ပေါက်တောမြို့နယ်တွင် အမျိုးသမီး တစ်ဦး မုဒိမ်းကျင့်ခံရ

ပေါက်တောမြို့နယ်တွင် အမျိုးသမီး တစ်ဦး မုဒိမ်းကျင့်ခံရ
by -
နိရဥ္စရာ

ပေါက်တောမြို့နယ် ကြံခင်း ကျေးရွာမှ အသက် ၃၂ နှစ်အရွယ် ရခိုုင် အမျိုးသမီး တစ်ဦး  စျေးဝယ်ပြီး အပြန် စစ်ကဲပြင် ( တောင်) ရွာအနီးတွင် မုဒိမ်းကျင့်ခံရကြောင်း ကျေးရွာသားများက သတင်းပေး ပို့သည်။

ရခိုင်ပြည်နယ်တွင် ခရီးသွားသူများသည် ယခုလို ခရီးသွားကြရသည်။ (ဓါတ်ပုံ- နိရဥ္စရာ)
မုဒိမ်းကျင့်ခံရသူ အမျိုးသမီးမှာ ကြံခင်းကျေးရွာမှ (အဘ) ဦးကျော်လှစိန်၊ အမိ ဒေါ်ယိုင်စိန်ဦးတို့ သမီး (မ——— ) ၃၂ ဖြစ်ကြောင်း သိရသည်။

မုဒိမ်းကျင့်သောသူများ အဖြစ် စွပ်စွဲခံရသူများမှာ  စစ်ကဲပြင် (တောင်) ရွာမှ ဟာလူဆော အဖနာမည်က ဂျီရာအာမာန် အပါအဝင် နောက်ထပ် (၂) ဦး ဖြစ်ကြောင်း ရွာသားများက ပြောသည်။

အဆိုပါ အမျိုးသမီးသည် ဇူလိူင်လ ၂၇ ရက်နေ့က အခြေအနေ အေးချမ်းပြီဟု ဆိုကာ စစ်တွေ မှ နေ စျေးဝယ်၍ ရွာကိုပြန်သောအခါ ကုတိုးလှေမှာ ချောင်းဝ ရွာဆိပ်တွင် ရပ်သဖြင့်  ထိုနေရာမှ အနီးအနားတွင် တည်ရှိသော  ရွာသို့  ခြေလျင် လျောက်ပြန်စဉ် စစ်ကဲပြင်ရွာမှ အဆိုပါ မွတ်ဆလင် (၃) ဦးက လမ်းမှ တားကာ ဓါးနန့်ထောက်ပြီး ခေါ်ယူသွားက မုဒိမ်းပြုကျင့်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ယနေ့ ညနေ (၆) နာရီက ပေါက်တောမြို့နယ် ရဲစခန်းသို့ ဆက် သွယ် မေးမြန်းရာ မုဒိမ်းမူ ဖြစ်ပွားကြောင်း  သတင်းအရ ရဲစခန်း တာဝန်ရှိသူများမှ အဆိုပါ ကျေးရွာ သို့ စက်လှေဖြင့် သွားရောက် စစ်ဆေးနေကြောင်း၊ တာဝန်ရှိသူများ  မရောက်သေးသဖြင့် အမူ ကိစ္စနှင့် ပတ်သက်ပြီး တိတိကျကျ မပြောနိုင်သေးကြောင်း တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြော သည်။

ယခုအခါ ကျူးလွန်သူထဲမှ တစ်ဦးကို ဖမ်းမိထားပြီး ယခုအခါ စစ်တွေသို့ ခေါ်ယူလာပြီ ဖြစ်ကြောင်း အမည် မဖေါ်လိုသူ စစ်တွေမှ ရဲတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Most read this week