စိုင်းနော်ခမ်း၏လက်ထောက်အားတရုတ်ထံလွှဲအပ်ရန် မြန်မာအစိုးရငြင်းဆန်

စိုင်းနော်ခမ်း၏လက်ထောက်အားတရုတ်ထံလွှဲအပ်ရန် မြန်မာအစိုးရငြင်းဆန်
by -
သျှမ်းသံတော်ဆင့်

ရွှေတြိဂံဒေသ မူးယစ်ရာဇာဟု နာမည်ကြီးသည့် စိုင်းနော်ခမ်း၏ ဒုတိယလက်ထောက် အား တရုတ်အစိုးရထံ လွှဲအပ်ရန် မြန်မာအစိုးရ ငြင်းဆန်လိုက်ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။

001-thai_see_die_body

ယမန်နှစ် အောက်တိုဘာ ၅ ရက်နေ့က မဲခေါင်မြစ်အတွင်း ပစ်သတ်ခံရသည့် တရုတ်အမျိုးသား ၁၃ ဦးအနက် မြစ်အတွင်းစီးလာသည့် အလောင်းအချို့ကို ထိုင်းလုံခြုံရေးအာဏာပိုင်များက ဆယ်ယူနေစဉ်

“တရုတ်အဆင့်မြင့်အရာရှိတဦးက စိုင်းအောင်မြတ် ကို တရုတ်အစိုးရထံလွှဲပေးဖို့ မြန်မာအာဏာပိုင်ဆီကိုလာ  ရောက်တောင်းခံတယ်။ မြန်မာအစိုးရက လက်မခံဘူး၊ အမှုစစ်ချင်ရင်တော့ သွားတွေ့ပြီးစစ်ဆေးမေးမြန်းနိုင် တယ်လို့ မြန်မာအစိုးရ တရုတ်ကိုပြောလိုက်တယ်လို့ကြားတယ်” - ဟု အဆိုပါနီးစပ်သည့် ပုဂ္ဂိုလ်က ပြောပါ သည်။

စိုင်းနော်ခမ်း၏ဒုတိယလက်ထောက် စိုင်းအောင်မြတ်အား မဲခေါင်မြစ်အတွင်း တရုတ်အမျိုးသား ၁၃ ဦး သေဆုံးမှုအတွက် စစ်ဆေးရန် ယနေ့ ရန်ကုန်မှတဆင့် သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်လာ သည်ဟု မိသားစုနှင့် နီးစပ်သူ တဦးကပြောပါ သည်။

“စိုင်းအောင်မြတ်ဟာ မြန်မာအစိုးရထံလက်နက်ချပြီးတဲ့သူဖြစ်တယ်။ မြန်မာနိုင်ငံသား လဲဖြစ်တယ်။ အဲဒါ ကြောင့်တရုတ်လက်ကိုလွဲမပေးနိုင်ဘူးတဲ့၊ အဲဒီအတွက်ကြောင့် စိုင်း အောင်မြတ်ကို အမှုကြားနာရင်အဲဒီ တရုတ်အရာရှိတွေကိုယ်တိုင် တက်ရောက်ကြား နာမယ်ထင်တယ်” - ဟု မြန်မာအာဏာပိုင်နှင့်နီးစပ် သည့် ကျိုင်းတုံရောက် တာချီလိတ် မြို့ခံတဦးကပြောပါသည်။

ဂျူလိုင် ၂၃ ရက်နေ့ထုတ် ထိုင်းနိုင်ငံ မတိချွန်း သတင်းစာ၌ ထိုင်းရဲချုပ် ဖြိုးဖန်း ဒါးမားဖုန်းထံ တရုတ် လုံခြုံရေး အရာရှိကြီးတဦး ဖြစ်သည့် လျိူယွဲ့ကျင်း ကအလည် အပတ် ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ တရုတ် အရာရှိသည် မြန်မာနိုင်ငံသို့မကြာမှီသွားရောက်မည် ဖြစ်ပြီး တရုတ် ၁၃ ဦးအား သတ်ဖြတ် ရာတွင် ပတ်သက် ခဲ့သည့် တရားခံ (စိုင်းအောင် မြတ် ဟု ယူဆရသူ) “ဘောမြ” အား မြန်မာအစိုးရထံမှ သွားရောက်လွှဲ ယူမည်ဟု ပြော ကြားကြောင်း - ရေးသားပါသည်။

ဆက်စပ်သတင်းကြည့်လိုက- http://www.burmese.panglong.org/news/92-2008-08-03-06-48-25/