ယူအန်နှင့် အိုင်အန်ဂျီအို ဆန့်ကျင် ပိုစတာများ ရဲက သိမ်းဆည်း

ယူအန်နှင့် အိုင်အန်ဂျီအို ဆန့်ကျင် ပိုစတာများ ရဲက သိမ်းဆည်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင်  ယူအန်နှင့် နိုင်ငံတကာ အန်ဂျီအိုများအား ဆန့်ကျင်သော ပိုစတာများအား နေရာ အနှံ့ကပ်ထားသည်ကို ရဲအဖွဲ့က လိုက်လံခွာယူပြီး သိမ်းဆည်း သွားကြောင်း သတင်း ရရှိသည်။

အဆိုပါ ပိုစတာ များအား ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ရဟန်းတော် တစ်ချို့နှင့် မြို့ပေါ်မှာ လူပုဂ္ဂ္ဂိုလ် တချို့မှ လူစည်ကားရာ နေရာများတွင် လိုက်ကပ်ထားခဲ့သည်။ ကပ်ထားပြီး  တစ်နာရီခန့် အကြာတွင် ရဲအဖွဲ့ဝင်များ ရောက်ရှိလာပြီး စာရွက်များကို လိုက်လံ ခွာယူကာ  သိမ်းဆည်း သွားခဲ့သည်ဟု ရတပ ပါတီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးသန်းလိူင်က ပြောသည်။

ပိုစတာများတွင် ယူအန််၊ အစိုးရမဟုတ်သော အဖွဲဲ့အစည်း (အိုင်အန်ဂျီအို) များ အလိုမရှိ၊ UN and INGOs – Get Out စသော စာများကို အနက်ရောင် စာလုံးကြီးများဖြင့် ရေးသားထားကြသည်ဟု ဆိုသည်။

မည်သည့်အတွက်ကြောင့် နိုင်ငံတကာ အန်ဂျီအိုများအား  ဆန့်ကျင်ရပါသလဲဟု မေးမြန်းရာ ဦးသန်းလိူင်က  ယခုလို ပြောသည်။

“ သူတို့က တရားမျှတမူ မရှိဘူး။ သူတို့က ဘင်္ဂလီတွေကိုဘဲ ထောက်ပံ့တယ်။ ကျွန်တော်တို့ ရခို်င်တွေကို ထောက်ပံ့တာ သိပ်မရှိခဲ့ဘူး။ ၁၀၀မှာ  တစ်ရာခိုင်နုန်းလောက်ဘဲ ရခိုင်တွေကို ထောက်ပံ့တယ်။ ဒါကြောင့် ယူအန်နဲ့ အိုင်အန်ဂျီအိုတွေကို အလိုမရှိတဲ့ ဆိုတဲ့ ပိုစတာတွေကို လူစည်ကားတဲ့ နေရာတွေမှာ ကပ်ကြပြီး ဆန့်ကျင်ကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယူအန်အပါအဝင် အိုင်အန်ဂျီအို အဖွဲ့အစည်းများ ဘူးသီးတောင်တွင် အခြေစိုက်ရန် ပြန်လည် ရောက်ရှိလာခြင်း မရှိသေးသဖြင့် သူတို့၏ တုန့်ပြန်မူကို မသိရှိရကြောင်း ဦးသန်းလိူင်က ပြောသည်။

ယခုကဲ့သို့ ပိုစတာများကို ကပ်ရခြင်းမှာ သူတို့ မရောက်လာမီ ကြိုတင်ပြီး လှုပ်ရှားထားခြင် ဖြစ်ကြောင်း သူက ဆက်ပြောကြားသည်။

ရခိုင်ပြည်နယ် အတွင်း ယူအန်နှင့် အိုင်အန်ဂျီအိုများ အပေါ် ဒေသခံ ရခိုင်အမျိုးသားများက ဆန့်ကျင်မူများ တိုးပွားလာနေသဖြင့် အဆိုပါ ပြဿနာကို ပြေလည်အောင် ထိန်းကျောင်းပေးရန် ယူအန် တာဝန်ရှိသူများက မြန်မာ အစိုးရကို မေတ္တာရပ်ခံထားသည်ဟုလည်း သတင်းများ ရရှိသည်။

Most read this week