ဇွန် ၁၁ ရက်မှ ယနေ့ထိ ပြန်ပို့ ခံရသူ မြန်မာနိုင်ငံသား ၁၂၀၀ သာရှိကြောင်း BGB တပ်ရင်းမှူး ပြောကြား

ဇွန် ၁၁ ရက်မှ ယနေ့ထိ ပြန်ပို့ ခံရသူ မြန်မာနိုင်ငံသား ၁၂၀၀ သာရှိကြောင်း BGB တပ်ရင်းမှူး ပြောကြား
by -
နိရဥ္စရာ

ရခိုင်တွင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မူ နောက်ပိုင်း ဘင်္ဂလာဒေချ့်သို့ ခိုလုံရန် ၀င်ရောက်လာသူ မြန်မာနိုင်ငံသား ၁၂၀၀ ခန့်ကို  လက်မခံဘဲ ပြန်လည် မောင်းထုတ်ခဲ့သည်ဟု အမှတ် ၄၂ BGB တပ်ရင်းမှူးက ပြောသည်။

BGB

အဆိုပါ ကိန်းဂဏန်းမှာ ရခိုင်တွင် ပေါ်ပေါက်ခဲ့သော လူမူရေး  မတည်ငြိမ် မူ ဖြစ်ပွားခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှ ဇူလိူင်လ ၂၆ ရက်နေ့ထိ  စုစုပေါင်း အရေအတွက် ဖြစ်ကြောင်း တက်ကနက်မြို့ အခြေစိုက် အမှတ် ၄၂ တပ်ရင်းမှူး ဗိုလ်မှူးချုပ် ဇာဟိတ် ဟာဆန်က သတင်းထောက်များသို့ ပြောသည်။

တက်ကနက် မြို့ကို ရခိုင်လို ကယုချောင်းမြို့ဟု ခေါ်ပြီး မောင်တောမြို့နှင့် မျက်နာချင်းဆိုင်တွင် တည်ရှိသည်။ အမှတ် ၄၂ BGB (Border Guard Bangladesh) တပ်ရင်းသည် မြန်မာနယ်စပ် နတ်မြစ် တလျှောက်ကို လုံခြံုရေး တာဝန်ယူထားသော တပ်ရင်း ဖြစ်သည်။

လွန်ခဲ့သော ဇူလိုင်လ ၂၆ ရက်နေ့ကလည်း တက်ကနက်မြို့နယ် နီလာမြို့အနီးမှ လှေဖြင့် နတ်မြစ် ကို ဖြတ်ကျော် ၀င်ရောက်လာသူ မြန်မာနိုင်ငံမှ မွတ်ဆလင် လူမျိုး ၁၁ ဦးထက် မနည်းကို ပြန်လည် ပို့ဆောင်ခဲ့သည်ဟု ဗိုလ်မှူးချုပ် ဇာဟိတ် ဟာဆန်က ပြောကြားသည်။

ဘင်္ဂလားဒေချ့်သို့ ခိုလုံရန် ၀င်ရောက်လာသူများမှာ မွတ်ဆလင်များ ဖြစ်ကြပြီး သူတို့အား အစားအသောက်၊ ဆေးဝါးနှင့် တခြားလိုအပ်ပစ္စည်းများအား ထောက်ပံ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု သူက ပြောသည်။

ရခိုင်တွင် အရေးအခင်း ဖြစ်ပေါ်ပြီးနောက် မွတ်ဆလင် ဒုက္ခသည် ထောင်ပေါင်းမြောက်များစွာ ထွက်ပြေးလာကြသည်ဟု သတင်းများတွင် ရေးသားဖေါ်ပြသော်လည်း အမှန်မှာ ၁၂၀၀ ခန့်သာ လှေများဖြင့် ၀င်ရောက်လာခဲ့ကြသည်ဟု သူက ဆိုသည်။

သို့သော်လည်း မြန်မာနှင့် ဘင်္ဂလာဒေချ့် နယ်စပ်မှာ ကုန်းနှင့် ရေပါ ဆက်စပ် တည်ရှိနေ သဖြင့် မြန် မာဘက်က  ၀င်ရောက်လာသူ အများအပြားကို ဘင်္ဂလာဒေချ့် နယ်ခြားစောင့်တပ်ဖွဲ့မှ  တားဆီးနိုင်ခြင်း မရှိခဲ့ကြောင်း ဒေသခံများ အပြောအရ သိရသည်။

Most read this week