မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်းရွာကို မွတ်ဆလင်များ ရန်စ

မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်းရွာကို မွတ်ဆလင်များ ရန်စ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်း ရခိုင် ကျေးရွာအား မွတ်ဆလင်များက တိုက်ခိုက် မည့်လိုလို ရန်စမူများ ပြုလုပ်လာသဖြင့် စစ်တပ်က အချိန်မှီ လာရောက်ပြီး အခြေအနေကို ထိန်းသိမ်း လိုက်ရသည်ဟု သတင်း ရရှိသည်။

Mrauk-U-Entrace-gate

ရန်စသည့် အပြုအမူများကို ပြုလုပ်သူ မွတ်ဆလင် ကျေးရွာသားများမှာ ပုရိန် (မွတ်ဆလင်) ရွာမှ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ ကျွန်တော်တို့ ရွာအနီးမှာ ပုရိန်် ကုလားရွာဆိုတာ ရှိပါတယ်။ အိမ်ခြေ ၄၀၀ ကျော်လောက်ရှိပါမယ်။ ကျွန်တော်တို့ရွာက အိမ်ခြေ ၅၀ ကျော်လောက်ဘဲ ရှိပါတယ်။ အဲဒီရွာက မွတ်ဆလင် ဘင်္ဂလီ ၂၀ – ၃၀ ခန့်က ကျွန်တော်တို့ ရွာဘုန်းကြီးကျောင်းကို လာဝိုင်းသလိုလို ဟိုနားက တစ်ယောက် ဒီနားကတစ်ယောက် လူရောင်ပြပြီး တက်လာပါတယ်။ ဆရာတော်က ချက်ချင်း မြောက်ဦးမြို့ကို ဖုံးဆက်ပြီး အကြောင်းကြား လိုက်တော့ အဲဒီက ရခိုင်တွေ ဆင်းလိုက်လာတော့ ရွာထဲကို ပြန်ပြေးသွားကြပါတယ်” ဟု ပြောသည်။

ကျောက််တွင်းကုန်းနားတွင် ပရိန်ကုန်းဆိုပြီး ရခိုင်ကျေးရွာ တစ်ရွာရှိပြီး အဆိုပါ ကျေးရွာ(၂) ခုစလုံးမှာ ရွာငယ်များ ဖြစ်ကြကြောင်း သိရသည်။

၎င်းသတင်း ဖြစ်ပေါ်ပြီးနောက် မြောက်ဦး အခြေစိုက် တပ်ရင်းများမှ စစ်သားများ လိုက်ပါပြီး အခြေအနေကို ၀င်ထိန်းသိမ်းခဲ့ရကြောင်း သူက ဆက်ပြောသည်။

“ အခုက အဲဒီ မွတ်ဆလင်ရွာကို စစ်သားတွေက လုံခြံုရေး ယူပေးထားပါတယ်။ သူတို့က အလိုလိုနေရင်း  ရန်စနေတော့ ကျွန်တော်တို့ကလည်း သိပ်သည်းမခံချင်တာနဲ့ ပြဿနာက နောက်တက်လာနိုင်ပါတယ်။ ကျွန်တော်တို့ ရွာသားတွေကို ခြောက်သလိုလို လှန့်သလိုလို လုပ်နေပါတယ်။ ဒီနယ်က ရခိုင်တွေ အများကြီး နေရာ ဖြစ်ပါတယ်။ သွားလုပ်ရင် ကျွန်တော်တို့ကိုဘဲ မကောင်း ပြောကြလိမ့်မယ်။ ရန်စတာက အဲဒီမွတ်ဆလင် ဘင်္ဂလီတွေ ဖြစ်ကြပါတယ်” ဟု သူက ဆက်ပြောသည်။

စစ်တပ်က ရောက်ရှိလာသဖြင့် အခြေအနေမှာ ယခု အခါ တည်ငြိမ်နေသော်လည်း စစ်တပ် မရှိပါက ပြဿနာ ပေါ်ပေါက်နိုင်သည်ဟု အဆိုပါ ဒေသခံက ပြောသည်။

အဖြစ်အပျက်မှာ ယမန်နေ့ နေ့လည် ၃ နာရီခန့်တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း  ကျေးရွာသားက ပြောကြားသည်။

ယခုကဲ့သို့ ဖြစ်ပျက်ခဲ့ခြင်းမှာ မှန်ကန်ကြောင်း မြောက်ဦးမြို့ပေါ်မှ နိုင်ငံရေး သမားများကလည်း အတည်ပြု ပြောကြားသည်။

Most read this week