တာကာသိန်း ၄၀ ဖိုး ယာဘားဆေးပြား ပန်းဝါမြို့ တွင် ဖမ်းဆီး

တာကာသိန်း ၄၀ ဖိုး ယာဘားဆေးပြား ပန်းဝါမြို့ တွင် ဖမ်းဆီး
by -
နိရဥ္စရာ

ဘင်္ဂဘားဒေ့ချ် နိုင်ငံ ရာမူးခေါ် ပန်းဝါမြို့တွင် တာကာ သိန်း၄၀ တန်ဖိုးရှိ ယာဘား ဆေးပြားများကို ဘင်္ဂလာရဲ အဖွဲ့က ဖမ်းဆီးလိုက်သည်။

Yaba-Tablets
ဇူလိုင်လ ၂၈ရက်နေ့ ညနေ ၁၀ နာရီခန့်တွင် ယာဘားဆေးပြား အရေအတွက် ၈၀၀၀ ကို နယ်စပ်မြို့ တက်ကနက်မှနေ ပန်းဝါမြို့သို့ ကားဖြင့် သယ်ဆောင် လာစဉ် ဘင်္ဂလာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးမိခဲ့သည်ဟု ယနေ့ထုတ် ကော့စ်ဘဇား သတင်းစာတွင် ဖေါ်ပြသည်။

ဆေးပြားများ သယ်ဆောင်လာသူမှာ အသက် ၂၄ နှစ်ရှိသေးသော  နူရ်အာလောင် ဖြစ်ပြီး သူ့ကို  တရားဥပဒေနှင့် အညီ အရေးယူ သွားမည်ဟု ဆိုသည်။

နုရ် အာလောင်သည် ယာဘား ဆေးပြားများကို ပလတ်စတစ် အထုပ် ၂၀ ဖြင့် သီးခြားစီ ထုပ်ပြီး ကားစက်ဘီး အကြား၌ လျို့ဝှက်ယူဆောင်လာစဉ် သတင်းအရ ရှာဖွေရာမှ ဖမ်းမိခြင်း ဖြစ်သည်။

အဆိုပါ ဆေးပြားများမှာ မြန်မာနိုင်ငံက တင်သွင်းလာသော ဆေးပြားများ ဖြစ်ဖွယ်ရှိသည်ဟု ရဲအဖွဲ့က ပြောသည်။

ယခု ယာဘား ဆေးပြားများ ဖမ်းဆီးမိရာ ရာမူးခေါ် ပန်းဝါ မြို့သည် ယခင်က ရခိုင်လူမျိုးများ အဓိက နေထိုင်ခဲ့သော မြို့ဖြစ်ပြီး စစ်သူကြီး မဟာဗန္ဓုလနှင့် အင်္ဂလိပ်တို့ ရင်ဆိုင် တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာ ဖြစ်သဖြင့် သမိုင်းတွင် ထင်ရှားသည်။

ပန်းဝါမြို့တွင် ယခုအခါ ရခိုင်အိမ်ခြေ ၃၀ ခန့်သာ ရှိပြီး အများစုမှာ မွတ်ဆလင်များ ဖြစ်ကြသည်။ ပန်းဝါတွင် ရှေးဟောင်း ဘုရား ကျောင်းကန်များ အများအပြားတည်ရှိပြီး ထိန်းသိမ်း စောင့်ရှောက် နိုင်ခြင်း မရှိ၍ တချို့ကျောင်းကန်များမှာ ပြိုပျက်နေကြောင်း သိရသည်။

Most read this week