမျိုးသမီး အဖွဲ့များနှင့် အခြား စိတ်ဝင်စားသူ မည်သူမဆို တက်ရော့်နိုင်ကြောင်းဆိုပါသည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရကမူ အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးမှ ၂၀၁၄ခုနှစ်တွင် ကျယ်ပြန့်သော တိုင်းရင်းသား ညီလာခံ တရပ် ကျင်းပရန် ချမှတ်ထားကြောင်း သမ္မတမှ ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။