ရခိုင်အရေး အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ရန် မလိုဟု ဒေါက်တာ အေးမောင်ပြော

ရခိုင်အရေး အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ရန် မလိုဟု ဒေါက်တာ အေးမောင်ပြော
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းနှင့် ပတ််သက်ပြီး စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း မလို ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောသည်။

Dr-Aye-Mg

“ကုလသမဂ္ဂ ကိုယ်စားပြုတဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနားဟာ အခင်းဖြစ်ပွားတဲ့ နေ ရာတွေကို သွားကြည့်ပြီး လေ့လာခဲ့ပြီးပြီ။ ကိုယ်တိုင်လည်း ပြဿနာနဲ့ ထိတွေ့နေတဲ့ လူတွေကိုလည်း မေးပြီးပြီ၊ သွားပြီးပြီ၊ ဆက်ပြီးတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ မလိုတော့ဘူး” ဟု ဆိုုသည်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့သော လူမျိုးရေး ဆူပူမှုများ တည်ငြိမ်ရေးအတွက် လုံခြံုရေးတပ်ဖွဲ့များက  အဆမ တန် အင်အားသုံးခဲ့ခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရေး သူထောက်ခံမည်ဟု  မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက သူ့ရဲ့ ၆ ရက်ကြာ ခရီးစဉ် အဆုံးသတ်သည့်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်များကို ပြောဆိုခဲ့သည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို သီးခြား လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ အဖွဲ့ ဖွဲ့ပြီး အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ တခြား အဖွဲ့အစည်းတွေက တောင်းဆိုနေသလိုပဲ ကျနော်ကလည်း တောင်းဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော့်အနေနဲ့ အထောက်အကူ ပေးနိုင်ပါတယ်” ဟု ဆိုသည်။

၁၉၈၂ ခုနှစ်က ပြဌာန်းခဲ့သော ဥပဒေကို ပြန်လည်သုံးသပ်ရန် လိုအပ်သည့်အပြင် ရိုဟင်ဂျာများကို နိုင်ငံသား ဖြစ် ခွင့်ကနေ ကန့်သတ်ထားသည်ဟု မစ္စတာ ကင်တေးနားက ပြောဆိုမှုအပေါ် ဒေါက်တာ အေးမောင်က ယခု ကဲ့သို့ ပြောသည်။

“ သူ ကုလသမဂ္ဂကို တင်ခဲ့တဲ့ လူ့အခွင့်အရေး အစီအရင်ခံစာတွေကို သုံးသတ်ကြည့်လိုက်တဲ့အခါမှာ မြန်မာ နိုင်ငံ ပြင်ပက ပုဂ္ဂိုလ်တွေ ပြောတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အခုတိ သူမဖျက်ဘူး၊ အဲဒီ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ဖျက်ဖို့အတွက် ကျွန်တော်တို့ အဓိက တောင်းဆိုပါတယ်။ နိုင်ငံတခုရဲ့ ပြည်နယ်တခုကို သွားပြီး တော့ လုပ်ကြံဖန်တီးထားတဲ့ သမိုင်းကို အခြေအမြစ်ရှိရှိ ကမ္ဘာ့ အဖွဲ့ အစည်းတခုက လေ့လာဖို့လိုပါတယ်။ လူ့အ ခွင့်အရေးနှင့် ပတ်သက်တဲ့ အစီရင်ခံစာမှာ ဘက်လိုက်မှု တစုံတခု၊ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ နိုင်ငံသား ဆိုတဲ့ အခွင့်အရေးကို ရလိုမှု လွှမ်းမိုးလိုမှု၊ နိုင်ငံတနိုင်ငံ၏ ပြည်တွင်း အချုပ်အခြာ အာဏာကို ထိပါးလို့ ရှိရင် ကင်တေားမှာဘဲ တာဝန်ရှိမှာ  ဖြစ်ပါတယ်” ဟု ပြောသည်။

ဇူလိုင်လ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံကို ရောက်ရှိလာသည့် မစ္စတာ ကင်တေးနားသည် ဇွန်လ ၈ ရက်နေ့မှ စတင် ဖြစ်ပွားခဲ့သော ရခိုင်ဒေသ ဆူပူအကြမ်းဖက်မှုများတွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရှိသည်ဆိုသည့် စွပ်စွဲ ချက်များအပေါ် အဓိကထား လေ့လာခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ကင်တားနား၏ ယခု ၆ ရက်ကြာ ခရီးစဉ်အတွင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် အစိုးရဝန်ကြီးအဖွဲ့ တာဝန်ရှိသူများ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ ရေးပါတီ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များကိုလည်း တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေးနှုင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်ကို ဆွေးနွေးခဲ့သည်။

မစ္စတာ ကင်တားနားသည် ယခုခရီးစဉ်အတွင်း ရခိုင်ပြည်အတွင်း ဆူပူအကြမ်းဖက်မှုများနှင့် မြန်မာ့လူ့အခွင့်အ ရေး အခြေအနေ အရပ်ရပ်အပေါ် လေ့လာတွေ့ရှိချက်များနှင့်ပတ်သက်ပြီး ရှေ့နှစ်တွင်ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် တင်သွင်းဖို့ အစီအစဉ်ရှိသည်ဟု သိရှိရသည်။

Most read this week